ဘာမြူဒါတြိဂံဒေသ (သို့) သေမင်းတမန်နယ်မြေ

44965564_1407715262693549_8782382979793027072_n.jpg

လေယာဉ်တွေ၊ သင်္ဘောတွေ ထူးဆန်းစွာ ပျောက်ဆုံးသွားတတ်တဲ့ ဘာမြူဒါ တြိဂံဒေသ (သေမင်းတမန်နယ်မြေ) အကြောင်းကို သင် ကြားဖူးနေပါလိမ့်မယ်။ ဒီနေရာကတော့ ဖလော်ရီဒါ၊ ပြူတိုရီကိုနဲ့ ဘာမြူဒါတို့ သုံးခုကြား တောင်အတ္တလန်တစ်သမုဒ္ဒရာထဲက သုံးမြှောင့်ပုံစံနယ်မြေတစ်ခုဖြစ်ပါတယ်။

ဒီနေရာမှာ ကပ်ဘေးဆိုက်နေခဲ့တာလည်းပဲ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်ပြီး (Alaska’s Bermuda Triangle)၊ (Bermuda Triangle of Alaska)၊ (Alaskan Triangle) စသဖြင့် နာမည် အမျိုးမျိုးခေါ်ဆိုကြတဲ့ ကြောက်စရာ ပင်လယ်ရေနက်ပိုင်းကြီး ဖြစ်ပါတယ်။ တိတိကျကျဆိုရရင်တော့ ဒီတြိဂံပုံစံနယ်မြေကြီးထဲမှာ သစ်တောအုပ်ကြီးတွေ၊ ရေခဲတောင်တွေ၊ အအေးပိုင်းစိမ့်မြေလွင်ပြင်တွေ ရှိနေပြီးတော့ လူသူနေထိုင်ဖို့ သင့်တော်တဲ့ နေရာလည်းမဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်းလည်း ရှာဖွေရေးတွေ၊ ကယ်ဆယ်ရေးတွေ ရာနဲ့ချီပြီး လုပ်ဆောင်နေပေမဲ့ လူတွေကို အသေကော၊ အရှင်ပါ ပြန်မတွေ့ခဲ့ကြပါဘူး။

၁၉၇၂ ခုနှစ်က အနိုင်ရပါတီ ခေါင်းဆောင် ဟေးလ်ဘော့ဂ် (Hale Boggs) ရဲ့ လေယာဉ် ပျောက်ကွယ်သွားမှုက စတင်ပြီးတော့ ဒီနယ်ပယ်ကို စတင်လူသိများလာခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ သမိုင်းမှာ အကြီးမားဆုံးသော ရှာဖွေကယ်ဆယ်ရေး အစီအစဉ်တွေကို ပြုလုပ်ခဲ့ပြီး စစ်ဘက်သုံးလေယာဉ် အစီး ၄၀၊ အရပ်သုံး လေယာဉ် အစီး ၅၀ တို့နဲ့ ဧရိယာ ၃၂,၀၀၀ မိုင် ကျယ်ဝန်းတဲ့ ဒီနယ်ပယ်ကြီးမှာ ၃၉ ရက်ကြာ ရှာဖွေခဲ့ပါတယ်။ လေယာဉ် အပျက်အစီး၊ အစအန၊ အသက်ရှင်ကျန်ရစ်သူ စတာတွေ တစ်ခုတစ်လေမှ ရှာမတွေ့ခဲ့ကြပါဘူး။ (ဒီ ဖြစ်ရပ်အပြီးမှာတော့ အမေရိကန်နိုင်ငံဟာ အရပ်သုံး လေယာဉ်တွေမှာပါ အရေးပေါ် တည်နေရာအချက်ပြထုတ်လွှင့်စက်တွေကို တပ်ဆင်ဖို့ ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်)

၁၉၅၀ မှာ ခရီးသည် ၄၄ ယောက် တင်ဆောင်လာတဲ့ စစ်ဘက်သုံး လေယာဉ် တစ်စီး နဲ့ ၁၉၉၀ မှာ ခရီးသည် ၄ ယောက် တင်ဆောင်လာတဲ့ Cessna ၃၄၀ လေယာဉ်တွေဟာလည်းပဲ လုံးဝ အစရှာမရတဲ့ အထိကို ပျောက်ကွယ်သွားခဲ့တာပါ။ ဒီလိုပျောက်ကွယ်သွားတာတွေဟာ ဖြစ်တောင့်ဖြစ်ခဲ့မဟုတ်ဘဲ မထူးဆန်းတော့သလိုတောင် ဖြစ်လာနေပါတယ်။ ၁၉၈၈ ကနေ တွက်ကြည့်လိုက်မယ်ဆိုရင် လူပေါင်း ၁၆,ဝဝဝ ခန့်ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဒါဟာ အလာစကာ ပြည်နယ်လူဦးရေနဲ့ တွက်ရင် လူ ၁၀၀၀ ကို ၄ ယောက်နှုန်း ပျောက်ဆုံးတာ ဖြစ်ပါတယ်။

ဒီလိုမျိုး ပျောက်ဆုံးသွားတာတွေ ကို စာရင်းအင်းနဲ့တကွ လွယ်လွယ်လေးချပြနိုင်ပေမဲ့ ဘယ်အရာက ဒါတွေကို ဖြစ်လာစေသလဲဆိုတာတော့ လွယ်လွယ်ပြောလို့မရပါဘူး။ လေယာဉ်ပျက်ကျ ပျောက်ဆုံးမှုတွေကိုတော့ ၁၉၄၇ ခုနှစ်က ဗြိတန် – အမေရိကန် လေကြောင်းလိုင်းတစ်ခုရဲ့ Star Dust လေယာဉ် ပျောက်ဆုံးမှုကနေ သဲလွန်စရခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကြာအောင် ဒီသတင်းကို မယုံကြည်ခဲ့ကြဘဲ ၁၉၈၈ ခုနှစ်မှာမှ အာဂျင်တီးနား တောင်တက်သမား ၂ ဦးက တွေ့ရှိခဲ့ကြလို့ သိခဲ့ကြတာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ကောက်ချက်ချမှုအရ လေယာဉ်ဟာ ထောင်မတ်နေတဲ့ ရေခဲတောင်ကို ဝင်တိုက်မိခဲ့တာဖြစ်နိုင်ပြီးတော့ ဒီရေခဲတွေကပဲ လေယာဉ်ကို ဖုံးအုပ်နေခဲ့လို့ ရှာမတွေ့ခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ရေပြင်ဘက်ပိုင်းအတွက်ဆိုရင်လည်း ဖြစ်နိုင်ချေသီအိုရီတွေ ရှိနေပါတယ်။ ကော်လိုရာဒိုတက္ကသိုလ်က သိပ္ပံပညာရှင်အဖွဲ့ရဲ့ လေ့လာချက်တွေအရ ဒီရေပြင်တွေပေါ်က တိမ်တွေဟာ ပုံမှန်မဟုတ်တဲ့ ဆဋ္ဌဂံပုံတိမ်တိုက်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီတိမ်တိုက်တွေက ”လေဗုံး” တွေကို ဖြစ်လာစေပြီးတော့ တစ်နာရီ ၁၇၀ မိုင်အထိပြင်းထန်တဲ့ လေတွေကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ဒါဟာ ၄၅ ပေလောက်အထိမြင့်တဲ့ လှိုင်းလုံးတွေကို ဖြစ်ပေါ်စေမှာဖြစ်တာကြောင့် ဘယ်သင်္ဘောမှ ခံနိုင်မှာမဟုတ်သလို ဘယ်လေယာဉ်ကမှလည်း ဒီလေကို အံတုနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုအဖြစ်တွေဟာ ဒီ ဘာမြူဒါနယ်မြေမှာသာ ထူးဆန်းစွာ ရုတ်တရက် ဖြစ်ပေါ်လာတတ်တာမို့လို့ မိုးလေဝသဂြိုဟ်တုကနေလည်း ဖမ်းယူရရှိမှာမဟုတ်တာကြောင့် ကြိုတင်ခန့်မှန်းလို့မရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Curiosity ”Thousand of people have mysteriously disappeared in Alaska’s of Bermuda Triangle”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top