နောဝစ်ချ်အသင်းသားတွေကို ဘီယာဝယ်တိုက်ဖို့ သေတမ်းစာမှာ ပေါင် ၁၀၀ ချန်ပေးခဲ့တဲ့ ပရိသတ်

yyl-023-3.jpg

နောဝစ်ချ်အသင်းကို တစ်သက်တာအားပေးခဲ့တဲ့ ပရိသတ် ဂရီဗက်စ်ဟာ နောဝစ်ချ်အသင်း ကစားသမားတွေရဲ့ စိတ်နှလုံးကို ဖမ်းစားနိုင်တဲ့ အပြုအမူတစ်ရပ် လုပ်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ သမိုင်းဆရာအဖြစ်ကနေ အငြိမ်းစားယူခဲ့တဲ့ ဂရီဗက်စ်ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့က သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ နောဝစ်ချ်အသင်း ကစားသမားတွေက သူ့ကို တစ်သက်မမေ့အောင် လုပ်ခဲ့ပါတယ်။ အသက် ၈၃ နှစ်ရှိတဲ့ ဂရီဗက်စ်ဟာ နောဝစ်ချ်ကစားသမားတွေကို ဘီယာတိုက်ချင်တဲ့အတွက် သူ့ရဲ့သေတမ်းစာထဲမှာ သူတို့အတွက် ပေါင် ၁၀၀ ချန်ထားပေးခဲ့ပါတယ်။

ဂရီဗက်စ်ဟာ ၁၀ နှစ်သားအရွယ်ကတည်းက နောဝစ်ချ်အသင်းကို အားပေးခဲ့သူဖြစ်ပြီး သိပ်မကြာခင်မှာပဲ တစ်ရာသီစာ လက်မှတ်ဝယ်ယူအားပေးသူ ဖြစ်လာခဲ့ပါတယ်။ ၁၉၅၉ ခုနှစ် အက်ဖ်အေဖလားပြိုင်ပွဲကတော့ ဂရီဗက်စ်အတွက် အမှတ်ရစရာ ဖြစ်ခဲ့တယ်လို့ သမီးဖြစ်သူက ပြောပါတယ်။ အဲဒီနှစ်မှာ နောဝစ်ချ်အသင်းက ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့ပြီး ဆီမီးဖိုင်နယ်မှာ လူတန်တောင်းအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။ ဂရီဗက်စ်ဟာ ၂၀၁၈ ခုနှစ်မှာ ကျန်းမာရေးမကောင်းတော့အတွက် တစ်ရာသီစာလက်မှတ် ဝယ်ယူအားပေးခြင်း၊ ကွင်းထဲအရောက်အားပေးခြင်းတွေ မလုပ်ခဲ့ပေမဲ့ ပွဲတိုင်းကို ရေဒီယိုကနေ နားထောင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top