မီးလောင်ပျက်စီးသွားခဲ့ရတဲ့ ဘုရားကျောင်းကို ပြန်လည်တည်ဆောက်ဖို့ ငွေလှူဒါန်းခဲ့တဲ့ (၉) နှစ်အရွယ် ကလေးမလေး

do1.jpg

အခုလအစောပိုင်းမှာ မီးလောင်သွားခဲ့တဲ့ နော်တာဒိမ်းဘုရားရှိခိုးကျောင်းကိုပြန်လည်တည်ဆောက်ဖို့ ငွေလှူဒါန်းနေကြတဲ့သူတွေက ချမ်းသာတဲ့သူ၊ အာဏာကြီးတဲ့သူတွေမဟုတ်ကြပေမဲ့ သူတို့တတ်စွမ်းသလောက် ပါဝင်ကူညီခဲ့ကြတာပါ။ သေးငယ်တဲ့နေရာတစ်ခုစာကို အမေရိကန်ဒေါ်လာ (၉၄၇) သန်းနီးပါးကုန်ကျတဲ့အတွက် လှူဒါန်းမှုတွေ ပိုပြီးလိုအပ်နေဆဲဖြစ်ပါတယ်။

အသက် (၉) နှစ်အရွယ် ဗြိတိန်ကလေးမလေးတစ်ဦးကတော့ ဘုရားကျောင်း ပြန်လည်တည်ဆောက်ဖို့ လှူဒါန်းတဲ့အလှူငွေတွေကို တာဝန်ယူစုဆောင်းပေးနေတဲ့ ပြင်သစ်အစိုးရအဖွဲ့အစည်း Fondation du Patrimoine ထံ သူစုဆောင်းထားတဲ့ငွေကြေး (၃.၃၈) ယူရို ပေးပို့လှူဒါန်းခဲ့ပါတယ်။

“ချစ်လှစွာသော ပြင်သစ်နဲ့ ပါရီကလူတွေ၊ သမီးနာမည်က ကိတ်လင်း (Caitlyn)ပါ။ အသက်က (၉)နှစ်ဖြစ်ပါတယ်။ အင်္ဂလန်မှာ နေထိုင်ပါတယ်”

“Notre Dame ဘုရားကျောင်းမီးလောင်တဲ့အကြောင်းကို ရေဒီယိုကနေ ကြားသိခဲ့ပြီး ကူညီပေးချင်ခဲ့ပါတယ်။ အရမ်းကြီးမများတာကို သိပါတယ်။ ဒါပေမဲ့ နည်းနည်းတော့ အကူအညီဖြစ်မှာပါ။ ပြန်လည်တည်ဆောက်ဖို့ အရမ်းကြီးမကြာဘူးလို့ မျှော်လင့်မိပါတယ်။ ကျေးဇူးတင်ပါတယ်…ကိတ်လင်း”လို့ရေးသားထားတဲ့စာလေးကို ဖောင်ဒေးရှင်းဆီ ပေးပို့ခဲ့ပါတယ်။

ကိတ်လင်းရဲ့ဖခင် ဆိုင်မွန် ဟန်လေ (Simon Handley) က ကျွန်တော့်သမီးက ဘုရားကျောင်းသက်တမ်း ဘယ်လောက်လဲဆိုတာသိသွားပြီးတဲ့နောက် အရမ်းစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။ အဲဒီအတွက် တစ်ခုခုလုပ်ရမယ်လို့ သူခံစားမိခဲ့ပါတယ်။ သူ ရာကဏန်း၊ ထောင်ကဏန်းပမာဏကို မပေးနိုင်ပေမဲ့ သူတတ်နိုင်သလောက် ပေးမယ်လို့ သမီးက ပြောခဲ့တာပါ”လို့ CNNကို ပြောခဲ့ပါတယ်။

ကိတ်လင်းက လူတွေ၊ တိရစ္ဆာန်လေးတွေနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်တတ်တဲ့ ထက်မြက်တဲ့ကောင်မလေးတစ်ယောက်လို့လည်း ကိတ်လင်းရဲ့ဖခင်က ဆိုပါတယ်။

Foundation du Patrimoineရဲ့ ပြောရေးဆိုခွင့်ရှိသူ Luarence Levy (လော့ရန် လဗီး)က အဖွဲ့အစည်းက တစ်နေ့ကို ချက်လက်မှတ် ထောင်ပေါင်းများစွာ ရရှိနေတယ်။ အချိန်ခဏလေးမှာ အလှူငွေတွေ စုပြုံလာတာကို ကျင့်သားမရသေးတဲ့အတွက် လုပ်အားပေးတဲ့သူတွေလည်း ကျွန်မတို့ကို လာရောက်ကူညီခဲ့ရပါတယ်” လို့ ပြောပါတယ်။

စာနဲ့အလှူငွေပေးပို့တာက ကိတ်လင်းတစ်ယောက်တည်းမဟုတ်ပါဘူး။ အခြား ဗြိတိန်လူမျိုးတစ်ယောက်က ယူရို (၅၀) ( ၆ရွက်) ပါတဲ့ စာအိတ်ကို ဖောင်ဒေးရှင်းကို ပေးပို့ခဲ့ပါသေးတယ်။ နိုင်ငံပေါင်း ၁၆၀ ကျော်ကနေ စုစုပေါင်း ယူရို (၁.၆) သန်း လှူဒါန်းမှု ၁၇၃၀၀ လက်ခံရရှိခဲ့တယ်လို့ ဖောင်ဒေးရှင်းကဆိုပါတယ်။

Ref: CNN “British girl sends €3 to Notre Dame appeal”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top