ပရီးမီးယားလိဂ်မှာ သုံးနေတဲ့ VAR စနစ်က ၁၀ မှတ်ပေးရင် ၇ မှတ်ရပါတယ်လို့ VAR အကြီးအကဲ ဆို

yyl-1.jpg

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ VAR (ဗီဒီယိုလက်ထောက်ဒိုင်)စနစ်ရဲ့ စွမ်းဆောင်မှုက (၁၀)မှတ်ပေးရင် (၇)မှတ်ရမယ့်အခြေအနေရှိတယ်လို့ ပရီးမီးယားလိဂ်ရဲ့ VAR အကြီးအကဲ နေးလ်ဆွာဘရစ်က ပြောပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်မှာလည်း VAR ရဲ့ အတိမ်းအစောင်းတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ နေးလ်ဆွာဘရစ်က အခုလို ပြောခဲ့တာပါ။ လီဗာပူးအသင်း အဖွင့်ဂိုးမရခင် ၂၂ စက္ကန့်အလိုမှာ အလက်ဇန္ဒားအာနိုး လက်ထိခဲ့လို့ ပင်နယ်တီရသင့်တယ်လို့ မန်စီးတီးအသင်းက ဆိုခဲ့သလို စပါးနဲ့ပွဲမှာ စင်တီမီတာလောက်ပဲ ကျွံထွက်နေတဲ့ အနေအထားကြောင့် ရှက်ဖီးယူနိုက်တက်အသင်းရဲ့သွင်းဂိုးကို လူကျွံဘော သတ်မှတ်ခဲ့ပါတယ်။

နေးလ်ဆွာဘရစ်ဟာ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့အစည်းအတွက်VAR စနစ်ကို ကြီးကြပ်ရသူပါ။ VAR စနစ်က အမှားထက် အမှန်ပိုများပေမဲ့ ဘောလုံးလောကမှာ အသားကျလာဖို့ အချိန်တော့ယူရဦးမယ်လို့ ဆိုခဲ့ပါတယ်။ လာမယ့်နှစ်နှစ်အတွင်းမှာတော့ VAR စနစ်က ၁၀ မှတ်ပေးရင် ၉ မှတ်လောက်အထိ ရလာလိမ့်မယ်လို့ သူက ပြောပါတယ်။ ပရီးမီးယားလိဂ် ဒိုင်အဖွဲ့အကြီးအကဲ မိုက်ရီလေးကတော့ VAR စနစ်မှာ မှားယွင်းမှုတွေရှိနေတယ်လို့ ဝန်ခံခဲ့ပြီး လာမယ့်ကြာသပတေးနေ့မှာ ပရီးမီးယားလိဂ် အမှုဆောင်ချုပ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ ပရီးမီးယားလိဂ်ကလပ်တွေက ဒိုင်တွေအနေနဲ့ ကွင်းဘေးစည်းမှာရှိတဲ့ မော်နီတာတွေကို ကြည့်ရှုပိုင်းခြားပြီးမှ ဆုံးဖြတ်ကြဖို့ တိုက်တွန်းဖွယ်ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top