ကစားသမားဘဝရဲ့ ဆုဖလားစံချိန်ကို မြှင့်တင်လိုက်တဲ့ ဒန်နီအဲလ်ဗက်စ်

66180718_2471849416179297_7591339435661197312_n.jpg

မာရာကာနာကွင်းမှာ ပီရူးကို အနိုင်ကစားပြီး ဘရာဇီးအသင်းနဲ့အတူ ဆွတ်ခူးနိုင်ခဲ့တဲ့ ကိုပါအမေရိကဖလားက နောက်ခံလူ ဒန်နီအဲလ်ဗက်စ်အတွက် ကစားသမားဘဝရဲ့ (၄၀) မြောက် ဆုဖလားဖြစ်ပါတယ်။ ဒန်နီအဲလ်ဗက်စ်ဟာ ကစားသမားဘဝမှာ ဆုဖလားအများဆုံး ဆွတ်ခူးနိုင်တဲ့ ကစားသမားအဖြစ် စံချိန်တင်ထားသူပါ။ (၁၈) နှစ်ကြာမြင့်တဲ့ သူ့ရဲ့ကစားသမားဘဝမှာ ကလပ်အသင်း (၅) သင်းအတွက် ကစားခဲ့ပြီး ဘရာဇီးလက်ရွေးစင်အသင်းအတွက် (၁၁၅) ပွဲ ကစားခဲ့သူပါ။

(၃၆) နှစ်အရွယ်ရှိတဲ့ ဒန်နီအဲလ်ဗက်စ်ဟာ ဘရာဇီးကလပ် ဘာဟီယာအသင်းမှာ ကစားသမားဘဝ စတင်ခဲ့ပြီး ၂၀၀၂ ခုနှစ်က ဆီဗီလာအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူဟာ ဆီဗီလာကို ပြောင်းရွှေ့ပြီးနောက်ပိုင်း ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပြီး ဘာစီလိုနာ၊ ဂျူဗင်တပ်၊ ပီအက်စ်ဂျီ စတဲ့အသင်းတွေနဲ့အတူ အမှတ်ပေးဖလားနဲ့ ဆုဖလားတွေ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ သူဟာ ၂၀၀၉၊ ၂၀၁၁၊ ၂၀၁၅ ခုနှစ်တွေမှာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား (၃) လုံး ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒန်နီအဲလ်ဗက်စ်ဟာ ၂၀၀၇ ခုနှစ်က ဘရာဇီးနဲ့အတူ ကိုပါအမေရိကဖလား ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်တွေမှာ တိုက်ကြီးများဖလားကို (၂) ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာတော့ သူ့အတွက် ဒုတိယမြောက် ကိုပါအမေရိကဖလား ဆွတ်ခူးခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top