အာဖရိကနိုင်ငံများဖလားရမယ်ဆိုရင် ချန်ပီယံလိဂ်ဖလားကိုစွန့်လွှတ်မယ့် မာနေး

65375423_2447715441926028_48100511273975808_n.jpg

ဆီနီဂေါအသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလားဆွတ်ခူးနိုင်မယ်ဆိုရင် လီဗာပူးအသင်းနဲ့ရရှိထားတဲ့ ချန်ပီယံလိဂ်ဖလားကို စွန့်လွှတ်ဖို့ဝန်မလေးဘူးလို့ တိုက်စစ်မှူး မာနေးက ပြောပါတယ်။ ပြီးခဲ့တဲ့ရာသီက စပါးကို (၂)ဂိုးပြတ် အနိုင်ယူပြီး (၆) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ လီဗာပူးအသင်းမှာ မာနေးက အဓိကကစားသမားတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ မာနေးက ဆီနီဂေါနဲ့အတူ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကစားနေပါတယ်။ ဆီနီဂေါအသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလား ဆွတ်ခူးနိုင်ရေးက သူ့ရဲ့အိပ်မက်လို့ မာနေးကပြောပါတယ်။

”ဆီနီဂေါအတွက် အာဖရိကနိုင်ငံများဖလားဆွတ်ခူးပေးနိုင်မယ်ဆိုရင် ချန်ပီယံလိဂ်ဖလားနဲ့ အလဲအထပ်လုပ်မှာပါ။ အာဖရိကနိုင်ငံများဖလားကို တစ်ကြိမ်မျှမရဖူးတဲ့ကိုယ့်နိုင်ငံအသင်းအတွက် ဖလားယူပေးနိုင်တာ အံ့အားသင့်စရာဖြစ်မှာပါ။ ထူးခြားတဲ့အိမ်ပြန်ခရီးဖြစ်လာမှာပါ။ ဒါက ကျွန်တော့်အိပ်မက်ပါပဲ။ အဲဒီလိုစွမ်းဆောင်ဖို့အခွင့်အရေးက ကျွန်တော်တို့လက်ထဲမှာရှိပါတယ်။ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့အသင်းတွေထဲမှာ ကျွန်တော်တို့အသင်းပါပါတယ်။ ရလဒ်ကောင်းဖို့လိုသလို ပွဲစဉ်တိုင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ လိုတယ်”လို့ မာနေးက ပြောပါတယ်။ ဆီနီဂေါအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ တန်ဇန်းနီးယားကို (၂) ဂိုးပြတ်အနိုင်ရခဲ့ပြီး ဒုတိယပွဲစဉ်အဖြစ် အယ်လ်ဂျီးရီးယားနဲ့ ကစားရမှာပါ။ အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ ကင်ညာအသင်းနဲ့ တွေ့ဆုံနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top