ငယ်ရွယ်ရွယ်နဲ့ အနုပညာခြေလှမ်းစခဲ့မိလို့ နောင်တမရဘူးဆိုတဲ့ မင်ဟို

SHINee-Minho_1486220028_af_org.jpg

SHINee အဖွဲ့ဝင် ချွဲမင်ဟိုက Cine Town ရေဒီယိုအသံလွှင့်ရုံမှာ ဧည့်သည်အဆိုတော်အနေနဲ့ စကားလက်ခံဖြေကြားမှုပြုလုပ်ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့ မှာပြုလုပ်ခဲ့တဲ့ ထိုအစီအစဉ်မှာ မင်ဟိုက လက်ရှိထုတ်လွှင့်နေဆဲဖြစ်တဲ့ သူ့ရဲ့ဒရာမာဇာတ်လမ်းတို “ The Most Beautiful Goodbye in The World”၊ ရုပ်ရှင်သစ် “Wolf Barigade” နဲ့အခြားအကြောင်းအရာတွေ ပရိသတ်ကိုပြောပြခဲ့ပါတယ်။

မင်ဟို ဟာ SHINee အဖွဲ့နဲ့ ၁၀ နှစ်တာလက်တွဲဖြစ်ခဲ့ပုံကိုလည်း ပရိသတ်တွေကိုရှင်းပြခဲ့ပါတယ်။ “ကျွန်တော် အထက်တန်းကျောင်းသားဘဝမှာတည်းက အနုပညာလောကထဲ စတင်ခြေလှမ်းခဲ့ပါတယ်။ အဲ့အချိန်တုန်းကတော့ ဘာဆိုဘာမှမသိခဲ့ဘူး။ အကြောက်တရားလည်းမရှိဘူး။ အဲ့အချိန်တွေ တဖြည်းဖြည်းကျော်ဖြတ်လို့လည်းပြီးရော ကျွန်တော် အခုဘဝမှာစိတ်ပျက်မှုတွေနဲ့ နောင်တရစရာတွေရှိလာတယ်ဗျ။ အနုပညာလောကအကြောင်း ထဲထဲဝင်ဝင်မသိသေးဘဲ စတင်ဝင်ရောက်ခဲ့မိတာတော့ ကောင်းခဲ့တယ်လို့ထင်တယ်ဗျ။ ကျွန်တော့်အတွက် အမှတ်ရစရာတွေအများကြီး ဖန်တီးဖြစ်ခဲ့တယ်။ တခါတလေ ငယ်တုန်းရွယ်တုန်းက ကျွန်တော်အကြောင်းတွေပြန်တွေးရင် ရှက်တယ်ဗျ။ ဒါပေမယ့်လည်း ဒီလိုမျိုးကနေ ဒီနေ့ကျွန်တော်ဆိုတာ ဖြစ်လာတာပဲလေ။ ငယ်တုန်းမှာ အနုပညာလောကထဲ ဝင်ပြီး အောင်မြင်မှုနေ့ရက်တွေ ရခဲ့တာကိုက ကျွန်တော့်အတွက် ကောင်းချီးတစ်ခုပါပဲ”

အမေရိကန်သမ္မတကတော် Melania Trump နဲ့ တွေ့ဆုံခဲ့ရပုံကိုလည်း မင်ဟိုက “ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲနှုတ်ဆက်ပေးလို့ သူမကိုကျေးဇူးတင်တယ်ဗျ။ အခမ်းအနားအစီအစဉ်အတွင်းမှာ ကျွန်တော့်ကိုဂရုစိုက်ပေးလို့ ဂုဏ်ယူမိတဲ့အပြင် ဝမ်းလည်းသာတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

မင်ဟို ၊  Kang Dong Won၊ Han Hyo Joo နဲ့တခြားသော တွဲဖက်သရုပ်ဆောင်တွေပါဝင်သရုပ်ဆောင်ထားတဲ့ Wolf Brigade ဇာတ်ကားဟာ ၂၀၁၈ ခုနှစ်မှာ ပွဲဦးထွက် ထွက်ရှိမှာ ဖြစ်တယ် လို့သိရပါတယ်။

May Moe (ရိုးရာလေး)

Ref : Entertainment : Minho regret debuting at a young age?

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top