(၇) ရက်သား/သမီးများအတွက် တစ်ပါတ်အတွင်း ကံကြမ္မာ ( 8-5-2022 မှ 14-5-2022 ရက်နေ့အထိ )

Bay-Din-08052022.jpg

တနင်္ဂနွေ

တနင်္ဂနွေသားသမီးများအနေနှင့် ဒီတစ်ပါတ်အတွင်း ကံကောင်းခြင်းများနှင့် ကံမကောင်းခြင်းတို့ တစ်ပိုင်းစီဖြစ်ပေါ်နေမည့်အချိန်ဖြစ်သည်။ ယခုကာလတွင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူတို့အနေဖြင့် အလုပ်များခြင်း၊နှစ်ခါပြန်လုပ်ဆောင်ရခြင်း၊ အထက်အောက် မချိတ်ဆက်မိခြင်းများဖြစ်နေလိမ့်မယ်၊ သို့သော်လည်း ငွေတော့ဝင်နေမည်။ အထည်အလိပ်၊ဆောက်လုပ်ရေးနှင့် လျှပ်စစ်ပစ္စည်း၊ငွေကြေးလုပ်ငန်း လုပ်ကိုင်သူတို့ အဆင်ပြေမည်။ ရေလုပ်ငန်း၊ လောင်စာဆီနှင့် ကောက်ပဲသီးနှံလုပ်ကိုင်သူတို့ အနည်းငယ်ညံ့သည့်ကာလဖြစ်မည်။ ကျန်းမာရေးအနေနှင့် အရေးပြားပွန်းပဲဒဏ်ရာတစ်ခုရတတ်ပြီး အမျိုးသမီးများ အစာအိမ်ရောဂါတစ်ခု ဖြစ်နေတတ်သည်။ ဆေးရုံတွင် ကုသနေရသူများအနေဖြင့် သမားကောင်းတွေ့ပြီး သက်သာမည်။ အချစ်ရေးအနေနှင့် ဒီတစ်ပါတ်အတွင်း ချစ်ရေးဆိုပါက အောင်မြင်နိုင်သည့်ကာလဖြစ်သည်။ အိမ်ထောင်သည်များ အနေအေးနေမည်၊ အိမ်တွင်းရေးပြသနာတစ်ခုကို အကြောင်းပြုပြီး စိတ်ညစ်နေရမည်။ ဝန်ထမ်းများအနေဖြင့် အလုပ်များပြီး စိတ်ညစ်ရမည့်ကာလဖြစ်တယ်။

ယတြာ။ ။ကောင်းကျိုးချမ်းသာများရရှိစေရန်အတွက် အုန်းသီး (၆) စိတ်ကို သကြားဖြူးပြီး အိမ်ဘုရားတွင် သောကြာနေ့ နံနက်တွင် လှူပေးပါ။

တနင်္လာ

တနင်္လာသားသမီးများအနေဖြင့် ယခုတစ်ပါတ်အတွင်း စိတ်ချမ်းသာရမည်။ ရပ်ဝေးမှာ အကူအညီများလည်းရရှိမည်။ ရပ်ဝေးနေ ညီအကိုမောင်နှမထံမှ သတင်းကောင်းကြားရမည်၊ ပြည်ပသို့ ခရီးထွက်ရန်ဆောင်ရွက်နေသူများ အဆင်ပြေမည်။ တစ်ခုသတိထားရန်မှာ ယာဉ်နှင့်ပါတ်သက်သော အရောင်းအဝယ်ပြုနေသူများနှင့် စက်ပစ္စည်းနှင့်ဆိုင်သော လုပ်ငန်းလုပ်ကိုင်နေသူတို့ လုပ်ငန်းတွင် ပြဿနာအနည်းငယ်တတ်နိုင်သည်။ အိမ်ခြံမြေသမားများ ငွေကြေးအပေးအယူကိစ္စသတိပြုပါ။ ကျန်းမာရေးအနေနှင့် ရေနှင့်ပါတ်သက်သော ရောဂါတစ်ခုခုခံစားနေရပါက သတိထားပါ၊ ဆေးရုံဆေးခန်းပြရနိုင်သည်။ မတော်တဆထိခိုက်မိတတ်သော်လည်း စိတ်ပူရန်မရှိပါ။ အချစ်ရေးတွင် ကံခေနေတတ်သည့်အချိန်ဖြစ်သောကြောင့် ချစ်ရေးဆိုခြင်းကို ခဏဆိုင်းငံထားပါ။ အိမ်ထောင်ရေးတွင် ပြသနာအသေးစားကို ပုံကြီးချဲ့နေခြင်းမျိုး မပြုလုပ်သင့်သော အချိန်ဖြစ်သည်။ဝန်ထမ်းများ ငွေဝင်မည်၊စိတ်အနည်းငယ်တော့ ညစ်ရမည်၊ အလုပ်တွင် အပြိုင်အဆိုင်အနည်းငယ်ရှိသည်။

ယတြာ။ ။ကံကော်ပန်း(၁၅) ညွှန့်ကို အိမ်ဘုရားတွင် တနင်္လာနေ့တွင် ဝေနေအောင်လှူပြီး ဆုတောင်းပါ။

အင်္ဂါ

အင်္ဂါသားသမီးများအနေဖြင့် ယခုတစ်ပါတ်အတွင်း စိတ်ချမ်းသာရမည်။ လုပ်ဖော်ကိုင်ဘက်များ၊ လူဟောင်းများ၏ အကူအညီများရရှိမည်။ ပြည်ပသို့ ခရီးထွက်ရန်ဆောင်ရွက်နေသူများ အခက်အခဲတစ်ခု အထူးသဖြင့် စာရွက်စာတမ်းကိစ္စတစ်ခုကြောင့် အဆင်မပြေဖြစ်နေမည်။ ဆောက်လုပ်ရေး၊ ဆေးပစ္စည်း၊ ကျောက်မျက်ရတနာနှင့် ပါတ်သက်သော အရောင်းအဝယ်ပြုနေသူများနှင့် ပြဿနာအနည်းငယ်တတ်နိုင်သည်။ ရေလုပ်ငန်း၊ ဘာသာရေးပစ္စည်း ရောင်းချသူများ၊ စာပေနှင့် အနုပညာသမားများ ကံကောင်းမည်။ ကျန်းမာရေးအနေနှင့် နှလုံးရောဂါရှိသူများနှင့် ဆေးရုံတက်ရောက်နေရသူများ သတိထားရမည်။အရိုးနှင့်ဆိုင်သော ရောဂါတစ်ခုလည်းဖြစ်တတ်ပါတယ်။ အချစ်ရေးတွင် ချစ်သူ၏ သဝန်တိုခြင်းကြောင့် စိတ်သောကရောက်ရမည့်အချိန်ဖြစ်သလို မိမိကလည်း သဝန်တိုအောင် လုပ်ဆောင်နေမိတတ်ချိန်ဖြစ်သည်။ဝန်ထမ်းများ အလုပ်တွဲလုပ်ရသောသူနှင့် အဆင်မပြေဖြစ်နေမည်။

ယတြာ။ ။ဇီးယို (၃) ထုတ်ကို စုံတွဲ (၃) တွဲအား ဝေပေးပါ။

ဗုဒ္ဓဟူး

ဗုဒ္ဓဟူးနှင့် ရာဟု သားသမီးတို့အနေဖြင့် ယခုရက်ပိုင်းသည် အလုပ်အလွန်များပြီး စိတ်သောကကြီးကြီးရောက်တတ်သော ကာလတစ်ခုဖြစ်နေတတ်သည်။ စီးပွားရေးလုပ်ငန်းတွင် အထူးသဖြင့် စပ်တူလုပ်ငန်းလုပ်ကိုင်နေသူတို့ စိတ်သဘောထားမညီညွတ်ဘဲ ညှိနှိုင်းဆောင်ရွက်လို့ မရဖြစ်နေမည်။ ရရန်ရှိများ မရဘဲ ပေးရန်ရှိများက တောင်းနေသဖြင့် စိတ်ညစ်ရမည်။ စကားဖြင့် လုပ်ကိုင်ရသောသူများ၊ နည်းပညာနှင့်ဆိုင်သော လုပ်ငန်းလုပ်ကိုင်သူများ အနည်းငယ်ညံ့ပြီး ကျောက်မျက်ရတနာရောင်းဝယ်သူနှင့် ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူတို့ ကံကောင်းပါမည်။ ကျန်းမာရေးအနေနှင့် အဆုတ်နှင့်ဆိုင်သောရောဂါတစ်ခု ခံစားရတတ်သည်၊ မတော်တဆထိခိုက်မိတတ်သည်။ အချစ်ရေးအနေနှင့် အချစ်တုနှင့် ရင်ဆိုင်တွေ့ရတတ်ပြီး စိတ်ညစ်စရာများ ဖြစ်ပေါ်မည်။အိမ်ထောင်ဘက်များ ယာယီခွဲနေရတတ်သည် ၊ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့တတ်သည်။ ဝန်ထမ်းများ ကံကောင်းနေပါသည်၊ ရာထူးအတွက် လျှေက်ထားပါက သင်တန်းတက်ရလိမ့်မည်။

ယတြာ။ ။ သစ်သီး (၉) မျိုးဘုရားလှူပြီး လိုရာဆုတောင်းပါ။

ကြာသာပတေး

ကြာသာပတေးသားသမီးတို့ ယခုတစ်ပါတ်အတွက်ကတော့ ကံအလွန်ကောင်းသော အချိန်ကလလို့ပြောရမယ့်ကာလပါဘဲ၊ ဒီကာလမှာ စီးပွားရေးလုပ်ငန်းတွေအဆင်မပြေဖြစ်ခဲ့တာတွေ ပြန်ပြီးအဆင်ပြေမယ်။ ချေးငွေကိစ္စတွေ၊ ပေးရန်ရှိ ရရန်ရှိကိစ္စတွေဟာ အဆင်ပြေသွားမယ်။ ဒီကလမှာ စာချုပ်အသစ်ချုပ်ဆိုတာမျိုး၊ အလုပ်သစ်စတာမျိုးတွေအလွန်ကောင်းတဲ့ကာလတစ်ခုပါဘဲ။ အိမ်ဆောက်မယ်ဆိုရင်လည်း ကောင်းတဲ့ကာလဖြစ်တယ်။ စီးပွာရေးလုပ်ငန်းမှာ စားသောက်ဆိုင်၊ ဟိုတယ်လုပ်ငန်းတွေ အကျိုးဖြစ်မယ့်ကာလဖြစ်တယ်။ကျန်းမာရေးကတော့ သမားတော်ကောင်းနဲ့တွေ့မယ်၊ နာတာရှည်ဖြစ်နေတဲ့သူတွေလည်း ပြန်ကောင်းအောင်ကုသပေးနိုင်သူနဲ့ တွေ့မယ့်ကာလဖြစ်တယ်။ အချစ်ရေးအနေနဲ့တော့ သတိထားရမယ်၊ ရည်းစားနှစ်ယောက်ကြားဗျာများနေရတတ်လို့ပါ။ အိမ်ထောင်ရေးကောင်းပါတယ်၊ မိဘအိမ်မှာနေတဲ့ အိမ်ထောင်အတွက်တော့ အနည်းငယ် ပြဿနာရှိမယ့်ကာလပါ။ နိုင်ငံခြားခရီးက ညံ့နေပါသေးတယ်။ ဝန်ထမ်းများ ဝင်ငွေတိုး စိတ်ချမ်းသာရပါလိမ့်မယ်။

ယတြာ။ ။သီလရှင်ဆရာလေးများကို ရေဗူးနှင့် ငွေ ငါးရာလှူပါ။

သေကြာ

သောကြာနေသားသမီးတို့အနေနှင့် ယခုတစ်ပါတ်အတွက် စိတ်လေနေတ်သည်။ စီးပွားရေးတွင် မတင်မကျကိစ္စရပ်များနေမည်၊ ဟိုဟာမပြီး ဒီဟာမပြီး တိုးလိုတန်းလန်းတွေများနေမည်။ ဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချရမည့်အချိန်ဖြစ်သည်။ ငွေကြေးကိစ္စအတွက် အာမခံခြင်း၊တာဝန်ခံခြင်းလုပ်မိပါကပြဿနာတက်နိုင်သည်။ စျေးရောင်းခြင်း၊ ပရိဘောဂလုပ်ငန်း၊ သစ်လုပ်ငန်းတို့ အကျိုးပေးသည်။ အနုပညာနှင့်ဆိုင်သောလုပ်ငန်း၊ ပန်းတိမ်လုပ်ငန်းတို့ အေးနေမည်။ ကျန်းမာရေးအနေနှင့် အမျိုးသားများ ခြေထောက်တွင် ထိခိုက်ဒဏ်ရာရတတ်ပြီး အမျိုးသမီးများ သားအိမ်နှင့်ဆိုင်သော ရောဂါတစ်ခု ရတတ်သည်။ ကိုယ်ဝန်ဆောင်များ ကိုယ်ဝန်ဆိပ်တက်တတ်သဖြင့် သတိထားပါ။ အချစ်ရေးတွင် မတင်မကျအချစ်နှင့် ရင်ဆိုင်နေရပြီး မရေမရာဖြစ်နေမည်။ အိမ်ထောင်ရှင်များ အဆင်ပြေပါသည်။ ဝန်ထမ်းများ လုပ်ငန်းတွင် ပစ္စည်းပျောက်ခြင်း၊ စာရင်းမှားခြင်းရှိတတ်သည်။

ယတြာ ။ ။ သောကြာနေ့တွင် ငှက်(၆)ကောင်လွတ်ပြီး လိုရာဆုတောင်းပါ။

စနေ

စနေသားသမီးတို့အနေဖြင့် ယခုတစ်ပါတ်တွင် လူမှု့ရေးကိစ္စများ၊ ပရဟိတကိစ္စရပ်များဖြင့် အလုပ်များနေတတ်သည်။ စီးပွားရေးတွင် လုပ်ငန်းချိန်းဆိုထားခြင်းများ အလွဲလွဲဖြစ်နေတတ်သည်။ အထူးသတိပြုရန်မှာ ယခုတစ်ပါတ်အတွင်း ရန်ပေါ်နေသောကြောင့် လုပ်ငန်းတွင် ရန်ပေါ်နေတတ်သည်။ မိတ်ဆွေ၊ရှယ်ယာရှင်များနလည်း ရန်ပေါ်နေတတ်သဖြင့် ဂရုစိုက်ပါ။ အထူးသဖြင့် စားသောက်ဆိုင်၊စားသောကုန်လုပ်ငန်းများ ထုတ်လုပ်သည့်စက်ရုံများတွင် ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရတတ်သည်။ ရွှေလုပ်ငန်း၊ ရတနာလုပ်ငန်း၊ သတ္တုတူးဖော်ခြင်းလုပ်ငန်းနှင့် လောင်းကစားဆန်သည့်လုပ်ငန်းတို့တွင် အကျိုးပေးကောင်းချိန်ဖြစ်သည်။ ဆောက်လုပ်ရေးနှင့် ယာဉ်ကားလုပ်ငန်းတွင် အညံ့ဖြစ်သည်။ ကျန်းမာရေးအနေနှင့် ခြေထောက်တွင် ထိခိုက်မိတတ်သည်၊ သတိပြုရမည် အကယ်၍ထိခိုက်မိပါက လရှည် ကုသရမည့်အခြေအနေဖြစ်သည်။ အချစ်ရေးတွင် ဒေါသပါသဖြင့် ချစ်ရသူနှင့် ဝေကွာရခြင်း၊ပြတ်စဲရခြင်းရှိမည်။ အိမ်ထောင်ရေးတွင် အိမ်ထောင်ဘက် ကျန်းမာရေးအလွန်ညံ့သွားတတ်သည်၊ သတိပြုပါ။ ဝန်ထမ်းများ လုပ်ငန်းတွင် အထက်အရာရှိနှင့် အညင်းအခုံဖြစ်ရတတ်ပြီး အလုပ်နေရာထိခိုက်တတ်သဖြင့် ဒေါသကို ထိန်းပါ။

ယတြာ။ ။ စနေနံဂြိုဟ်ပြေနံပြေဘုရားတွင် ထီးအနီ (၇) လက်လှူပါ။ အညံ့များပျောက်စေရန် ဆုတောင်းပါ။

Team ( ရိုးရာလေး )

ဆရာကင်္ကသူ (Ph- 09-2550 68533 )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top