နာနတ်သီး (Pineapple) ကဘာလဲ

How-to-Cut-Pineapple-6.jpg

နာနတ်သီးကို ဘာအတွက်အသုံးပြုကြသလဲ

နာနတ်သီးကို ကပ်ပါးပိုး၊ သန်ကောင်များ နှိမ်နင်းရန်အတွက်အသုံးပြုပြီး အစာအိမ်ပြဿနာများကို သက်သာစေသည်။ ကိုယ်ဝန်ဖျက်ချရန်နှင့် ဓမ္မတာလာစေရန်လှုံ့ဆော်ရာတွင်လည်းအသုံးပြုသည်။ နာနတ်သီးမှ ရရှိသော bromelain ပရိုတင်းကို ကျန်းမာရေးဓာတ်စာအဖြစ်အသုံးပြုလျက်ရှိသည်။

၎င်းသည် ကင်ဆာဆဲလ်ကြီးထွားခြင်းကိုနှောင့်ယှက်တားဆီးပြီး သွေးခဲခြင်းကိုတားကာ ရောင်ရမ်းခြင်းကို လျော့ကျစေ၍ အနာမှ ပျက်စီးတစ်ရှူးများဖယ်ရှားရန်လည်း ကူညီပါသည်။ နာနတ်သီးကို အခြားနေရာများတွင် အသုံးပြုရန်ညွှန်ကောင်းညွှန်နိုင်သည်။ ထပ်မံသိရှိလိုပါက ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းနိုင်ပါသည်။

နာနတ်သီးက ဘယ်လိုအကျိုးကျေးဇူးရှိလဲ

လက်တွေ့စမ်းသပ်လေ့လာချက်များအရ နာနတ်သီးမှရရှိသော သဘာဝကုန်ကြမ်း bromelain ပရိုတင်းသည် ကုထုံးများတွင် ကျယ်ပြန့်စွာ အထောက်အကူပြုလျက်ရှိကြောင်းသိရသည်။ သက်သေအထောက်အထားများအရ bromelain ကို မီးလောင်နာများ၊ ဆဲလ်သေများဖယ်ရှားရန်နှင့် အရောင်ကျစေရန်အသုံးပြုလျက်ရှိသည်။ ပိုမိုသိရှိလိုပါက သင့်ဆရာဝန် (သို့) ဆေးဖက်ဝင်အပင် ကျွမ်းကျင်ပညာရှင်နှင့် မေးမြန်းဆွေးနွေးနိုင်ပါသည်။

နာနတ်သီးမစားသုံးခင် ဘာတွေသိသင့်သလဲ

အကယ်၍ သင့်မှာ အောက်ပါအချက်များရှိနေလျှင် သင့်ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင် (သို့) သဘာဝဆေးဖက်ဝင်အပင် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးပါ။

သင့်မှာ ကိုယ်ဝန်ရှိနေလျှင် (သို့) နို့တိုက်မိခင်ဖြစ်နေလျှင် (ဆရာဝန်ညွှန်ကြားသောဆေးဝါးများကိုသာ သောက်သုံးသင့်ပါသည်)
ဆေးဆိုင်မှ မိမိဘာသာဝယ်ယူသောက်သုံးနေသောဆေးများအပြင် အခြားဆေးဝါးများ သောက်သုံးနေလျှင်။
နာနတ်သီးပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်လျှင် (သို့) အခြားဆေးဝါးများ၊ သဘာဝဆေးဖက်ဝင် အပင်များနှင့် ဓာတ်မတည့်လျှင် (ဥပမာ- ပျားရည်၊ သံလွင်အပင်မှ ဝတ်မှုန်၊ တရုတ်နံနံကြီး၊ ကျောက်ပန်းပင် ဝတ်မှုန်၊ သဘောသီးတွင်ပါသော papain အင်ဇိုင်း၊ bromelain )။
သင့်မှာ အခြားကျန်းမာရေးပြဿနာ၊ ရောဂါများရှိလျှင်။
သင့်မှာ အစားအသောက်၊ ဆိုးဆေး၊ တာရှည်ခံအောင်ပြုလုပ်သောပစ္စည်းများ၊ တိရိစ္ဆာန်များကဲ့သို့ အခြားအရာများနှင့် ဓာတ်မတည့်မှုများရှိလျှင် ဆရာဝန်ကိုပြောပြပါ။

နာနတ်သီးက ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့မှာ နာနတ်သီးရဲ့ စိတ်ချဘေးကင်းမှုနဲ့အကျိုးအာနိသင်ထိရောက်မှု တို့နဲ့ပတ်သက်ပြီး လေ့လာထားမှု အလုံအလောက်မရှိသေးပါ။ ရှေးယခင်က နာနတ်သီးကို ရာသီလာရန်နှင့် ကိုယ်ဝန်ဖျက်ချရာတွင်လှုံ့ဆော်ရန်သုံးပြုခဲ့မှုများနှင့်ပတ်သက်ပြီး အထောက်အထားအလုံအလောက်မရှိပါ။

နာနတ်သီးကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေခံစားရနိုင်မလဲ (ဖြစ်နိုင်သောဘေးထွက်ဆိုးကျိုးအချို့)

အလွန်အမင်းအန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း၊ ရာသီသွေးဆင်းများခြင်း၊ ပျို့ခြင်း၊ အရေပြားအနီကွက်ထခြင်း၊ အန်ခြင်း၊ အလွန်အကျွံသုံးစွဲပါက ပါးစပ်နှင့် ပါးများရောင်ရမ်းခြင်း တို့ဖြစ်နိုင်ပါသည်။ ယခု ဘေးထွက်ဆိုးကျိုးတွေကိုခံစားရပုံမှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ ဖော်ပြပါဘေးထွက်ဆိုးကျိုးများထဲမှာမပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိလာလျှင် အပင်များအကြောင်းကျွမ်းကျင်သူ (သို့မဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

နာနတ်သီးစားသုံးခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ

နာနတ်သီးဓာတ်စာသည် သင်လက်ရှိသောက်နေသော ဆေးဝါးများ (သို့) ခံစားနေရသော ရောဂါအခြေအနေများနှင့် ဓာတ်မတည့်သည်များရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ စားသုံးမှုမပြုခင် ဆရာဝန် (သို့) သဘာဝဆေးဖက်ဝင်အပင်ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးခြင်းက အကောင်းဆုံးဖြစ်ပါသည်။

နာနတ်သီးဓာတ်စာကို ပုံမှန်သောက်သုံးရန်အညွှန်းကဘယ်လောက်လဲ

နာနတ်သီးနှစ်စိတ်တွင် ascorbic acid (ဗီတာမင် စီ) ခန့်မှန်းခြေ 100mg ပါဝင်ပါတယ်။ bromelain ပုံမှန်ဆေးပမာဏ သည် 40 mg ကို နေ့စဉ် တစ်နေ့ သုံးကြိမ် (သို့) လေးကြိမ်ဖြစ်သည်။

နာနတ်သီးဓာတ်စာဆေးပမာဏသည် လူနာတစ်ယောက်နှင့် တစ်ယောက်အတွက် ကွဲပြားနိုင်သည်။ ဆေးပမာဏသည် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနှင့် အခြားအကြောင်းရင်းများစွာအပေါ်တွင် မူတည်သည်။ ကိုယ်သောက်သင့်တဲ့ပမာဏနှင့်ပတ်သက်ပြီး အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။

နာနတ်သီးဓာတ်စာက ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

အရည်၊ ဆေးပြား၊ ဆေးတောင့်။ ထုတ်ကုန်အများစုတွင် bromelain 500 mg ပါရှိပါသည်။ ထုတ်လုပ်သူများက ဆေးပမာဏကို နေ့စဉ် 500mg မှ 1000mg အထိ အကြံပြုထားပါသည်။

Ref: Hello ဆရာဝန်
ရေးသားသူ – Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ – Dr. K Zin Thwe

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top