နည်းပညာပစ္စည်းတွေက ချစ်မှုရေးရာကိစ္စမှာ ပါဝင်ပတ်သက်မှုရှိနေလား

dating_01.jpg

နည်းပညာပစ္စည်းတွေက ချစ်မှုရေးရာကိစ္စ

ချစ်မှုရေးရာကိစ္စဆိုတာက ထင်သလောက် မလွယ်ကူပါဘူး။ ချိန်းတွေ့တဲ့ကိစ္စမျိုးမှာဆို အတော်လေး စိတ်ပင်ပန်းရတတ်ပါတယ်။ ကိုယ်နဲ့ ရင်းနှီးစလူတစ်ယောက်နဲ့အတူ အပြင်မှာ တွေ့လိုက်ရတဲ့အချိန်မှာ သူ့ဆီက ဒါမှမဟုတ် ကိုယ့်ဆီက ခွတီးခွကျ အပြုအမူ တချို့ကြောင့် စိတ်ကသိကအောက် ဖြစ်ရဖို့ အလားအလာကလည်း ရှိနိုင်ပါတယ်။ တစ်ဘက်လူက ကိုယ့်ကို စေ့စေ့စပ်စပ် အကဲခတ်နေခဲ့ရင် ပိုလို့တောင် နေရခက်စေပါတယ်။

နည်းပညာပစ္စည်းတွေက ချစ်မှုရေးရာကိစ္စမ

နည်းပညာပစ္စည်းတွေက ချစ်မှုရေးရာကိစ္စမ

နည်းပညာပစ္စည်းတွေက ချစ်မှုရေးရာကိစ္စမှာ ဘယ်လောက်ထိ ပါဝင်ပတ်သက်နေလဲဆိုတာသိရဖို့ အောင်သွယ် ဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Dating.com က အမျိုးသား၊ အမျိုးသမီး လူလွတ် (၅၀၀၀) ကျော်ကို မေးမြန်း စစ်တမ်းကောက်ယူမှု ပြုလုပ်ပြီး ရရှိခဲ့တဲ့ ရလဒ်တွေကို ထုတ်ပြန် ဖော်ပြပေးခဲ့ဖူးပါတယ်။ ဖြေဆိုသူတွေဆီက ပြန်ရလာတဲ့အဖြေတွေထဲမှာ အံ့အားသင့်စရာ အဖြေတချို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။

နည်းပညာပစ္စည်းတွေက ချစ်မှုရေးရာကိစ္စမ

နည်းပညာပစ္စည်းတွေက ချစ်မှုရေးရာကိစ္စမ

စစ်တမ်းရလဒ် အချက်အလက်တွေထဲကတစ်ခုမှာ iPhone ကိုင်သူတွေက Android ဖုန်းကိုင်သူတွေကို ပုံမှန်ထက် (၂၁) ဆလောက်ပိုပြီး အဆိုးမြင်တတ်တာတွေ့ရပြီး ချိန်းဆိုတွေ့ဆုံမှုကိုလည်း ဖျက်သိမ်းပစ်တတ်တာ တွေ့ခဲ့ရပါတယ်။ အလားတူ Android ဖုန်းကိုင်သူတွေဟာလည်း iPhone ကိုင်သူတွေအပေါ်  ပုံမှန်ထက် (၁၅) ဆလောက်ပိုပြီး အဆိုးမြင်မိတတ်ကြပါတယ်။ မတူကွဲပြားတဲ့ ဘဝရပ်တည်မှုတွေက တစ်ဦးကိုတစ်ဦး အကဲခတ်ရာမှာ အဆိုးမြင်စိတ် ဝင်လာစေတာလို့ လေ့လာသူတွေက ဆိုထားပါတယ်။
စစ်တမ်းကို ဖြေဆိုခဲ့သူ အားလုံးရဲ့  ၅၈% က ချိန်းတွေ့ပြီးစကားပြောနေချိန်မှာ ဖုန်းကိုစားပွဲပေါ်မှာ မှောက်ထားရတာမျိုး မလုပ်ချင်သူတွေဖြစ်ကြပြီး ၇၅% က ချိန်းတွေ့ချိန်မှာ အကြောင်းပြချက် တစ်ခုခုမပေးဘဲ ဖုန်းပြောတာမျိုးကို မကြိုက်သူတွေ ဖြစ်နေပါတယ်။ ၆၆% ကတော့ စကားပြောနေချိန်မှာ စာရိုက်၊ စာပို့တာတွေကို သဘောမကျဘူးလို့ ဖြေခဲ့ကြပါတယ်။

နည်းပညာပစ္စည်းတွေက ချစ်မှုရေးရာကိစ္စမ

နည်းပညာပစ္စည်းတွေက ချစ်မှုရေးရာကိစ္စမ

စစ်တမ်းဖြေဆိုခဲ့သူ အမျိုးသမီးအားလုံးရဲ့  ၉၂% ကတော့ သူတို့နဲ့ ချိန်းတွေ့တဲ့ ပါတနာဟာ မော်ဒယ်နိမ့်တဲ့ဖုန်း ကိုင်သူဖြစ်နေရင် စိတ်ပျက်မိသွားတတ်တယ်လို့ ဖြေခဲ့ကြပါတယ်။ စစ်တမ်းဖြေဆိုသူ အားလုံးထဲက ၁၄% ကပဲ ဖုန်းမှာ စာရိုက်တဲ့အသံ တတောက်တောက် ထွက်နေတာမျိုးကို အနှောင့်အယှက်ဖြစ်စရာလို့ ယူဆတာကိုလည်း တွေ့ရပါတယ်။
နောက်ထပ်ဖြေဆိုမှု ရလဒ်တစ်ခုကတော့ ပြုံးချင်စရာ ကောင်းချင်ကောင်းပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဖြေဆိုသူအားလုံးရဲ့ ၂၅% က စက်ရုပ်တစ်ရုပ်နဲ့ လိင်ဆက်ဆံဖို့ (ဖြစ်နိုင်မယ်ဆိုရင်) စိတ်ကူးမိကြကြောင်း ဖြေဆိုခဲ့ကြလို့ပါ။ ဒါပေမဲ့ ၅၀% သောဖြေဆိုသူတွေကတော့ ဒီကိစ္စဟာ သဘာဝကို လွန်ဆန်ပြီး ဖောက်လွဲဖောက်ပြန်လုပ်လိုတဲ့စိတ်ကူးလို့ မြင်ခဲ့ကြပါတယ်။ ဒါကြောင့် ကိုယ်က စက်ရုပ်နဲ့ ဇာတ်လမ်းရှုပ်မိခဲ့တယ်ဆိုရင် ကိုယ့်ပါတနာကို အရင်ဆုံး အသိပေးသင့်ပြီး အတွေ့အကြုံတွေကိုလည်း ပြန်မျှဝေပေးလိုက်ပါ လို့ Dating.com က စစ်တမ်းရလဒ် ထုတ်ပြန်ချက်ထဲမှာ အရွှန်းဖောက်ပြီး အကြံပြုထားခဲ့ပါတယ်။

Ref: Android Authority “Are Smartphones affecting your relationship?”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top