Samsung ရဲ့ နောက်ဆုံးပေါ် Galaxy Note 8 စမတ်ဖုန်းအား စတင်မိတ်ဆက်

Samsung-Brand-Ambassadors.jpg

စမတ်ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Samsung ဟာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ နောက်ဆုံးပေါ် Note အမျိုးအစားဖြစ်တဲ့ Galaxy Note 8 ကို စတင်မိတ်ဆက်ခဲ့ပါတယ်။

Note Series တွေထဲမှာ ပါဝင်နေကြပုံစံအတိုင်း Galaxy Note 8 ဟာ ကြီးမားတဲ့ မျက်နှာပြင် ၊ S Pen ၊ Dual Camera နဲ့ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ Glaxy Note 8 ရဲ့ မျက်နှာပြင်ဟာ ၆.၃ လက်မရှိတဲ့အတွက် Phablet ပုံစံ စမတ်ဖုန်း သုံးစွဲလိုသူတွေအတွက် သင့်တော်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး Note 8 မှာပါဝင်တဲ့ S Pen ကို စာရေးရန်၊ ပုံဆွဲရန်အတွက် အသုံးပြုနိုင်မှာ ဖြစ်ပြီး Screen off memo မှတ်စုမှာ S Pen ကို အသုံးပြုပြီး စာမျက် ၁၀၀ ခန့်အထိ မှတ်စုတွေ ရေးနိုင်မှာ ဖြစ်ပါတယ်။

Note 8 မှာ 12 megapixels ရှိ အနောက်ကင်မရာ ၂ လုံးပါဝင်လာပြီး ရှေ့ကင်မရာကတော့ 8 MP ပါဝင်ထားပါတယ်။ Note 8 ကင်မရာမှာ ပါဝင်တဲ့ Optical Image Stabilization (OIS) လုပ်ဆောင်ချက်ကြောင့် ဓာတ်ပုံများကို လျှပ်တစ်ပြတ်အတွင်းမှာ ကြည်လင်ပြတ်သား အောင်ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ယခုထွက်ရှိတဲ့ Note 8 ဟာ ရေစိုခံနိုင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ပြီး S pen လည်း ရေစိုခံနိုင်တဲ့ IP68 လုပ်ဆောင်ချက်ပါဝင်ထားတာကြောင့် ဖုန်းမျက်နှာပြင်ရေစိုနေလည်း စာရေးနိုင်ဦးမှာ ဖြစ်ပါတယ်။ Note 8 မှာလည်း Wireless – charging စနစ်ပါဝင်လာပြီး လက်ဗွေရာစနစ်၊ iris scan စနစ် နဲ့ မျက်နှာအား မှတ်သားထားသည့်စနစ် ပါဝင်ထားပါတယ်။ Prosessor ကတော့ Octa Core 2.35 Ghz Quad၊ 1.9 Ghz Quad 10 nm Processor ထည့်သွင်းထားပြီး 256 Gbs အထိ Storage ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Note 8 ကို စက်တင်ဘာလ ၁၈ ရက်၊ ယနေ့မှ ၂၇ ရက်နေ့အထိ Pre-Order အနေနဲ့ ကြိုတင်မှာ ယူနိုင်မှာ ဖြစ်ပြီး အောက်တိုဘာလ ၆ ရက်နေ့မှာ စတင်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ကတော့ အနက်ရောင် (Midnight Black)၊ ရွှေရောင် (Maple Gold) နဲ့ မီးခိုးရောင် (Orchid Gray) ဆိုပြီး အရောင် ၃ မျိုးထွက်ရှိထားပြီး ဈေးနှုန်းကတော့ မြန်မာငွေ ၁၂ သိန်း ၇သောင်း ၅ ထောင် ကျသင့်မှာ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top