ကော်ဖီဆိုင်လေးမှာရခဲ့တဲ့အတွေးတစ်စ

20160607153126-coffee-cafe-breaks-food-eating-espresso-restaurant-relaxation.jpg

သာယာတဲ့ညနေခင်းလေးတစ်ခုမှာ မြေးအဘိုးနှစ်ယောက်ဟာ စကားလက်ဆုံကျရင်း မြေးဖြစ်သူကို လိမ္မာရေးခြားရှိအောင်ဆုံးမလို့နေပါတယ်။

အဘိုးဖြစ်တဲ့သူက “အဘိုး အမေရိကန်ကိုသွားလည်ခဲ့တုန်းက အဖြစ်ပျက်လေးတစ်ခု ငါ့မြေးကိုပြောပြမယ်။ အဲဒီချိန်တုန်းက အဘိုးအသက်က (၂၅) လောက်ပဲရှိအုံးမယ်။ မြို့ထဲကိုလည်ပတ်ရင်း ဗိုက်ဆာတာနဲ့ လူရှင်းမယ်ထင်တဲ့ ကော်ဖီဆိုင်လေးတစ်ခုကို ဝင်သွားခဲ့တယ်။ ဆိုင်ထဲရောက်တဲ့အခါ ရှုခင်းကောင်းမယ့် ဆိုင်ထောင့်တစ်နေရာကစားပွဲအလွတ်ပေါ်မှာ သွားထိုင်ခဲ့တယ်။ စားပွဲပေါ်မှာတင်ထားတဲ့ မီနူးတွေကိုကြည့်ပြီး မှာဖို့အတွက် (၅) မိနစ်လောက် စောင့်နေခဲ့ပေမဲ့လည်း ဝန်ထမ်းတစ်ဦးတစ်ယောက်မှ မရောက်လာခဲ့ဘူး။ အဘိုးလည်း ဘာလုပ်ရမလဲ အံ့သြနေတုန်း မျက်နှာချင်းဆိုင်စားပွဲမှာထိုင်နေတဲ့အမျိုးသမီးတစ်ဦးက အဘိုးကို ခုလိုလှမ်းပြောတယ်။ ” ဟဲလို မိတ်ဆွေ ထိုင်ခုံမှာထိုင်စောင့်နေလို့ကတော့ ဒီနေ့ဖို့ ရှင်စားချင်တာစားရဖို့မမြင်ဘူး။ ကောင်တာကိုသွားလိုက်။ အဲဒီမှာ ကိုယ်စားချင်တာကိုမှာယူပြီး ကျသင့်ငွေကိုရှင်း။ ပြီးရင် ကိုယ်မှာထားတဲ့အစားအစာတွေကို ကိုယ်တိုင်သယ်ပြီးစားရမှာ”

ကိုယ်စားသောက်ချင်တဲ့အစားအစာတွေကို ကိုယ်တိုင်ယူ ကိုယ်တိုင်ရှင်းရသလိုမျိုး ကိုယ်သွားချင်တဲ့ပန်းတိုင်ကိုရောက်နိင်ဖို့ လိုချင်တဲ့အောင်မြင်မှုကို ရရှိနိင်ဖို့ ကိုယ်ကိုယ်တိုင်ကြိုးစားဖို့လိုအပ်ပါတယ်

“အဲဒီမှာအဘိုးစဉ်းစားမိတာက ဘဝဆိုတာ တစ်ခါတလေ ကိုယ်တိုင်ယူစနစ်ကျင့်သုံးတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်လိုပဲ။ ကိုယ်စားသောက်ချင်တဲ့ အစားအစာတွေကို ကိုယ်တိုင်ယူ ကိုယ်တိုင်ရှင်းရသလိုမျိုး ကိုယ်သွားချင်တဲ့ပန်းတိုင်ကိုရောက်နိင်ဖို့ လိုချင်တဲ့အောင်မြင်မှုကို ရရှိနိင်ဖို့ ကိုယ်ကိုယ်တိုင်ကြိုးစားဖို့လိုအပ်ပါတယ်။ အောင်မြင်မှုကိုတော့ရချင်တယ် ဇွဲ၊ လုံလ၊ ဝီရိယမရှိဘူး ကြိုးစားအားထုတ်မှုလည်းမရှိဘူးဆိုရင်တော့ အလိုရှိတဲ့ပန်းတိုင်ကိုရောက်နိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင်ကိုယ်အောင်မြင်ဖို့အတွက် အခြားသူတစ်ယောက်ရဲ့ အကူအညီတစ်စုံတစ်ရာကို စောင့်နေမယ်ဆိုရင်လည်း အချိန်တွေအများကြီး ကုန်သွားျွှိုင်ပါတယ်။ ဒါကြောင့် ကိုယ်လိုချင်တာရှိရင် ကိုယ်ကိုယ်တိုင်ကြိုးစားခြင်းက လိုချင်တဲ့အရာကို အချိန်မကုန်ဘဲရနိုင်တယ် ငါ့မြေး” လို့ ဆုံးမပြောဆိုလိုက်ပါတယ်။

Ref: “Life Is Like A Cafeteria”
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top