လိင်ပိုင်းဆိုင်ရာစော်ကားမှုကြောင့် ထောင်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရတဲ့ ကေပေ့ါစ်စတား (၂) ဦး

yyl-004.jpg

အခုနှစ်အတွင်းမှာ တောင်ကိုရီးယားနိုင်ငံရဲ့ ဂီတနယ်ပယ်နဲ့ မြန်မာပရိသတ်တွေကို တုန်လှုပ်သွားစေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကတော့ နာမည်ကြီးကေပေါ့စ်စတားတွေ ပါဝင်ပတ်သက်နေတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုပါပဲ။ ပရိသတ်တွေကေ အဲဒီကိစ္စမှာ သူတို့တွေ ပါဝင်ပတ်သက်လိမ့်မယ်လို့ လုံးဝထင်မှတ်မထားခဲ့တာကြောင့် တအံ့တသြကို ဖြစ်သွားခဲ့ရတာပါ။ အခုဆိုရင် အဲဒီကိစ္စမှာ ပါဝင်ခဲ့တဲ့ ကေပေါ့စ်စတားတွေကို ပြစ်ဒဏ်ချမှတ်လိုက်ပါပြီ။

ပြီးခဲ့တဲ့သောကြာနေ့က အဲဒီအမှုမှာ ပါဝင်ခဲ့တဲ့ အဆိုတော် ဂျန်ဂျွန်ယောင်း (Jung Joon Hoon) နဲ့ FTisland အဖွဲ့ဝင်ဟောင်း ချွိုင်ဂျုံဟွန်း (Choi Jong Hoon) တို့ကို အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ အဆိုတော်ဂျန်ဂျွန်ယောင်းက လိင်ဆက်ဆံချိန်မှာ တရားမဝင်ဗီဒီယိုရိုက်ကူးပြီး အွန်လိုင်းgroup chat ထဲကို ပေးပို့မှုတွေပြုလုပ်တဲ့ အပြစ်ကိုလည်းတွေ့ရှိခဲ့တာပါ။ Group Chat ရဲ့အဖွဲ့ဝင် (၁၀) ဦးမှာ ဂျန်ဂျွန်ယောင်းနဲ့ ချွိုင်ဂျုံဟွန်းတို့ကို အပြစ်ရှိသူတွေအဖြစ် တောင်ကိုရီးယားရဲဌာနက အတည်ပြုခဲ့တာပါ။ အဲဒီနောက်မှာ ဂျန်ဂျွန်ယောင်းက လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့သူတွေကို တောင်းပန်ရင်း၊ စွဲချက်တင်ခံရရင်းနဲ့ ရက်အကြာကြီးဖမ်းဆီးခံခဲ့ရပါတယ်။

တရားရုံးက ဂျန်ဂျွန်ယောင်းကို ထောင်ဒဏ် (၆) နှစ်နဲ့ ချွိုင်ဂျုံဟွန်းကို ထောင်ဒဏ် (၅) နှစ်ချမှတ်ခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကုသရေးအစီအစဉ်ကို နာရီ (၈၀) ကြာပြီးမြောက်အောင် တက်ရောက်ဖို့လည်းလိုပါတယ်။ ဒ့ါအပြင် ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ ဆက်စပ်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်ခွင့်ကို (၅) နှစ်ကြာ တားမြစ်ထားမှာဖြစ်ပါတယ်။

ဂျန်ဂျွန်ယောင်းနဲ့ ချွိုင်ဂျုံဟွန်းအပါအဝင် (၅) ဦးတို့ကို ၂၀၁၆ခုနှစ် ဇန်နဝါရီက ဂန်ဝန်းပြည်နယ်မှာ၊ ၂၀၁၆ခုနှစ် မတ်လက ဒယ်ဂူးမြို့မှာ အုပ်စုဖွဲ့အဓ္ဓမကျင့်မှုဖြင့် စွဲချက်တင်ခံရတာဖြစ်ပါတယ်။ သူတို့တွေက အဲဒီအချိန်က ဗီဒီယိုကို တရားမဝင်ရိုက်ကူးခဲ့ပြီး ဖြန့်ဝေခဲ့တဲ့ ပြစ်ဒဏ်ကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ အုပ်စုဖွဲ့အဓ္ဓမကျင့်မှုမှာ ပါဝင်ခဲ့တဲ့ အခြား (၅) ဦးကိုလည်း ပြစ်ဒဏ်အသီးအသီး ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Ref: CNN “2 K-pop stars sentenced to prison for sexual assault. One of them also filmed it”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top