ပန်ဒါမျက်ကွင်းလေးတွေကို အမြန်ဆုံး ဖယ်ရှားကြမယ်

kiwi-eyes-WH9QJDF.jpg

မျက်ကွင်းညိုခြင်းဟာ ရောဂါတစ်ခု မဟုတ်ပါဘူး။ မျက်လုံးပတ်လည်မှာရှိတဲ့ ဆံခြည်မျှင်သွေးကြောများ ဟေမိုဂလိုဘင်ဓာတ် ပျက်စီး ဆုံးရှုံးခြင်းကြောင့် ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။

မျက်ကွင်းညိုခြင်းဟာ မျိုးရိုးလိုက်ခြင်း၊ အသက်အရွယ် အိုမင်းလာခြင်း၊ မကြာခဏ နေရောင်ခြည်နဲ့ထိတွေ့ခြင်း၊ အိပ်ရေးပျက်ခြင်း၊ အရေပြား ဓာတ်မတည့်မှုစတဲ့ ပြသာနာ တစ်စုံတစ်ခုကြောင့်သော်လည်းကောင်း ဖြစ်ပေါ်နိုင်ပါတယ်။

မျက်လုံးတစ်ဝိုက် ညိုပြီး မိတ်ကပ်လိမ်းရင်လည်း အကြည့်ရဆိုးနေလို့ စိတ်ညစ်နေတဲ့ ပင်ဒါမျက်ဝန်းပိုင်ရှင် ပျိုမဒီလေးများအတွက် ပိုက်ဆံ အကုန်ကျသက်သာပြီး အိမ်မှာပဲ အလွယ်တကူ ကိုယ့်ဘာသာလုပ်လို့ရမယ့် သဘာဝ နည်းလမ်းကောင်းလေးများကို မျှဝေပေးလိုက်ပါတယ်။

ရှားစောင်းလက်ပတ်

အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တဲ့ ရှားစောင်းလက်ပတ်ဂျယ်လ် အနည်းငယ်ကို မျက်လုံးတစ်ဝိုက် သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ကြာလောက်ထားပြီးနောက် ရေနဲ့သန့်ရှင်းပေးပါ။ နေ့စဉ် ပြုလုပ်ပေးခြင်းအားဖြင့် မျက်ကွင်းညိုခြင်းကနေ ကင်းဝေးစေနိုင်ပါတယ်။

နွားနို့

မျက်လုံးတစ်ဝိုက် နွားနို့အနည်းငယ်ကို သုတ်လိမ်းပြီး လက်ချောင်းလေးများနဲ့ ညင်သာစွာနှိပ်ပေးပါ။ နွားနို့ဟာ သင်ရဲ့အသားအရေကို ပိုကြည်လင်ပြီး ပိုလှပစေတဲ့အပြင် မျက်ကွင်းညိုခြင်းကို သက်သာ ပျောက်ကင်းစေပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီးကို မပျစ်မကျဲ ကြိတ်ပါ (ဒါမှမဟုတ်) ခရမ်းချဉ်သီးအတွင်းက အနှစ်များကို မျက်လုံးတစ်ဝိုက် ပွတ်တိုက် လိမ်းကျံပေးပါ။ ၁ဝ မိနစ်လောက်ထားပြီးနောက် ရေနွေးလေးနဲ့ ဆေးကြောသန့်စင်ပါ။ မျက်ကွင်းညိုခြင်းကို သက်သာစေရုံသာမက မျက်နှာ အသားအရေကိုလည်း ကြည်လင် ချောမွေ့စေပါတယ်။

ပျားရည်

မျက်ကွင်းညိုခြင်းအတွက် ပျားရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။ မျက်လုံးတစ်ဝိုက်ကို ပျားရည်စစ်စစ်အား သုတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားရှိပြီးနောက် ရေနွေးနဲ့ စင်ကြယ်အောင် ဆေးကြောပေးပါ။

သခွားသီး

အားလုံးသိကြတဲ့အတိုင်း သခွားသီးဟာ အသားအရေအတွက် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်ပါတယ်။ သခွားသီးကို ပါးပါးလှီး မျက်လုံးပေါ်တင်ပြီး ကပ်ပေးပါ။ ညစဉ်မအိပ်မီ ကပ်ပေးခြင်းအားဖြင့် အခိုးငွေ့များ အပူများထွက်ပြီး အမြင် ကြည်လင်စေတဲ့အပြင် မျက်ကွင်းညိုခြင်းကို သိသိသာသာ ပျောက်ကင်းစေပါတယ်။

ပူစီနံ

သဘာ၀ ဆေးစွမ်းသတ္တိများစွာပါဝင်တဲ့ ဆေးဖက်ဝင် ပူစီနံရွက်ကို ရေနဲ့ ခပ်ပျစ်ပျစ်ဖျော်ပါ။ ရလာတဲ့အနှစ်ကို မျက်လုံးတစ်ဝိုက် သုတ်လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားရှိပြီး ရေနဲ့ဆေးပေးပါ။ ပူဆီနံဟာ မျက်ကွင်းညိုခြင်းအတွက် အသုံးဝင်ရုံသာမက ဝက်ခြံပေါက်ခြင်း၊ အသားအရည် ခြောက်သွေ့ခြင်း၊ အမည်း အစက်အပြောက်များကိုပါ သိသိသာသာ သက်သာ ပျောက်ကင်းစေပါတယ်။

နှင်းဆီရည် (Rosewater)

နှင်းဆီပန်း ပွင့်ဖတ်များကို ခြွေပြီး ရေအနည်းငယ်နဲ့ မီးအေးအေးလေးနဲ့ ပြုတ်ပေးပါ။ ပြူတ်ထားတဲ့ရေ ပန်းရောင်ဖက် ပြောင်းလာပြီး နှင်းဆီပွင့်ဖတ်တွေက အဖြူရောင် ပြောင်းလာပြီဆိုရင်တော့ အအေးခံကာ ပုလင်းသန့်သန့်နဲ့ထည့်ပြီး အသုံးပြုနိုင်ပါတယ်။ နှင်းဆီရည်ဟာ မျက်နှာ အသားအရည် ကြည်လင်စေပြီး အမဲစက်များကို နဲပါးစေပါတယ်။ နှင်းဆီရည်ကို တိုနာ (toner) အဖြစ်လည်းကောင်း၊ မိတ်ကပ်ဖျက်ရာတွင်လည်းကောင်း အသုံးပြုနိုင်ပါတယ်။ ညစဉ် အိပ်ရာမဝင်မီ လိမ်းပေးခြင်းအားဖြင့် မျက်ကွင်းညိုခြင်းကို ပျောက်ကင်းစေပြီး ကြည်လင်ပြီးစိုပြေတဲ့ မျက်နှာလေးကိုပိုင်ဆိုင်နိုင်မှာပါ။

အာလူး

အာလူးဟာလည်း မျက်ကွင်းညိုခြင်းအတွက် အထူးကောင်းမွန်ပါတယ်။ အာလူးမှာ သဘာဝအရောင်ကျွတ်စေတဲ့ ဂုဏ်သတ္တိများစွာပါဝင်ပါတယ်။ အာလူးကိုအခွံနွှာ၊ ပါးပါးလှီး နုပ်နုပ်စဉ်းပြီး အာလူးဖတ်များကို မျက်လုံးတစ်ဝိုက် အုံပေးပါ။ ၁၅မိနစ်လောက်ထားပြီး ရေနဲ့ဆေးကြောပေးခြင်းအားဖြင့် မျက်ကွင်းညိုခြင်းကို သိသိသာသာ ပျောက်ကင်းစေနိုင်ပါတယ်။

Ref: Readers’ Digest

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top