ဆောင်းတွင်းကာလ အလွန်အမင်းအသားရေခြောက်သွေ့တတ်သူတွေအတွက် ထိန်းသိမ်းနည်းများ

17-12-2020-yyl30.jpg

ဆောင်းတွင်းလည်းရောက်နေပြီဖြစ်တဲ့အတွက် ကျွန်မတို့တွေရဲ့အသားရေတွေက ချမ်းအေးတဲ့ဒဏ်ကြောင့် တဖြည်းဖြည်းနဲ့ခြောက်သွေ့အက်ကွဲတာတွေဖြစ်လာတော့မှာဖြစ်ပါတယ်။ တချို့ဆိုရင် နဂိုကတည်းက အသားရေခြောက်သွေ့တတ်တဲ့အတွက် ဆောင်းရာသီမှာ အလွန်အမင်းခြောက်သွေ့တာတွေဖြစ်လာနိုင်ပါတယ် အသားရေခြောက်သွေ့လာမယ်ဆိုရင် ယားယံတာ၊ အသားရေတင်းတင်းကြီးဖြစ်နေသလို ခံစားရမယ်အပြင် အချိန်ကြာလာတာနဲ့ အရေးအကြောင်းတွေဖြစ်ပေါ်လာနိုင်ပါတယ်။ ဆောင်းရာသီမှာ သင်ဟာ အသားရေခြောက်သွေ့တာကို အလွန်အမင်းခံစားရတော့မယ်ဆိုရင် အသားရေကို ခါတိုင်းထက်ပိုပြီး ဂရုစိုက်ထိန်းသိမ်းပေးဖို့ လိုအပ်ပါတယ်။ သင်ရဲ့အသားရေက ခြောက်သွေ့လာပြီဆိုတဲ့ လက္ခဏာပြတာနဲ့ ဒီရေဓာတ်ဖြည့်ပေးတဲ့နည်းလမ်းတချို့နဲ့ ဖြေရှင်းကြည့်ရအောင်…။

ဓာတုပစ္စည်းမပါတဲ့အပျော့စားမျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ဆပ်ပြာတို့ကို လိမ်းပါ
ဓာတုပစ္စည်းများပြီး ကြမ်းတမ်းတဲ့မျက်နှာသစ်ဆေးနဲ့ မျက်နှာသစ်ဆပ်ပြာတွေက သင့်မျက်နှာရဲ့သဘာဝအဆီအနှစ်တွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ သင်က အသားရေခြောက်သွေ့တတ်တယ်ဆိုရင် နူးညံ့တဲ့မျက်နှာသစ်ဆေးနဲ့ ရေချိုးဆပ်ပြာတို့ကို အသုံးပြုပေးပါ။

မျက်နှာသစ်ပြီးသွားရင် Moisturiser သေချာလိမ်းပေးပါ

သင်က မျက်နှာသစ်ပြီးတဲ့အခါ (သို့) ရေချိုးပြီးတဲ့အခါ ချက်ချင်းပဲ Moisturiser ကို လိမ်းပေးဖို့ အရေးကြီးပါတယ်။ ခန္ဓာကိုယ်ကိုလည်း အလှဆီလိုမျိုး ရေဓာတ်ဖြည့်ပေးတဲ့ပစ္စည်းတွေပါဝင်တဲ့ ခရင်မ် (ဒါမှမဟုတ်) လိုရှင်းတို့ကို အသုံးပြုပေးသင့်ပါတယ်။

Serum လိမ်းပေးပါ

သင့်မျက်နှာက အရမ်းခြောက်သွေ့နေတယ်ဆိုရင် သင့်အသားရေနူးညံ့သွားဖို့အတွက် ကူညီပေးနိုင်တဲ့ Serum ကို Moisturiser မလိမ်းခင် လိမ်းပေးသင့်ပါတယ်။ ကောင်းတဲ့ရလဒ်ရဖို့အတွက် တစ်နေ့ (၂) ကြိမ် လိမ်းပေးလို့ရပါတယ်။

Exfoliate လုပ်ဖို့လည်း မမေ့ပါနဲ့

ဆောင်းတွင်းမှာလည်း အသားရေကို တစ်ပတ် (၁) ကြိမ်လောက်ဖြစ်ဖြစ် Scrub (သို့) exfoliate လုပ်ပေးသင့်ပါတယ်။ အသားရေမှာ မကြမ်းတမ်းစေတဲ့ အာဟာရဓာတ်ဖြည့်ပေးတဲ့ Scrub တို့ကို သုံးပေးပါ။ ဒါက အသားရေခြောက်သွေ့ခြင်းမဖြစ်စေတဲ့ ခရင်မ်တွေကို အလွယ်တကူစုပ်ယူလို့မရအောင် အနှောင့်အယှက်ပေးနေတဲ့ အရေပြားဆဲလ်အသေတွေကို ဖယ်ရှားပေးပါတယ်

ညဘက်ကို Moisturiser များများလိမ်းပေးပါ

မျက်နှာကနေ ခြေထောက်အထိ အသားရေခြောက်သွေ့အက်ကွဲနေတယ်ဆိုရင် ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်များများလိမ်းပေးဖို့ လိုအပ်ပါတယ်။ အသားရေကို နူးညံ့စေပြီး ကပ်စေးစေးမဖြစ်စေတဲ့ထုတ်ကုန်တွေကို ရွေးချယ်ဝယ်ယူလိမ်းပေးသင့်ပါတယ်။

ရေပူနဲ့ရေချိုးတာကို ရှောင်ပါ

ဆောင်းရာသီမှာဆိုရင် ရေအေးတဲ့အတွက် ရေပူနဲ့ ရေချိုးတတ်ကြပါတယ်။ ရေပူနဲ့ရေချိုးမယ့်အစား နွေးရုံလောက်နဲ့ ရေချိုးသင့်ပါတယ်။ ရေပူနဲ့ အချိန်အကြာကြီးရေချိုးတာ သင့်အသားရေကို ခြောက်သွေ့ယားယံစေနိုင်ပါတယ်။

Ref: Ways to treat extremely dry skin in winters
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top