လည်ချောင်းနာခြင်းအတွက် အကောင်းဆုံးအိမ်တွင်းကုထုံးများ

Untitled-design-3.png

လည်ချောင်းနာပြီဆိုတာနဲ့ အစားစားရတာက အဆင်မပြေဖြစ်တော့တာပါပဲ။ ဒါ့အပြင် လည်ချောင်းက ခဏခဏယားယံပြီး ချောင်းလည်းဆိုးလာတတ်သေးလို့ စိတ်ညစ်စရာ ဖြစ်ရတတ်ပါတယ်။ ဒီဝေဒနာတွေကို သက်သာသွားစေမယ့် အိမ်တွင်းရောဂါကုထုံးတွေကို စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါရစေ။

ဆားရည်နဲ့ ပလုတ်ကျင်းပေးပါ

ဆားရည်နဲ့ပလုတ်ကျင်းတာကခံတွင်းထဲမှာရှိတဲ့ အညစ်အကြေးတွေကို သန့်ရှင်းစင်ကြယ်စေပါတယ်။

ပျားရည်သောက်ပါ

တစ်နေ့ကို လက်ဖက်စားဇွန်းတစ်ဇွန်း (သို့) နှစ်ဇွန်းလောက် သောက်ပေးပါ။ အိပ်ရာဝင်ခါနီး သောက်တာက ရောဂါကို ပိုသက်သာစေပါလိမ့်မယ်။

သံပုရာရည်သောက်ပါ

သံပုရာရည်သောက်ရာမှာ ရေကျက်အေး၊ ပျားရည်၊ ဆား စတာတွေကို ရောစပ်သောက်ရင် ပိုပြီး သက်သာပါလိမ့်မယ်။

ကြက်သွန်ဖြူစားပါ

ကြက်သွန်ဖြူက ဟင်းချက်ရာမှာအဓိကသုံးတယ်ဆိုပေမဲ့ ကြက်သွန်ဖြူကို အစိမ်းလိုက်စားပေးပါ။

အခုပြောပြခဲ့တဲ့နည်းလမ်းတွေကို လိုက်နာလုပ်ဆောင်ပေးမယ်ဆိုရင် လည်ချောင်းနာဝေဒနာကို သိသိသာသာ သက်သာလာစေပါလိမ့်မယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top