ပီအက်စ်ဂျီကို အနိုင်ယူပြီး စံချိန်သစ်တစ်ခု စိုက်ထူလိုက်တဲ့ မန်ယူ

21-10-2020-yyl-020.jpg

ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ပီအက်စ်ဂျီကို အနိုင်ရခဲ့တဲ့ မန်ယူဟာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အဝေးကွင်းပွဲစဉ် (၁၀)ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ စံချိန် စိုက်ထူနိုင်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီ ဦးဆောင်ဂိုး ရယူခဲ့တဲ့ မန်ယူဟာ ပွဲချိန်(၅၅)မိနစ်မှာ မာရှယ်ရဲ့ OG ဂိုးကြောင့် ချေပဂိုး ပြန်ပေးခဲ့ရပေမဲ့ ပွဲချိန် (၈၇)မိနစ်မှာ ရက်ရှ်ဖို့ဒ်က ဧရိယာထိပ် ကန်ချက်နဲ့ အနိုင်ဂိုးသွင်းခဲ့တာပါ။

နည်းပြဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ ဇွန်လ ၂၇ ရက်က အက်ဖ်အေဖလားပွဲမှာ နောဝစ်ချ်ကို အချိန်ပိုသွင်းဂိုး (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ကစပြီး အဝေးကွင်းပွဲစဉ် (၁၀)ပွဲဆက်တိုက် အနိုင်ရခဲ့ပါတယ်။ မန်ယူဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု (၃၉) ရာခိုင်နှုန်းပဲ ရှိခဲ့ပေမဲ့ ပီအက်စ်ဂျီထက် ဂိုးပေါက်ပိုတည့်ခဲ့ ( ပီအက်စ်ဂျီက ၅ ကြိမ်သာ ဂိုးပေါက်တည့်ပြီး မန်ယူက ၆ ကြိမ် ဂိုးပေါက်တည့်ခဲ့)ခဲ့ပါတယ်။ ဒီပွဲမှာ နေမာ၊ ဘာပေ စတဲ့ ထိပ်တန်းတိုက်စစ်မှူးတွေကို ထင်တိုင်းမပေါက်အောင် ထိန်းပြခဲ့တဲ့ မန်ယူနောက်ခံလူ တွန်ဇီဘီကလည်း ချီးကျူးခံနေရပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top