ခြေထောက်မှာကျန်နေတဲ့ ခြေအိတ်အမှတ်အသားက ပြနေတဲ့ ကျန်းမာရေးပြဿနာတွေ

5-8-2020-yyl-016.jpg

တစ်ခါတလေ သင်ခြေအိတ်ဝတ်တဲ့အခါ သင့်ခြေထောက်မှာ အမှတ်အသားကျန်နေခဲ့တာမျိုးကို သင် သေချာပေါက် သတိထားမိတယ်မလား။ ခြေအိတ်ဝတ်တဲ့အခါ ခြေထောက်မှာ အမှတ်အသား (၁) ကြိမ် (သို့) (၂) ကြိမ် ဖြစ်နေရင် ခြေအိတ်ရဲ့မျှောကြိုးက အရမ်းတင်းနေတယ်ဆိုတဲ့ သင်္ကေတဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင့်ခြေအိတ်အမှတ်အသားက ခြေအိတ်ဝတ်တဲ့အခါတိုင်း အမြဲလိုလိုဖြစ်နေရင် သင့်ခန္ဓာကိုယ်မှာ တစ်ခုခုဖြစ်နေတယ်ဆိုတာ ပြနေတဲ့ လက္ခဏာရပ်တစ်ခုဖြစ်နိုင်ပါတယ်။ အဲဒီလိုခြေအိတ်အမှတ်အသား ဖြစ်နေရင် သင့်ခန္ဓာကိုယ်မှာ ဘယ်လိုကျန်းမာရေးပြဿနာတွေ ဖြစ်နေလဲဆိုတာကို တစ်ချက်ကြည့်လိုက်ရအောင်..။

သွေးဖိအားများခြင်း

သင့်ခြေထောက် ယောင်ရမ်းနေသလို ခံစားနေရရင် သင့်ခြေထောက်အောက်ပိုင်းမှာ ဖြစ်တည်နေတဲ့ အရည်တွေ များလာတဲ့အကြောင်းအရင်း ဖြစ်နိုင်ပါတယ်။ အမြဲလိုလို သူ့ဘာသာနာကျင်တာမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ ခြေအိတ်ဝတ်ဆင်တဲ့အခါ သက်တောင့်သက်သာမရှိသလို ခြေထောက်ရောင်ရမ်းနေသလို ခံစားရနိုင်တာပါ။ ခန္ဓာကိုယ်တွင်းက အရည်ဓာတ်တချို့ကို ထိန်းသိမ်းထားရတာကြောင့် (fluid retention) သွေးဖိအားများလာရပြီး ခန္ဓာကိုယ်တစ်ခုလုံးကို သွေးပို့ဆောင်ဖို့အတွက်နှလုံးကို အခက်အခဲဖြစ်စေပါတယ်။ ခြေထောက်၊ ခြေဖဝါးမှာ အမြဲလိုလို အရည်ဓာတ်တစ်မျိုးထိန်းထားခြင်းအားဖြင့် ခန္ဓာကိုယ်က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

သွေးပြန်ကြောထုံးခြင်း

ခြေထောက်က သွေးပြန်ကြောတွေ အားနည်းလာတဲ့အခါ နှလုံးဆီကို သွေးလုံလုံလောက်လောက် ပြန်မပို့နိုင်ပါဘူး။ အဲဒီနောက်မှာ ခြေထောက်ရဲ့ သွေးပြန်ကြောတွေမှာသွေးတွေက ပြန်စီးဆင်းလာပြီး နာကျင်တဲ့ရောင်ရမ်းမှု ဖြစ်လာပါတယ်။ ဒီအခြေအနေက သွေးပြန်ကြောထုံးခြင်းရဲ့အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ သင်က ခြေထောက်ဝတ်တဲ့အခါတိုင်း ခြေအိတ်အမှတ်အသားကျန်နေခဲ့ရင် သင့်သွေးပြန်ကြောက သင့်နှလုံးဆီကို သွေးစီးဆင်းအောင် လုပ်လို့မရဖြစ်နေပြီး သွေးပြန်ကြောထုံးနေတယ်ဆိုတာကို သင့်ခန္ဓာကိုယ်က ပြောဖို့ကြိုးစားနေတာဖြစ်ပါတယ်။

ရေဓာတ်ကုန်ခန်းခြင်း

သင့်ခန္ဓာကိုယ်က ရေဓာတ်လုံလုံလောက်လောက်မရရင် သွေးကြောတွေကို ပျက်စီးစေပါတယ်။ ပျက်စီးသွားတဲ့ သွေးပြန်ကြောတွေက အနီးနားမှာ အရည်ဓာတ်တစ်မျိုးဖြစ်တည်ဖို့အတွက် ယိုစိမ့်ပေါက်သေးသေးလေးကို ဖန်တီးဖို့ ကြိုးစားရပါတယ်။ ဒီအရည်ဓာတ်စုဆောင်းနိုင်မယ့် နေရာကတော့ ခြေချင်းဝတ်နဲ့ ခြေထောက်အောက်ပိုင်းတစ်ဝိုက် ဖြစ်ပါတယ်။ သင့်ခြေချင်းဝတ်တစ်ဝိုက်မှာ ပေါ်လာတဲ့ ခြေအိတ်အမှတ်အသားက သင့်ခန္ဓာကိုယ်က ရေဓာတ်ကုန်ခန်းနေတယ်ဆိုတာ ညွှန်ပြနေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဆေးဝါးတွေရဲ့ဘေးထွက်ဆိုးကျိုး

ခြေအိတ်ဝတ်တဲ့အခါတိုင်း အမှတ်သားကျန်နေခဲ့တယ်ဆိုရင် သင့်သောက်တဲ့ဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဆေးတွေသောက်နေရရင်လည်း ခြေထောက်အောက်ပိုင်း ရောင်ရမ်းတာကိုလည်း ဖြစ်စေနိုင်ပါတယ်။ သွေးဖိအားနဲ့ စိတ်ကျရောဂါအတွက် သောက်ရတဲ့ဆေးတွေကလည်း ခြေထောက်ရောင်ရမ်းစေနိုင်ပါတယ်။ ကိုယ်ဝန်တားဆေးတွေကလည်း အမျိုးသမီးခန္ဓာကိုယ်က ဟော်မုန်းပမာဏကို ပြောင်းလဲစေနိုင်ပြီး ခန္ဓာကိုယ်တွင်းက အရည်ဓာတ်တချို့ကို ထိန်းသိမ်းရတာနဲ့ ခြေထောက်ရောင်ရမ်းတာတွေဖြစ်လာနိုင်ပါတယ်။

ပုံမှန်လိုလို ခြေအိတ်အမှတ်အသားကျန်နေရင် ဘယ်လိုလုပ်မလဲ

ခြေအိတ်ဝတ်တဲ့အခါတိုင်း သင့်ခြေထောက်မှာ ခြေအိတ်အမှတ်အသားကျန်နေရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်တာ အကောင်းဆုံးပါပဲ။ ဒါပေမဲ့ အဲဒီအခြေအနေကို လျော့နည်းသွားစေနိုင်မယ့် နည်းလမ်းတချို့တော့ရှိပါတယ်။ ခြေအိတ်အမှတ်အသားကျန်ရတာက ခြေထောက်ရောင်ရမ်းခြင်းကြောင့် အများဆုံးဖြစ်တဲ့အတွက်

  • ဆားစားသုံးမှုပမာဏကို လျော့ချပါ
  • ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကိုယ်အလေးချိန်ကို ထိန်းပါ
  • ချုံ့ဆန့်နိုင်တဲ့ခြေအိတ်ကို ဝတ်ဆင်ပါ
  • အကြာကြီးထိုင်တာ၊ မတ်တပ်ရပ်တာကို ရှောင်ပါ
  • သက်တောင့်သက်သာဖြစ်တဲ့ဖိနပ်တွေကို ရွေးချယ်ဝတ်ဆင်ပါ

Ref: 4 Health Issues That Sock Marks May Signal

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top