အတိတ်မေ့သွားခဲ့ပေမဲ့ အရင်ချစ်သူကိုပဲ ဒုတိယအကြိမ်ပြန်လည်မေတ္တာသက်ဝင်ခဲ့တဲ့အမျိုးသမီး

57160955_2342722149279611_2821974383134769152_n.jpg

ဂျက်ဆီကာ ရှာမန်း(Jessica Sherman) ဆိုတဲ့ အမျိုးသမီးလေးဟာ (၂၀၁၀) ခုနှစ်ထဲက ဦးနှောက်အရှေ့ပိုင်းခြမ်းမှာဖြစ်တဲ့ ရောဂါတစ်မျိုးကိုခံစားနေရတာပါ။ ဒီလိုနဲ့နေရင်း သူ့ချစ်သူနဲ့ ခရီးအတူတူသွားနေတုန်းမှာ ရောဂါပြင်းထန်လာပြီး ပြင်းပြင်းထန်ထန်ကိုဖြစ်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့တော့ ဂျက်ဆီကာဟာ သူ့ရဲ့မိသားစု၊ ချစ်သူ ရစ်ခ်ျ (Rich)အပါအဝင် သူသိခဲ့သမျှအရာအားလုံးကို မေ့သွားခဲ့ပါတယ်။ အခုလိုအဖြစ်ဆိုးကြီး ဖြစ်သွားတဲ့အချိန်မှာ ရစ်ခ်ျ(Rich) နဲ့တွဲနေတာ (၇) လပဲရှိပါသေးတယ်။

အခုလိုအဖြစ်ဆိုးကြီး ဖြစ်သွားတဲ့အချိန်မှာ ရစ်ခ်ျ(Rich) နဲ့တွဲနေတာ (၇) လပဲရှိပါသေးတယ်

သူ (မ) သတိပြန်လည်လာတဲ့အချိန်မှာ သူ့ဘေးနားမှာရှိနေတဲ့သူတွေကို ဘယ်သူမှန်းမသိတော့တဲ့အတွက် ကြောက်လည်း ကြောက်ခဲ့သလို စိတ်မသက်မသာလည်းခံစားခဲ့ရပါတယ်လို့ပြောပါတယ်။ ဂျက်ဆီကာဟာ သူ (မ) ရဲ့နာမည်ကိုတောင် မသိတော့ပါဘူး။ သူမှတ်မိတဲ့တစ်ခုတည်းသောအရာက သူ(မ) ရထားပေါ်တက်လိုက်တယ်ဆိုတဲ့ နေရာကွက်ကွက်လေးကိုပဲလို့ဆိုပါတယ်။

ဂျက်ဆီကာရဲ့မိဘတွေဖြစ်တဲ့ ဂယ်ရီ (Gary) နဲ့လီဆာ (Lisa) နှစ်ယောက်စလုံးဟာ သူတို့သမီးက သူတို့ကိုမမှတ်မိဘူးလို့ပြောတဲ့အတွက် ဝမ်းနည်းမျက်ရည်ကျခဲ့ရ

ဂျက်ဆီကာရဲ့မိဘတွေဖြစ်တဲ့ ဂယ်ရီ (Gary) နဲ့လီဆာ (Lisa) နှစ်ယောက်စလုံးဟာ သူတို့သမီးက သူတို့ကိုမမှတ်မိဘူးလို့ပြောတဲ့အတွက် ဝမ်းနည်းမျက်ရည်ကျခဲ့ရပြီး သူ့အမေ လီဆာကေ ဂျက်ဆီကာကို သူ တို့မိသားစုဓာတ်ပုံတွေထုတ်ပြခဲ့ပေမယ့် ဂျက်ဆီကာကတော့ သူတို့မိသားစုကိုမမှတ်မိတဲ့အပြင် သူ့ရုပ်ကဘယ်လိုရှိမှန်းတောင်မမှတ်မိတော့ပါဘူး။ မှန်ကိုကြည့်လို့မြင်ရတဲ့ သူ့အရိပ်ဟာ တစိမ်းတစ်ယောက်လို ခံစားရခဲ့ပါတယ်။

ဆေးရုံဆင်းလို့အိမ်ကိုပြန်ရောက်တဲ့အခါ အိမ်ကိုလည်းမမှတ်မိတဲ့အပြင် ရစ်ခ်ျ လူနာသတင်းမေးလာတဲ့အချိန်မှာလည်း သူမသိတဲ့ သူစိမ်းယောက်ျားတစ်ယောက်ကို စကားထိုင်ပြောနေရတဲ့အတွက် ကြောက်လည်းကြောက်သလို ရစ်ခ်ျကိုလည်း မုန်းခဲ့မိတယ်လို့ဆိုပါတယ်။

“ ကျွန်မ သူ့ကို ဘယ်လိုမှမမှတ်မိဘူး။ သူစိမ်းယောက်ျားတစ်ယောက်က ကျွန်မကို ချစ်သူလို ဆက်ဆံနေတာလည်းမကြိုက်ဘူး။ အဲဒါနဲ့ နှစ်ပတ်ကြတော့ သူ့ကိုလမ်းခွဲရအောင်ဆိုပြီးပြောလိုက်တယ်။ သူ့ပုံကြည့်ရတာ အရမ်းနာကျင်သွားပုံရပေမဲ့ အရင်တုန်းက ဘယ်လောက်ပျော်စရာကောင်းခဲ့တယ်ဆိုတာ ကျွန်မ ပြန်မှတ်မိအောင်တော့ သူကြိုးစားပါရစေလို့တောင်းပန်တော့ ကျွန်မလည်းလက်ခံခဲ့တယ်”

ရစ်ခ်ျက ဂျက်ဆီကာနဲ့အတူတူလမ်းလျှောက်ထွက်တာ၊ သူတို့ဒိတ်လုပ်ခဲ့ဖူးတဲ့ စားသောက်ဆိုင်တွေမှာ မုန့်ပြန်သွားစားတာ၊ အတိတ်ကအကြောင်းတွေကို စိတ်ရှည်လက်ရှည်ရှင်းပြတာတွေပြုလုပ်ခဲ့ပါတယ်

ရစ်ခ်ျက ဂျက်ဆီကာနဲ့အတူတူလမ်းလျှောက်ထွက်တာ၊ သူတို့ဒိတ်လုပ်ခဲ့ဖူးတဲ့ စားသောက်ဆိုင်တွေမှာ မုန့်ပြန်သွားစားတာ၊ အတိတ်ကအကြောင်းတွေကို စိတ်ရှည်လက်ရှည်ရှင်းပြတာတွေပြုလုပ်ခဲ့ပါတယ်။

“ကျွန်မ ရစ်ခ်ျကို ချစ်ခဲ့တဲ့ ပထမအကြိမ်ကို မမှတ်မိပေမယ့် ဒုတိယအကြိမ်ကိုတော့ကောင်းကောင်းမှတ်မိပါပြီ။ သူကသိပ်ကြင်နာတတ်ပြီး သဘောလည်းကောင်းတဲ့အတွက် ကျွန်မချစ်မိသွားတယ်။ ဟင်းဘယ်လိုချက်ရမလဲ၊ ကျွန်မဘယ်ရုပ်ရှင်တွေကြိုက်တတ်လဲ၊ ကျွန်မဘယ်လိုအကျီ ၤတွေဝတ်ရတာ ကြိုက်လဲဆိုတာ ကျွန်မမိဘတွေက ပြန်သင်/ပြန်ပြောပြပေးတယ်။ လူတွေက ကျွန်မကိုစကားတွေလာပြောကြတယ်။ ကျွန်မ သူတို့ကိုမသိဘူးလို့ပြောရတာ တော်တော်စိတ်ညစ်ဖို့တော့ကောင်းခဲ့တယ်။ (၁၉) နှစ်လောက်ရှိတဲ့ မှတ်ညဏ်တွေအကုန်ပျောက်သွားတာဆိုတော့လေ”

သူ့ချစ်သူဟာ နှစ်ကြိမ်တိုင်တိုင် သူ့ကို ချစ်လာအောင်လုပ်နိုင်ခဲ့တယ်အတွက် သူ သတိထပ်မေ့သွားလည်း ရစ်ခ်ျဟာ ထပ်ကြိုးစားမယ်ဆိုတာ သူ ယုံကြည့်ပါတယ်

ဆရာဝန်တွေကတော့ ဂျက်ဆီကာရဲ့မှတ်ညဏ်တွေ လုံးဝပြန်မရတာဖြစ်နိုင်တယ်လို့တော့ သတိပေးခဲ့ပြီး ထပ်ပြီး သတိမေ့နိုင်ခြေကလည်း (၅၀%) ရှိနေတယ်လို့ပြောပါတယ်။ ဒါပေမဲ့ ဂျက်ဆီကာကတော့ သူ့ချစ်သူဟာ နှစ်ကြိမ်တိုင်တိုင် သူ့ကို ချစ်လာအောင်လုပ်နိုင်ခဲ့တယ်အတွက် သူ သတိထပ်မေ့သွားလည်း ရစ်ခ်ျဟာ ထပ်ကြိုးစားမယ်ဆိုတာ သူ ယုံကြည့်ပါတယ်လို့ပြောကြားခဲ့ပါတယ်။

အခုလိုမျိုး ဒဏ္ဏာရီပုံပြင်ထဲကလိုအချစ်ဇာတ်လမ်းလေးအကြောင်းကြားရတာ ကြည်နူးဖို့ကောင်းလှပါတယ်။ ရိုးရာလေးရဲ့ပရိသတ်တွေဆိုရင်ကော ကိုယ့်ချစ်သူက ဒီလိုအတိတ်မေ့သွားတဲ့အချိန်မှာ စိတ်ရှည်ရှည်နဲ့ သူပြန်ချစ်လာအောင်ကြိုးစားနိုင်မယ်လို့ ထင်မိပါသလား။

Ref: New York Post “ Woman who lost memory had to fall for her boyfriend twice”
Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top