ဗလင်စီယာဘက်ကို ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းခဲ့တဲ့ တိုနီခရူးစ်

yyl-024-3.jpg

စပိန်စူပါဖလား ဆီမီးဖိုင်နယ်မှာ ထောင့်ကန်ဘောကနေ တိုက်ရိုက်ဂိုးသွင်းခဲ့တဲ့ တိုနီခရူးစ်ရဲ့ သွင်းဂိုးနဲ့အတူ ရီးရဲလ်အသင်းက ဗလင်စီယာကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဗလင်စီယာဂိုးသမား ဒိုမီနက်ချ်က ရီးရဲလ်အသင်းရဲ့ ထောင့်ကန်ဘောကို ကာကွယ်ရမယ့်ပုံစံနဲ့ပတ်သက်ပြီး နောက်ခံလူ ကိုကွီလင်နဲ့ စကားပြောနေတုန်းမှာပဲ ရီးရဲလ်ကွင်းလယ်လူ တိုနီခရူးစ်က ထောင့်ကန်ဘောကို တိုက်ရိုက်ကန်သွင်းယူခဲ့တာပါ။

ဗလင်စီယာဂိုးသမား ဒိုမီနက်ချ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဘက်တစ်နဲ့ ကစားခဲ့တဲ့ပွဲမှာလည်း ကွင်းလယ်လူ ဂျိုအာကွင်းရဲ့ ထောင့်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှု ကြုံခဲ့ရဖူးပါတယ်။ ဆော်ဒီနိုင်ငံ အဗ္ဗဒူလာဘုရင်အားကစားမြို့ ဘောလုံးကွင်းမှာ ကစားခဲ့တဲ့ ဗလင်စီယာနဲ့ပွဲမှာ အစ္စကို၊ မိုဒရစ်တို့က ရီးရဲလ်အတွက် ဂိုးတွေထပ်သွင်းခဲ့ပါတယ်။ ရီးရဲလ်ဟာ ဘာစီလိုနာ-အက်သလက်တီကိုတို့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top