ကင်မရွန်းအသင်း ကွင်းထဲကထွက်မသွားအောင် ကွင်းလယ်ဒိုင်က VAR ဆုံးဖြတ်ချက် (၂) ကြိမ်ကို ပယ်ချ

64991840_2447714705259435_3939208686651572224_n.jpg

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ (၁၆) သင်းအဆင့်ပွဲစဉ်အဖြစ်ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ကင်မရွန်းအသင်းပွဲစဉ်မှာ ကင်မရွန်းအသင်းကစားသမားတွေ ကွင်းထဲကထွက်သွားမှာစိုးရိမ်တဲ့အတွက် ကွင်းလယ်ဒိုင်က VAR ဆုံးဖြတ်ချက် (၂) ကြိမ်ကိုပယ်ချခဲ့တယ်လို့ Telegraph သတင်းဌာနကဖော်ပြပါတယ်။ ဖရန့်ကာဘီကို ပင်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ VAR (ဗီဒီယိုလက်ထောက်ဒိုင်စနစ်) က ဖော်ပြခဲ့ပေမဲ့ ကွင်းလယ်ဒိုင် ချင်းလျံက ပင်နယ်တီပေးဖို့ငြင်းဆန်ခဲ့သလို အင်္ဂလန်အသင်းခေါင်းဆောင် စတိ (ပ်) ဟောက်တန်ကို ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့တဲ့ ကင်မရွန်းကစားသမား တာကိုအန်ဒါကိုလည်း အနီကတ်ပြထုတ်ပယ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်တွေမတိုင်ခင်အစောပိုင်းမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ကင်မရွန်းအသင်းက (၂) ကြိမ်တိုင်တိုင်စောဒကတက်ခဲ့ပြီး ကွင်းထဲကထွက်သွားမယ့်ပုံစံရှိခဲ့ပါတယ်။ ပွဲအရှိန်မထိခိုက်စေဖို့နဲ့ အသင်းတစ်သင်းသင်း ကွင်းထဲကထွက်သွားတာမျိုးမဖြစ်စေဖို့အတွက် VAR ဆုံးဖြတ်ချက်တွေအပေါ် ကွင်းလယ်ဒိုင်က ပယ်ချမယ်ဆိုရင်ပယ်ချခွင့်ရှိတယ်လို့ ဖီဖာကထောက်ခံထားပါတယ်။ အဲဒီပွဲစဉ်မှာ အင်္ဂလန်အသင်းက (၃) ဂိုးပြတ်အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ် တက်လှမ်းနိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာ နော်ဝေနဲ့ ကစားရမှာဖြစ်ပြီး နော်ဝေကိုအနိုင်ရခဲ့ရင် အမေရိကန်-ပြင်သစ်ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ် ကစားရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top