လူငယ်တွေအနေနဲ့ ငွေကိုမကြည့်ဘဲ အတွေ့အကြုံကိုကြည့်ပြီး အလုပ်လုပ်ပါ

w.jpg

ကျောင်းပြီးခါစ လူငယ်တွေကော၊ ကျောင်းတက်နေရင်း အလုပ်လုပ်နေတဲ့ လူငယ်တွေကော အလုပ်တစ်ခုကို လျောက်ပြီဆိုရင် ငွေကြေးပမာဏကိုခဏမေ့ထားပြီး အတွေ့အကြုံရနိုင်၊ မရနိုင်ကိုကြည့်ပြီးမှ အလုပ်လုပ်သင့်ပါတယ်။

အတွေ့အကြုံဟာ ရွှေထက် ပိုပြီးတန်ဖိုးရှိ
အတွေ့အကြုံဟာ တကယ်ကိုပဲ ရွှေထက်ပိုပြီးတန်ဖိုးရှိပါတယ်။ ရွှေဆိုတာ ရန်သူမျိုး ငါးပါးကြောင့် ပျက်စီးချင်ပျက်စီးနိုင်လိမ့်မယ်။ အတွေ့အကြုံကတော့ ဘာနဲ့ဖျက်ဖျက် မပျက်စီးပါဘူး။

အတွေ့အကြံရှိပြီဆိုရင် အားလုံးက မိမိကို အလိုရှိကြတယ်
ကလေးငယ်တစ်ယောက်ကို သံပုရာသီးကျွေးရင် ချဉ်မှန်းမသိတဲ့သူအနေဖြင့် စားလိမ့်မယ်။ တစ်ခါစားပြီးပြီဆိုရင် ချဉ်မှန်းသိတဲ့အတွေ့အကြုံကြောင့် နောက်တစ်ခါ မစားတော့ပါဘူး။ လူတိုင်း အတွေ့အကြုံဟာ အရမ်းအရေးကြီးပါတယ်။

အတွေ့အကြုံကြောင့် အလုပ်ဟာ ကိုယ့်နောက်လိုက်လာလိမ့်မယ်
မယုံမရှိပါနဲ့ တကယ်ပါ။ အလုပ်မလုပ်တတ်ခင်က အလုပ်တွေကို ရှာခဲ့ပေမယ့် အလုပ်တွေ ကျွမ်းကျင်ပြီး တစ်ဖက်ကမ်းခပ်တတ်မြောက်သွားပြီဆိုရင်တော့ အလုပ်တွေဟာ သင့်နောက်ကို လိုက်လာမှာပါ။ ဒါကြောင့် အလုပ်တွေလိုက်လာစေချင်ရင် www.linkedin.com ကိုသာ သုံးကြည့်လိုက်ပါ။

အတွေ့အကြုံကြောင့် ဘဝမြင့်တက်လာသလို အတွေ့အကြုံကြောင့်ပဲ ဘဝင်မြင့်ကြတယ်
အတွေ့အကြုံဘာမှမရှိခင်က အောက်ကျို့သင်ယူတတ်ပေမယ့် အတွေ့အကြုံများလို့ အရမ်းတတ်မြောက်သွားတဲ့အခါမှာတော့ ဘဝင်မြင့်ကြတယ်။ ဒါကြောင့် မိမိကိုယ့်ကိုယ် ဘဝင်မမြင့်အောင်ကြိုးစားပါ။

လူတိုင်း ငွေလိုအပ်တာကို မမေ့နဲ့
အတွေ့အကြံတော့ ရပါတယ်။ ငွေမရလို့ စားဝတ်နေရေးအဆင်မပြေမူတွေ ရှိမှာပါ။ ဒါဟာ အခိုက်အတန့်ပါ။ ရေရှည်အတွက်တော့ အတွေ့အကြုံရှိသူနဲ့ မရှိသူ ကွာသွားပါလိမ့်မယ်။ ငွေကိုအကြောင်းပြပြီး အတွေ့အကြုံတွေရနိုင်မယ့်အရာကို မစွန့်လွှတ်လိုက်ပါနဲ့။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top