ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားဧည့်သည် လာတာနည်းတဲ့အတွက် မြက်တွေပဲပြန်စားနေရတဲ့ ဂျပန်နာရာပန်းခြံက သမင်တွေ

yyl-002-5.jpg

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့် သေဆုံးသူဦးရေနဲ့ ကူးစက်ခံရသူဦးရေတွေ မြင့်တတ်လျက်ရှိတဲ့အပြင် နိုင်ငံတော်တော်များများမှာ အလည်အပတ်လာရောက်တဲ့ ခရီးသွားဧည့်သည်အရေအတွက်ကိုလည်း ထိုးကျသွားစေတယ်လို့ ဆိုရမှာပါပဲ။ အထူးသဖြင့် အာရှနိုင်ငံတွေမှာပါ။

ကျိုတိုမြို့အပါအဝင် ဂျပန်နိုင်ငံက ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့နေရာတွေဟာ ခရီးသွားဧည့်သည်တွေ အလာနည်းသွားခဲ့ပါတယ်။ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့နေရာတစ်ဝိုက်က ဧည့်လမ်းညွှန်နဲ့ ဈေးဆိုင်ပိုင်ရှင်တွေလည်း ခရီးသွားဧည့်သည်တွေ ရုတ်တရက်ပျောက်ကွယ်သွားတာကို တွေ့ရှိခဲ့ရပါတယ်။

ဖေဖော်ဝါရီ (၉) ရက်နေ့က Weibo အကောင့်အသုံးပြုသူတစ်ဦးက ဂျပန်တီဗီအစ်ီအစဉ်တစ်ခုက ပုံတစ်ပုံကို မျှဝေခဲ့ပါတယ်။ အဲဒီပုံက ခရီးသွားဧည့်သည်အရေအတွက် ကျဆင်းမှုဟာ နာရာပန်းခြံက သမင်တွေကို မြက်တွေပြန်စားဖို့အတွက် ဘယ်လိုတွန်းအားဖြစ်စေတယ်ဆိုတဲ့အကြောင်းကို ပြောပြနေတာဖြစ်ပါတယ်။ ” နာရာက သမင်တွေဟာ ခရီးသွားဧည့်သည်အရေအတွက် နည်းပါးသွားတာကြောင့် မြက်တွေစားနေရတယ်လို့ မနေ့က သတင်းပရိုဂရမ်တစ်ခုကပြောတယ်။ မြက်စားတာလား။ သူတို့တွေက နဂိုကတည်းက မြက်စားတာမဟုတ်ဘူးလား” ဆိုပြီးရေးသားထားပါတယ်။

နာရာပန်းခြံက သမင်တွေကြောင့် ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတဲ့နေရာအဖြစ် နာမည်ကြီးပါတယ်။ ခရီးသွားဧည့်သည်တွေက သမင်တွေကို အစာကျွေးဖို့အတွက် ဈေးဆိုင်တွေကနေ “Shika Senbei” လို့ခေါ်တဲ့ ဆန်ဘီစကွတ်ပွကြွပ်တွေကို ဝယ်ယူကြပါတယ်။ ဒါကြောင့် ခရီးသွားဧည့်သည်တွေလာရင် သမင်တွေက မြက်တွေမစားဘဲ ဆန်ဘီစကွတ်ပွကြွပ်ကို စားကြရပါတယ်။ တွစ်တာအကောင့်ပိုင်ရှင်တစ်ဦးကလည်း ခရီးသွားဧည့်သည်တွေကို စောင့်ဆိုင်းရင်း ဆန်ဘီစကွတ်ပွကြွပ်ရောင်းတဲ့ဆိုင်နားတစ်ဝိုက်မှာ ဝိုင်းနေတဲ့ သမင်အုပ်လိုက်ကြီးရဲ့ပုံကို မျှဝေပေးခဲ့ပါတယ်။

ဒီအကြောင်းက weibo အကောင့်မှာ ပျံ့နှံ့သွားခဲ့ပြီး “နာရာသမင်တွေက အရမ်းဗိုက်ဆာတဲ့အတွက် မြက်တွေကို စားနေရတယ်” ဆိုတဲ့ hashtag လည်း trend ဖြစ်လို့နေပါတယ်။ တချို့အသုံးပြုသူတွေက ဒီဘီစကွတ်တွေက အပြည့်အဝအစားအစာမဖြစ်နိုင်ပါဘူး။ သွားရည်စာက သမင်တွေကို ကောင်းကောင်းမကြီးထွားစေဘူး” လို့လည်း ပြောပါတယ်။ “လူတိုင်း အိမ်မှာနေရင်း ကိုယ်အလေးချိန်တတ်နေတဲ့အချိန်မှာ သမင်တွေက diet လုပ်နေကြတယ်” လို့လည်း နောက်ထပ်အသုံးပြုသူတစ်ဦးက စနောက်ရေးသားထားပါတယ်။ နောက်ထပ်အသုံးပြုသူတစ်ဦးကလည်း “ကျွန်တော်ဆို ခေါက်ဆွဲနဲ့ ဆန်ပြုတ်ကို နေ့တိုင်းစားရတယ်။ စားဖို့ ဟင်းသီးဟင်းရွက်တောင်မရှိဘူး” လို့ ဆိုပါတယ်။

Ref: Deer in Nara park eating grass again because there are no tourists to feed them crackers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top