လက်သီးအပြင်းဆုံး လက်ဝှေ့သမားလို့ ကြုံးဝါးလိုက်တဲ့ ဒီယွန်တေးဝှိုက်ဒါ

yyl-006-13.jpg

ကျူးဘားလက်ဝှေ့သမား လူးဝစ်အော်တစ်ကို (၇)ချီမြောက်မှာ အလဲထိုးခဲ့ပြီးနောက်မှာတော့ အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝှိုက်ဒါက သူ့ကိုယ်သူ လက်သီးအပြင်းဆုံး လက်ဝှေ့သမားလို့ ကြွေးကြော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့ပွဲစဉ်မှာ လူးဝစ်အော်တစ်က ပထမဆုံး(၆)ချီလုံး အသာစီးရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ (၇)ချီမြောက်မှာတော့ ဒီယွန်တေးဝှိုက်ဒါရဲ့ ညာလက်သီးချက်ကြောင့် လဲကျသွားခဲ့ပါတယ်။

အသက် ၃၄ နှစ်ရှိတဲ့ ဒီယွန်တေးဝှိုက်ဒါဟာ လက်ဝှေ့သမားဘဝတစ်လျှောက် ပွဲစဉ်(၄၃)မှာ (၄၂)ပွဲအထိ အနိုင်ရခဲ့ပြီး အလဲထိုးနိုင်ပွဲ(၄၁)ပွဲ ရရှိထားသူပါ။ အခုနိုင်ပွဲကြောင့် WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံခါးပတ်ကို ဆက်လက်ထိန်းသိမ်းနိုင်ပါတယ်။

” ကျွန်တော်က လက်ဝှေ့သမိုင်းမှာ လက်သီးအပြင်းဆုံး လက်ဝှေ့သမားလို့ပြောရင် မလွန်လောက်ဘူးထင်ပါတယ်။ ကာလတစ်ခုမှာပေါ့။ ကျွန်တော့်အစွမ်းကို တစ်ကြိမ်ပြီး တစ်ကြိမ်ပြသနေပါတယ်။ အရမ်းကောင်းတဲ့ပွဲစဉ်တွေ၊ အရမ်းကောင်းတဲ့ အလဲထိုးပွဲစဉ်တွေနဲ့ပေါ့”လို့ ဒီယွန်တေးဝှိုက်ဒါက ဆိုပါတယ်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံခါးပတ် ပိုင်ဆိုင်ခဲ့တဲ့ ဒီယွန်တေးဝှိုက်ဒါဟာ ချန်ပီယံခါးပတ်ကာကွယ်ပွဲ ၁၀ ပွဲလုံး အနိုင်ရထားသူပါ။ သူဟာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလက ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီနဲ့ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာတော့ သရေရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ အဲဒီပွဲစဉ်မှာလည်း သူက တိုင်ဆန်ဖျူရီကို ၉ ချီမြောက်နဲ့ နောက်ဆုံးအချီမှာ လဲကျသွားအောင် ထိုးနိုင်ခဲ့ဖူးပါတယ်။ ဒီယွန်တေးဝှိုက်ဒါနဲ့ တိုင်ဆန်ဖျူရီဟာ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၂ ရက်မှာ စိတ်မကျေပွဲ ပြန်ထိုးဖို့ စီစဉ်ထားပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top