အိမ်မွေးတိရစ္ဆာန်မွေးမယ့်ဝန်ထမ်းတွေရနိုင်မယ့် အခွင့်အရေးအဆန်းတွေ

56218162_378272149689981_3168677401831931904_n.jpg

ခွေးပဲဖြစ်ဖြစ် ကြောင်ပဲဖြစ်ဖြစ် ဘယ်လိုအိမ်မွေးတိရစ္ဆာန်မျိုးကိုပဲဖြစ်ဖြစ် စစမွေးချင်း ဘယ်လောက်ခက်ခဲတယ်ဆိုတာကို မွေးဖူးတဲ့သူတွေပဲ သိကြပါတယ်။ အရမ်းဂရုစိုက်ရသလို အင်မတန်မှလည်း အလုပ်ရှပ်ရတာပါ။

နေရာအသစ်မှာ နေသားကျဖို့ကစပြီး သခင်နဲ့ရင်းနှီးကျွမ်းဝင်ဖို့အလယ် ပတ်ဝန်းကျင်နဲ့ပြေလည်ဖို့အဆုံး စစချင်းမှာ သေသေချာချာကို ဂရုစိုက်ပေးရပါတယ်

သူတို့လေးတွေ ရောက်လာတဲ့နေရာအသစ်မှာ နေသားကျဖို့ကစပြီး သခင်နဲ့ရင်းနှီးကျွမ်းဝင်ဖို့အလယ် ပတ်ဝန်းကျင်နဲ့ပြေလည်ဖို့အဆုံး စစချင်းမှာ သေသေချာချာကို ဂရုစိုက်ပေးရပါတယ်။

တချို့ကုမ္ပဏီပိုင်ရှင်တွေကတော့ နားလည်မှုကြီးမားစွာနဲ့ ၎င်းတိုဆီက့ဝန်ထမ်းတွေကို အခွင့်အရေးပေးခဲ့ကြပါတယ်

ဒီအခက်အခဲတွေကိုနားလည်တဲ့ တချို့ကုမ္ပဏီပိုင်ရှင်တွေကတော့ နားလည်မှုကြီးမားစွာနဲ့ ၎င်းတိုဆီက့ဝန်ထမ်းတွေကို အခွင့်အရေးပေးခဲ့ကြပါတယ်။ ဘယ်ကုမ္ပဏီတွေဖြစ်ပြီး အဲဒီမှာအလုပ်လုပ်မယ်ဆို သင်ကော ဘယ်လိုအခွင့်အရေးတွေရနိုင်မလိုဆိုတာ ဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ Mars Petcare
Mars Petcare ဆိုတာကတော့ တိရစ္ဆာန်ဂေဟာလေးပါ။ အဲဒီဂေဟာမှာရှိတဲ့ကောင်လေးတွေကို သင်ယူမွေးလို့ရပြီး သူတို့လေးတွေကို စောင့်ရှောက်ဖို့အတွက်လည်း ဝန်ထမ်းတွေထားထားပါတယ်။ အကယ်၍ဝန်ထမ်းထဲကတစ်ယောက်ယောက်က အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကောင်မွေးခဲ့မယ်ဆို လုပ်အားခ (၁၀) နာရီစာကို အလကားထုတ်ပေးမှာပဲဖြစ်ပါတယ်။ ရံဖန်ရံခါလည်း သူတို့လေးတွေကို ကုမ္မဏီခေါ်လာလို့ရပါတယ်။

၂။ Mparticle
Mparticle ဆိုတဲ့ data platform ကုမ္ပဏီမှာ ဝန်ထမ်းဖြစ်ပြီး ခွေးလေးတစ်ကောင်လောက်မွေးခဲ့မယ်ဆိုရင်တော့ လစာမဖြတ် ခွင့် (၂) ပတ်ရမှာပါ။ “မိသားစုဝင်တစ်ယောက်ယောက် နေထိုင်မကောင်းရင်တောင် ခွင့်ပေးရတာကို ခွေးကလူမဟုတ်လို့ ခွင့်မပေးတာမျိုးမလုပ်ချင်ပါဘူး။ ခွေးဆိုတာလည်း မိသားစုဝင်အသစ်ပါပဲ” လို့ Mparticle ကဆိုပါတယ်။

၃။ BitSol Solutions
BitSol Solutions လို့ခေါ်တဲ့ နည်းပညာကုမ္ပဏီကြီးကတော့ ခွေးအသစ်မွေးမယ့် ဝန်ထမ်းတွေအတွက် ခွင့် (၁) ပတ်အပြည့်ပေးထားပါတယ်။ “ယနေ့ခေတ်မှာ ခွေးလေးတွေဆိုတာလည်း ကလေးလေးတွေနဲ့ အတူတူပါပဲ။ သူတို့အတွက် ကျွန်တော်ဘာလို့ ခွင့်မပေးနိုင်ရမှာလဲ” လို့ BitSol Solutions ကုမ္ပဏီပိုင်ရှင် ဘူချနန် (Buchanan) ကဆိုပါတယ်။

၄။ BrewDog
BrewDog အမည်ရှိကုမ္ပဏီကြီးကလည်း ခွေးမွေးမယ့်ဝန်ထမ်းတွေအတွက် လစာမဖြတ် ခွင့် (၁) ပတ်အပြည့်ပေးပါတယ်။ သူတို့ရည်ရွယ်ချက်တော့ အရမ်းရိုးရှင်းပါတယ်။ ခွေးလေးတွေကို ချစ်လို့ပေးတာဖြစ်ပြီး အကောင်းဆုံးကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်ချင်လို့ပဲ ဖြစ်ပါတယ်တဲ့လေ။

၅။ Nina Hale
Nina Hale လို့ခေါ်တဲ့ Marketing ကုမ္ပဏီကလည်း ခွေးမွေးမယ့်ဝန်ထမ်းတွေအတွက် “fur-turnity leave” ဆိုတဲ့နာမည်နဲ့ ခွင့်ရက်ရှည်ထပ်ပေးပါတယ်။ ၎င်းဟာ ခွေးမွေးမယ့် ခွေးသခင်အသစ်လေးတွေအတွက် သီးသန့်ပြုလုပ်ပေးတာဖြစ်ပြီး အချိန်ကတော့ (၂) ပတ်ကြာပါတယ်။ အဲဒီ “fur-turnity leave” ဆိုတဲ့နာမည်နဲ့ တခြားကုမ္ပဏီတွေကလည်း ခွေးသခင်အသစ်တွေအတွက် ခွင့်ရက်ရည်ပေးတတ်ကြပါတယ်။

နောက်ထပ် ခွေးအစာ ကုမ္ပဏီဖြစ်တဲ့ Musti Group၊ Harper Collinsနဲ့ အခြားသော နိုင်ငံခြားကုမ္ပဏီပေါင်းများစွားဟာ အိမ်မွေးတိရစ္ဆာန်တို့ရဲ့သခင်ဖြစ်လာမယ့် ဝန်ထမ်းပေါင်းများစွာအတွက် လစာမဖြတ် ခွင့်ရက်ရှည်တွေကို သူ့ထက်ငါ အပြိုင်ပေးနေကြပြီပဲ ဖြစ်ပါတယ်။

Ref: Business Insider “7 companies that give staff paid time off when they get a puppy”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top