သန္ဓေသားရဲ့ကျောရိုးကို မီးမဖွားခင်အချိန်မှာ အောင်အောင်မြင်မြင်ခွဲစိတ်ကုသနိုင်ခဲ့မှု

P1.jpg

ကိုယ်ဝန်သည်တစ်ယောက်ရဲ့ သားအိမ်တွင်းမှာ သန္ဓေသားရှိနေစဉ် ကလေးရဲ့ကျောရိုးကို အောင်မြင်စွာ ခွဲစိတ်ကုသမှုပြုလုပ်နိုင်ခဲ့ပြီလို့ သိရပါတယ်။

ဘီသန် ဆင်ဆွန် (Bethan Simpson) ရဲ့ကိုယ်ဝန် ၂၀ ပတ်ရချိန်စစ်ဆေးခဲ့တဲ့အခါ သန္ဓေသားရဲ့ ကျောရိုးက ချွတ်ယွင်းနေတာကို ဆရာဝန်တွေ တွေ့ရှိခဲ့တဲ့အတွက် ကိုယ်ဝန်ကို ဖျက်ပစ်ဖို့ အကြံပေးခဲ့ကြပါတယ်။

ဆင်ဆွန်က ကလေးကို စွန့်လွှတ်ဖို့ငြင်းဆိုရင်း သန္ဓေသားကို ခွဲစိတ်ကုသဖို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်။

ဒါကြောင့် ဆရာဝန်တွေက မိခင်ရဲ့သားအိမ်မှာရှိနေဆဲ သန္ဓေသားရဲ့ကျောရိုးကို ခွဲစိတ်ကုသမှုတွေပြုလုပ်ခဲ့ကြပါတယ်။

 

ဒီခွဲစိတ်ကုသမှုကအောင်မြင်ခဲ့ပြီး အခုဆိုရင် ဆင်ဆွန်က ဧပြီလထဲမှာ သမီးလေးတစ်ဦးကို မွေးဖွားတော့မှာဖြစ်ပါတယ်။

ကလေးတချို့ကို အဖိတ်အဆင်မရှိဘဲ ကုသနိုင်ခဲ့တဲ့ ဘယ်ဂျီယံမှာ ဒီလိုခွဲစိတ်ကုသမှုမျိုးကို အခုထိတိုင်အောင် ပြုလုပ်နေရပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top