အသားအရေကိုကျစ်လျစ်တင်းရင်းစေမယ့် သဘာဝနည်းလမ်းလေးများ

23-Effective-Home-Remedies-For-Skin-Tightening-1.jpg

အသားအရေ တင်းရင်းမှုမရှိလို့ စိတ်ညစ်နေတဲ့ မိန်းကလေးတွေအတွက်

အိမ်မှာနေရင်း သဘာဝပစ္စည်းလေးတွေနဲ့ Skin Care လုပ်လို့ရမယ့် နည်းလမ်းလေးတွေ ပြောပြပေးလိုက်ပါတယ်နော်။

(၁) သခွားသီး

သခွားသီးကို ပါးပါးလေးလှီးပြီး အရည်ရအောင် ကြိတ်ပါ။ ပြီးရင် အဲဒီအရည်ကို မျက်နှာပေါ်မှာ လိမ်းပေးပြီး ၁၅-၂ဝ ခန့် ထားပြီး ရေစင်အောင်ဆေးပါ။ ၃-၄ရက်တစ်ကြိမ် အသုံးပြု ပေးနိုင်ပါတယ်။ သခွားသီးအရည်ရဲ့ အစွမ်းသတ္တိက အသားအရေကို စိုပြေလတ်ဆတ် စေပါတယ်။ ရေဓာတ်ဖြည့်ဆည်း ပေးတဲ့အတွက် အသားအရေလေးဟာ စိုပြေ လန်းဆန်းမှုကို ပေးစွမ်းမှာပါ။ သခွားသီးလေးတွေက ဈေးမှာ အလွယ်တကူ ဝယ်ယူလို့လည်းတယ်။ ဈေးလည်းချိုတယ်။ အဆင်ပြေတာပေါ့နော်။

(၂) Vitamin E

ဗီတာမင်Eအတောင့် အနည်းငယ်ကို ဖောက်ပြီး အထဲထဲက အဆီလေးတွေကို ယူလိုက်ပါ။ အဲဒီအဆီလေးတွေနဲ့ ၁ဝမိနစ် ၁၅မိနစ်လောက် နှိပ်နယ်ပေးလိုက်ပါ။ ပြီးရင် တစ်ညလုံး ထားလိုက်ပါ။ ဗီတာမင်Eကို ညတိုင်း အိပ်ရာမဝင်ခင် အသုံးပြုပေးသင့်ပါတယ်။ ဗီတာမင်Eရဲ့အစွမ်းသတ္တိက အသားအရေကို ကျန်းမာစေတယ်။ စိုပြေဝင်းလက်စေတယ်။ အသားအရေ ပျက်စီးမှုကိုလည်း ကာကွယ်ပေးပါတယ်။

(၃) သံလွင်ဆီ

သံလွင်ဆီလေးကို ရေချိုးပြီးရင် ခြောက်သွေ့တဲ့ အသားအရေပေါ်မှာ သုတ်လိမ်းပေးပါ။ ခန္ဓာကိုယ်အနှံ့ မိနစ်အနည်းငယ်လောက် ဒီသံလွင်ဆီလေးနဲ့ နှိပ်နယ်ပေးပါ။ Body Lotion အနေနဲ့ နေ့စဉ် အသုံးပြုပေးလို့ ရပါတယ်။ သံလွင်ဆီရဲ့ ဓာတ်သတ္တိကတော့ အသားအရေကို တောက်ပစေပြီး တင်းရင်းစိုပြေစေပါတယ်။

(၄) ဒိန်ချဉ်

ဒိန်ချဉ်ကို သံပုရာရည်နဲ့ ရောမွှေပါ။ ပြီးရင် မျက်နှာပေါ်မှာ လိမ်းပေးလိုက်ပါ။ ဆယ်မိနစ်ခန့် မျက်နှာကို နှိပ်နယ်ပေးပြီး နောက်ထပ် ၅မိနစ်ထားထားလိုက်ပါ။ ပြီးရင် ရေနဲ့ပြောင်စင်အောင် ဆေးကြောလိုက်မယ်ဆိုရင် ချွေးပေါက်တွေကို ကျဉ်းသွားစေပြီး တင်းရင်းတဲ့အသားအရေကို ရရှိမှာပဲဖြစ်ပါတယ်။ တစ်ပတ် ၃ကြိမ် ၄ကြိမ်ခန့် ပြုလုပ်ပေးပါ။

(၅) ကြက်ဥအကာ

ကြက်ဥအကာကို ပျားရည်နဲ့ ရောမွှေပြီး မျက်နှာပြင်ပေါ်မှာ လိမ်းပေးပါ။ ၁၅မိနစ်ခန့်ထားပြီးရင် ရေနဲ့ သန့်စင်သွားအောင် ဆေးကြောပေးနိုင်ပါတယ်။ တစ်လမှာ သုံးကြိမ်ခန့် ပြုလုပ်ပေးသင့်ပါတယ်။ ကြက်ဥအကာက ပရိုတင်းဓာတ်ကြွယ်ဝပြီး အသားအရေကို တင်းရင်းစေပါတယ်။ ဒါ့အပြင်လည်း ဆဲလ်တွေကို ပြန်လည်တည်ဆောက်ပေးပြီး အသားအရေကြည်လင်ဝင်းပစေပါတယ်။

ဒီလိုဆိုရင် အိမ်မှာနေရင်းနဲ့ အလွယ်တကူ အသားအရေကို ထိန်းသိမ်းလို့ရပြီပေါ့နော်။

Htet Htet Tin Zar (ရိုးရာလေး)

Ref : Beauty : Effective Home Remedies For Skin Tightening

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top