အပတ်စဉ် ဗေဒင်ဟောစာတမ်းကဏ္ဍ (၂၂-၇-၂၀၁၈ မှ ၂၈-၇-၂၀၁၈ အထိ)

Bay-Din-4-Week.jpg

ရိုးရာလေးပရိသတ်တွေအတွက် ဆရာ ကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို တင်ဆက်ပေးလိုက်ပါတယ်။

၂၂-၇-၂၀၁၈ မှ ၂၈-၇-၂၀၁၈ ရက်နေ့အထိ ၇ ရက်စာ တွက်ချက် လမ်းညွှန်ပေးထားတာတွေကို ပုံတစ်ပုံ ချင်းစီမှာ ဖော်ပြပေးထားပါတယ်။


တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေ သားသမီးတို့ကတော့ စီးပွားရေး ပြန်ကောင်းနေတတ်ပါတယ်။ စပ်တူလုပ်ငန်း လုပ်ဆောင်သူတွေကတော့ အနည်းငယ် သတိထားရမယ်။ ကျန်းမာရေး အနေနဲ့ကတော့ ရင်ဘတ်ပိုင်းဆိုင်ရာ ရောဂါဖြစ်တတ်ပြီး၊ နှလုံးရောဂါ ရှိသူများ အထူးသတိထားရမယ့်အချိန် ဖြစ်တယ်။ အချစ်ရေးမှာတော့ ကြားလူတစ်ယောက်ကြောင့် ချစ်သူဆက်ဆံရေး အေးစက်သွားတတ်ပါတယ်။ အိမ်ထောင်ရှင်တွေအနေနဲ့လည်း ကြားလူတစ်ယောက် ဝင်နှောက်ယှက်တတ်ပါတယ်။ ပညာရေးကို လိုက်စားတဲ့သူတွေကတော့ သင်းတန်းသစ် တက်လိုက်ပါ၊ လုပ်ငန်း လက်တွေ့သင်တန်းဖြစ်ပါက ပိုကောင်းပါတယ်။ လူမူ့ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်ခြင်းဖြင့် နာမည်ရ လာပါလိမ့်မယ်။ အစိုးရဝန်ထမ်းများ ကံကောင်းနေပါလိမ့်မယ်။

အကျိုးပေးဂဏန်းမှာ – ၁၊ ၂၊ ၅။ ယတြာ – ဘုရားရွှေကပ်ရန် ငွေလှူပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာ သားသမီးတို့ကတော့ စီးပွားရေးအတွက် သောကများနေရတတ်ပါတယ်။ လုပ်တိုင်မဖြစ်ပါ။ စပ်တူလုပ်ငန်း လုပ်သူများကလည်း မိမိအပေါ် အပြစ်မြင်နေတတ်ပါတယ်။ ကျန်းမာရေးအနေနှင့်ကတော့ ဦးခေါင်း၊ မျက်လုံးနှင့်ဆိုင်သော ဝေဒနာသမားများ သတိထားရမည့်အချိန် ဖြစ်တယ်။ အချစ်ရေး ကံကောင်းနေပြီး ချစ်သူနှင့် ပျော်ရွှင်စွာ လက်တွဲရပါလိမ့်မယ်။ အိမ်ထောင်ရှင်များလည်း စိတ်ရှည် သိခံဖို့လိုပါတယ်။ ပညာရေးသမားများကတော့ ဒီလအတွင်း သင်တန်းသစ်တွေ တက်နေရပေမယ့် မရေမရာ ဖြစ်တတ်ပါတယ်။ အမွေကိစ္စ စကားပြောနေရတဲ့ သူတွေကတော့ အထူးသတိပြုရမှာဖြစ်ပြီး စကားမှားတတ်ပါတယ်။ လူမူ့ရေးလုပ်ငန်းများ လုပ်ဆောင်ပေးပါ။ ဝန်ထမ်းလုပ်သူများကတော့ မိမိလုပ်ငန်းနှင့်ဆိုင်တဲ့ ပစ္စည်းတွေ ပျောက်တတ်တဲ့အတွက် သတိထားပါ။

အကျိုးပေးဂဏန်း – ၂၊ ၀၊ ၅။ ယတြာ – ငှက်ကလေးများကို အစာကျွေးပြီး လိုရာဆုတောင်းပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါ သားသမီးတွေကတော့ စိတ်ချမ်းသာရမယ့် စီးပွားရေးလုပ်ငန်း ဖြစ်ပါတယ်။ များစွာမတိုး တက်ပေမယ့် ပုံမှန်လုပ်ငန်း လုပ်နေရခြင်းကလည်း ကောင်းပါတယ်။ အထိုင်ချ စီးပွားရေးသမားများ ကံကောင်းပြီး ခရီးနှင့်ဆိုင်သော စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲရှိပါလိမ့်မယ်။ ကျန်းမာရေးအနေနှင့်ကတော့ ခါးကိုက်၊ ခါးနာ၊ အစာအိမ်ရောဂါများ အထူးသတိထားသင့်ပါတယ်။ အချစ်ရေးကတော့ မိမိထက် အသက်ငယ်သော ချစ်သူကြောင့် စိတ်သောကများနေရတတ်ပြီး အခြားသူတစ်ဦး ဝင်လုတတ်ပါတယ်။ အိမ်ထောင်ရှင်များ လုပ်ငန်းကြောင့် ခွဲနေရတတ်ပါတယ်။ ပညာရေးအနေနဲ့ကတော့ မိမိတက်နေတဲ့ သင်တန်းမှာ အလွန်ကြိုးစားရပါလိမ့်မယ်။ ဝန်ထမ်းများ ကံကောင်းပါတယ်။
အကျိုးပေးဂဏန်း – ၃၊ ၅၊ ၆။
ယတြာ – တောင်းရမ်းသူများကို တတ်နိုင်သလောက် ပေးလှူပါ။

 

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူး သားသမီးတို့ကတော့ မိမိလုပ်ဆောင်တာဝန်ယူရသော လုပ်ငန်းမှာ ဦးဆောင်ရတတ်တယ်။ တာဝန်ကြီးပြီး သေချာစဉ်စား လုပ်ဆောင်ရမယ့် အခြေအနေဖြစ်တယ်။ ကူဖော်မရှိလို့ ပင်ပန်းမယ်၊ သို့သော်လည်း အောင်မြင်မှု့ကိုတော့ ခွဲယူရလိမ့်မယ်။ ကျန်းမာရေးအနေနဲ့ကတော့ ခါးနာတာဖြစ်တတ်ပါတယ်။ သွေးတိုး၊ ဆီးချိုသမားများ အစားသတိထားရမယ့် အချိန်ပါ။ အချစ်ရေးကတော့ အေးစက်သောအချစ်ဖြစ်ပြီး အချိန်မပေးနိုင်ဖြစ်တတ်ပါတယ်။ အိမ်ထောင်ရေးကလည်း အေးစက်နေတတ်ပါတယ်။ လူမှု့ရေးလုပ်ငန်းများတွင် အချိန်ကုန်နေ တတ်ပြီး မိမိလုပ်ငန်းများ ပျက်နေတတ်တယ်။ ပညာရေးသမားများ ဆရာသစ် ရှာမတွေ့ ဖြစ်တတ်တယ်။ ဝန်ထမ်းများ လုပ်ငန်းကို နှစ်ခါပြန်လုပ်ရတတ်ပြီး ပင်ပန်းနေလိမ့်မယ်။

အကျိုးပေးဂဏန်း – ၄၊ ၂၊ ၁။ ယတြာ – ဗုဒ္ဓဟူးနေ့တွင် ဆွမ်းလောင်းပါ။

 

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွင် ခိုင်မာသော စီးပွားရေး လုပ်ငန်းအတွက် အစပျိုးနိုင်ပါပြီ။ လုပ်ငန်းသစ် လုပ်ကိုင်မည့်သူများ စတင်နိုင်သော ကာလဖြစ်သည်။ ချေးငွေကိစ္စများ အဆင်ပြေလာမည်။ ကျန်းမာရေးအနေနှင့် ကျောက်ကပ်ရောဂါရှိသူများ ရောဂါပြန်ဖောက်တတ်လို့ သတိထားပါ။ ချစ်သူရည်းစားများ အလည်လွန်သဖြင့် မထင်မှတ်ဘဲ အိမ်ထောင်ကျတတ်သည်။ အိမ်ထောင်ရှင်များ တစ်ယောက်ကိုတစ်ယောက် အရွဲ့တိုက်သဖြင့် အိမ်ထောင်ရေး တင်းမာတတ်ပါတယ်။ ပညာရေးသမားများ လက်တွေ့နှင့်မဆိုင်သော သင်တန်း မှားတက်မိသောကြောင့် စိတ်သောကရောက်ရတတ်ပါသည်။ ဝန်ထမ်းများ ခရီးထွက်ရခြင်း၊ နယ်ပြောင်းရခြင်းများ ရှိပါသည်။

အကျိုးပေးဂဏန်း – ၅၊ ၃၊ ၂။ ယတြာ – ကြာသာပတေးနေ့တွင် လမ်းဘေးခွေးများကို ပေါင်မုန့်ကျွေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာ သားသမီးတို့သည် စီးပွားရေး မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာတတ်သည်။ ငွေကြေးလုပ်ငန်း၊ ယာဉ်၊ စက်၊ ကား စသည့်လုပ်ငန်းများ ကောင်းမွန်ပြီး တွင်းထွက်ပစ္စည်း လုပ်ငန်းများ၊ ကျောက်မျက် ရတနာလုပ်ငန်း လုပ်သူများ အနည်းငယ် ညံ့ပါသည်။ ချေးထားသောငွေများ ပြန်မရသဖြင့် စိတ်ပူရလိမ့်မည်။ ကျန်းမာရေးကတော့ ဒူးနာသောဝေဒနာရှင်များ အရေးကြီးပါသည်။ ထိမိ၊ ခိုက်မိတတ်သော အခြေအနေလည်း ရှိသည်။ အချစ်ရေးကတော့ ကောင်းနေပြီး လက်ထပ်ရက်ပင် ရွေးရတတ်သည်။ အိမ်ထောင်သည်များလည်း စိတ်ချမ်းသာရမည်။ ပညာရေးသမားများ ကြိုးစားရမည်။ အစိုးရဝန်ထမ်းများ အထက်လူကြီးကြောင့် စိတ်သောကရောက်ရတတ်သည်။

အကျိုးပေးဂဏန်း – ၆၊ ၄၊ ၁။ ယတြာ – သောကြာနေ့နံနက်တွင် ဆွမ်းလောင်းလှူပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် လုပ်ငန်းကို နှစ်ကြိမ် နှစ်ခါ ပြန်လုပ်ရတတ်သည်။ ငွေကြေးကိစ္စများ နှစ်ကြိမ်ဖြစ်တတ်သည်။ လွန်ခဲ့သော နှစ်များက လုပ်ခဲ့သော လုပ်ငန်းမျိုး ပြန်လုပ်ရတတ်သည်။ လုပ်ငန်းဟောင်းက ငွေပြန်ပေါ်မည်။ ကျန်းမာရေးအနေနှင့်က ယခင်က ဖြစ်ဖူးခဲသော ရောဂါများ ပြန်ဖြစ်တတ်သလို့ ယခင်က ထိခိုက်ဖူးသူများ အထူးသတိထားရမည်။ အချစ်ရေးတွင် ကံကောင်းပါသည်၊ ချစ်သူနှစ်ဦး မထားမိရန် သတိပြုပါ။ အိမ်ထောင်သည်များ ယခင်က ရည်းစားဟောင်းကြောင်း ပြသနာပွားတတ်သဖြင့် ဆင်ခြင်ပါ။ ပညာရေးသမားများ ဘွဲ့ထူး ဂုဏ်ထူးများဖြင့် အောင်မြင်ပါလိမ့်မယ်။ ကား၊ အိမ်ဝင်မည်၊ ကောင်းပါသည်။ ဝန်ထမ်းများ အလုပ်များပြီး အကျိုးနည်းသော နေရာသို့ ပြောင်းရတတ်သည်။

အကျိုးပေးဂဏန်း – ၇၊ ၄၊ ၅။ ယတြာ – စနေနေ့တွင် ရဟန်း (၇) ပါး ပြည့်အောင် လှူဒါန်းပါ။

ဆရာကင်္ကသူ (ရိုးရာလေး)

Doctoral Thesis Of Astro-Palmist.

Membership Of (H.A.P.R.I)

Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top