အခုနှစ်မှာလည်း အော်စကာဆုပေးပွဲကို အစီအစဉ်မှူးမပါဘဲ ကျင်းပသွားမယ်

yyl-025-1.jpg

အော်စကာဆုပေးပွဲလို့ သိကြတဲ့ အကယ်ဒမီဆုပေးပွဲကို နှစ်စဉ်ကျင်းပလာခဲ့တာ အခုနှစ်နဲ့ဆိုရင် ၉၂ ကြိမ်တိုင်ခဲ့ပါပြီ။ ပြီးခဲ့တဲ့နှစ်က အော်စကာဆုပေးပွဲကို အစီအစဉ်မှူးမပါဘဲ ကျင်းပခဲ့ပါတယ်။ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် ၂၀၂၀ပြည့်နှစ်အတွက် အော်စကာဆုပေးပွဲကိုလည်း အစီအစဉ်မှူးမပါဘဲ ကျင်းပသွားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး ABC Entertainment ရဲ့ ဥက္ကဌ ကာရေး ဘာကီ (Karey Burke) က “အခု ဒါကို အတည်ပြုပေးပါရစေ။ အခုနှစ်လည်း ထပ်ပြီး အစီအစဉ်မှူးမပါဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အစီအစဉ်မှူးမပါဘဲ ဆုပေးပွဲကျင်းပခဲ့တဲ့ဆုံးဖြတ်ချက်ကလည်း ကောင်းတဲ့သုံးသပ်ချက်တွေနဲ့ အဆင်ပြေချောမွေစွာနဲ့ ပြီးခဲ့တယ်လို့ ဆိုပါတယ်။ “အရင်နှစ်ကလို အခုနှစ်မှာ ထပ်ပြီးတော့ မယုံကြည်လောက်နိုင်တဲ့ ဖျော်ဖြေတင်ဆက်မှုတွေရှိမှာဖြစ်တယ်” လို့ ကာရေးက ပြောပါတယ်။ ၂၀၂၀ပြည့်နှစ် အော်စကာဆုပေးပွဲအတွက် ဆန်ကာတင်စာရင်းဝင်တွေကို လာမယ့်တနင်္လာနေ့မှာ ကြေညာပေးသွားမှာဖြစ်ပါတယ်။ ဆုပေးပွဲကိုတော့ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီ (၉) ရက်နေ့မှာ လော့စ်အိန်ဂျလိစ်မြို့ရဲ့ Dolby Theatre မှာ ကျင်းပသွားမှာဖြစ်ပြီး ABC ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

အရင်နှစ်ဆုပေးပွဲတွေအတွက် အစီအစဉ်တင်ဆက်မယ့်သူကိုရှာရတာ ခက်ခဲခဲ့ပါတယ်။ အော်စကာဆုပေးပွဲတွေမှာ အစီအစဉ်မှူးအဖြစ်တာဝန်ယူခဲ့တဲ့ ဟာသလူရွှင်တော် ကယ်ဗင် ဟာ့တ် (Kevin Hart) က လူမှုကွန်ယက်အကောင့်မှာ LGBTQ အသိုင်းအဝိုင်းနဲ့ပတ်သက်ပြီး အမြင်စောင်းစေတဲ့သုံးသပ်ချက်တွေပေးခဲ့တဲ့အတွက် ဝေဖန်မှုတွေခံရပြီးတဲ့နောက်မှာ ပြီးခဲ့တဲ့နှစ်ကစပြီး အော်စကာဆုပေးပွဲရဲ့အစီအစဉ်တင်ဆက်သူအဖြစ်ကနေ နှုတ်ထွက်ခဲ့ရပါတယ်။ ၂၀၁၉ အော်စကာဆုပေးပွဲဟာ အစီအစဉ်တင်ဆက်သူမပါဘဲ ကျင်းပတာ ပထမဆုံးဖြစ်ပြီး ABC ရုပ်သံလိုင်းကနေ တိုက်ရိုက်ကြည့်ရှုသူ (၂၉.၆) သန်းမြင့်တတ်လာခဲ့တာပါ။ ဆုပေးပွဲကို လေးနှစ်တာ တိုက်ရိုက်ကြည့်ရှုနှုန်းကျဆင်းမှုကနေ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

Ref: Oscars will have no host again this year

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top