ကန်စွန်းဥနဲ့ အာလူးမှာ ဘယ်တစ်ခုက ကျန်းမာရေးနဲ့ညီညွှတ်သလဲ

yyl-008.jpg

ကန်စွန်းဥနဲ့အာလူးတွေက လူတော်တော်များများ ကြိုက်နှစ်သက်တဲ့ အစားအစာတွေပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန်ချချင်တဲ့ သူတွေကတော့ အာလူးထက် ကန်စွန်းဥကို ရွေးချယ်ကြပေမဲ့ ဘယ်ဟာဟာ ပိုပြီးကျန်းမာရေးနဲ့ ညီညွှတ်သလဲဆိုတာကို ဝေခွဲရခက်နေပါတယ်။ ကန်စွန်းဥနဲ့အာလူးမှာ ဘယ်တစ်ခုကကျန်းမာရေးနဲ့ ညီညွှတ်လဲဆိုတာကို စာဖတ်ပရိသတ်တွေကို အခု ဖော်ပြပေးသွားမှာပါ။

ကယ်လိုရီ

ကန်စွန်းဥနဲ့အာလူးတို့ရဲ့ကယ်လိုရီပါဝင်မှုပမာဏက အတော်လေးတူညီပါတယ်။ အာလူးပြုတ် (၁၀၀) ဂရမ်ဟာ ကယ်လိုရီ (၉၃) ကီလိုဂရမ်ဝန်းကျင်ရှိပြီး ကန်စွန်းဥပြုတ် (၁၀၀) ဂရမ်မှာတော့ ကယ်လိုရီ (၉၀) ကီလိုဂရမ်ရှိပါတယ်။

ကာဗွန်ဟိုက်ဒရိုတ်

ဒီအာလူးအမျိုးအစားနှစ်ခုလုံးက ကာဗွန်ဟိုက်ဒရိုတ်ကလာတဲ့ ကော်မုန့်ဖြူကြွယ်ဝပါတယ်။ အာလူး (၁၀၀) ဂရမ်မှာ ကာဗွန်ဟိုက်ဒရိုတ် (၂၁) ဂရမ်ရှိပြီး ကန်စွန်းဥမှာလည်း ကာဗွန်ဟိုက်ဒရိုတ် (၂၂) ဂရမ်ရှိပါတယ်။

အမျှင်ဓာတ်

ကန်စွန်းဥရဲ့အမျှင်ဓာတ်ပါဝင်မှုက (၁၀၀) ဂရမ်ကို (၃.၃) ဂရမ်ဖြစ်ပြီး အာလူးကတော့ (၂.၂) ဂရမ်ဖြစ်ပါတယ်။ ကန်စွန်းဥက အာလူးထက်အမျှင်ဓာတ်ပိုများပါတယ်။ အမျှင်ဓာတ်က အစာကြေလွယ်ပြီး ကိုလက်စထရောအဆင့်ကို ထိန်းချုပ်ပေးပါတယ်။

ပရိုတင်းနဲ့အဆီ

ဒီအစားအစာနှစ်မျိုးလုံးက ပရိုတင်းနဲ့ အဆီဓာတ်ပါဝင်မှု အတူတူပါပဲ။ (၁၀၀) ဂရမ်ကို ပရိုတင်း (၂ ဂရမ်ကနေ ၂.၃ဂရမ်)၊ အဆီဓာတ် (ဝ.၁ဂရမ်ကနေဝ.၂ဂရမ်) ဖြစ်ပါတယ်။ အာလူးက ကန်စွန်းဥနဲ့ယှဉ်ရင် ပရိုတင်းဓာတ်ပိုပါဝင်ပြီး အဆီဓာတ်နည်းပါတယ်။

ဗီတာမင်

အာလူး (၁၀၀) ဂရမ်က ဗီတာမင်စီ (၉.၆) မီလီဂရမ်၊ ဖောလစ်အက်ဆစ် (၂၈) မိုက်ခရိုဂရမ်၊ ဗီတာမင်အေ (၁) ယူနစ်ပါဝင်ပါတယ်။ ကန်စွန်းဥ (၁၀၀) ဂရမ်ကလည်း ဗီတာမင်စီ (၂၀) မီလီဂရမ်၊ ဖောလစ်အက်ဆစ် (၆) မိုက်ခရိုဂရမ်၊ ဗီတာမင်အေ (၁၉၂၁၈) ယူနစ် ပါဝင်ပါတယ်။

သတ္တုဓာတ်

အာလူးက ကန်စွန်းဥထက် သံဓာတ်နဲ့ ပိုတတ်စီယမ်ဓာတ်ပါဝင်မှုပမာဏပိုများပါတယ်။ အာလူး (၁၀၀) ဂရမ်စားသုံးခြင်းက တစ်နေ့တာသံဓာတ်လိုအပ်မှု (၆) ရာခိုင်နှုန်းထောက်ပံ့ပေးပါတယ်။

ဆုံးဖြတ်ရွေးချယ်ခြင်း

ကန်စွန်းဥက အာလူးထက်ဗီတာမင်အေ၊ ဗီတာမင်စီပါဝင်တဲ့အတွက်ပိုကောင်းသွားပါတယ်။ အခြားတစ်ဖက်က ကြည့်မယ်ဆိုရင် အာလူးက ကန်စွန်းဥထက် ပရိုတင်းနဲ့ပိုတတ်စီယမ်ပိုပါဝင်တဲ့အတွက် ပိုကောင်းတယ်လို့ ပြောရမလိုဖြစ်ပေမဲ့ တကယ်တော့ ကန်စွန်းဥနဲ့ အာလူးနှစ်မျိုးလုံးက ကျွန်တော်တို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်ပါတယ်။

Ref: Sweet potato vs white potato: Which is healthier?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top