ကာလသားရောဂါကို ကာကွယ်ပေးနိုင်တဲ့ဆေး တွေ့ရှိ

gonorrhoeas-large.jpg

လိင်ပိုင်းဆိုင်ရာကနေ ကာလသားရောဂါ ကူးစက်မှုကို ကာကွယ်နိုင်တဲ့ ပထမဆုံး ကာကွယ်ဆေးတစ်မျိုး တွေ့ရပြီလို့ နယူးဇီလန်နိုင်ငံက သိပ္ပံပညာရှင်တွေက ပြောပါတယ်။
နှစ်စဉ်နှစ်တိုင်း ကမ္ဘာတစ်ဝန်းမှာ လိင်ပိုင်း ဆိုင်ရာကနေ ကာလသားရောဂါ ကူးစက်ခံရသူ ရ၈ သန်းရှိပြီခဲ့ပါပြီ။

ရောဂါကူးစက်ခံရရင် လိင်အင်္ဂါတစ်ဝိုက် စိမ်းဖန့်ဖန့် အစက်အပျောက်တွေဖြစ်တာကအစ ဆီးသွားရင် နာကျင်မှု ဝေဒနာ ခံစားရတဲ့အပြင် ကလေးမရနိုင်တဲ့ အဆင့်အထိ ဖြစ်နိုင်ပါတယ်။

အခုအခါမှာတော့ ဦးနှောက်အမြှေးရောင်ရောဂါ (meningitis B) ကို ကာကွယ်နိုင်ဖို့ ဖော်စပ်ထားတဲ့ဆေးက ကာလသားရောဂါ ကာကွယ်ပေးနိုင်တဲ့ အထောက်အထား တွေ့ရှိရတာဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အတွင်း နယူးဇီလန်နိုင်ငံက မြီးကောင်ပေါက် တစ်သန်းနီးပါးကို ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး ထိုးပေးခဲ့ပြီး သူတို့ထဲက ၁၅၀၀၀ ကို လေ့လာခဲ့ရာမှာ ဦးနှောက်အမြှေးရောင် ကာကွယ်ဆေးကြောင့် ကာလသားရောဂါ ကူးစက်ခံရနိုင်ခြေ ၃ပုံ ၁ပုံ လျော့ကျသွားခဲ့တယ်လို့ တွေ့ရပါတယ်။

ဦးနှောက်အမြှေးရောင် ရောဂါဖြစ်ပွားစေနိုင်တဲ့ Neisseria Meningitidis ဘက်တီးရီးယားပိုး ဟာ ကာလသားရောဂါ ဖြစ်ပွားစေနိုင်တဲ့ Neisseria Gonorrhoeae ဘက်တီးရီးယားပိုးနဲ့ တော်တော်တူညီတဲ့အတွက် ဦးနှောက်အမြှေးရောင် ကာကွယ်ဆေး MeNZB က ကာလသားရောဂါကို ကာကွယ်ပေးနိုင်တာ ဖြစ်နိုင်တာလို့ သုတေသီတွေက ဆိုပါတယ်။

ဒါပေမဲ့ MeNZB ဆိုတဲ့ အဲဒီကာကွယ်ဆေးကို လက်ရှိအချိန်မှာ မရနိုင်တော့ဘဲ MeNZB ဆေးက ပစ္စည်းအများအပြား ပါဝင်တဲ့
4CMenB ဆေးကိုပဲ အသုံးပြုရဖို့ ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာပေါ်က နိုင်ငံတွေထဲမှာ ဗြိတိန်နိုင်ငံ တစ်နိုင်ငံပဲ ကလေးတွေကို ပုံမှန်ကာကွယ်ဆေး ထိုးပေးတဲ့အထဲမှာ 4CMenB ဆေးထိုးပေးဖို့ ရှိနေတယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။

Ref: http://www.bbc.com/news/health-40555702
Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top