ခြေထောက်မှာထိခိုက်ဒဏ်ရာရပြီး (၁၀) ချက်ချုပ်လိုက်ရတဲ့ မီရှဲယိုး (Michelle Yeoh)

mi.jpg

၁၉၉၀ ပြည့်နှစ် ဟောင်ကောင်အက်ရှင်ဇာတ်ကားတွေမှာ နေရာတစ်ခုရရှိပြီး အောင်မြင်လာခဲ့တဲ့ မင်းသမီး မီရှဲယိုးဟာ ပြီးခဲ့တဲ့အပတ်က ပြင်းပြင်းထန်ထန်ချော်လဲခဲ့တာကြောင့် ခြေထောက်ကို ထိခိုက်မိပြီး (၁၀) ချက်လောက် ချုပ်လိုက်ရပါတယ်။

ပြီးခဲ့တဲ့စနေနေ့မှာ သူ့ရဲ့ထိခိုက်ဒဏ်ရာရနေတဲ့ခြေထောက်ကို ဆရာဝန်ဆေးကုသပေးနေတဲ့ပုံကို မီရှဲယိုးက အင်စတာဂရမ်မှာ တင်ထားခဲ့ပါတယ်။မီရှဲယိုးရဲ့လက်တွဲဖော် ပြင်သစ်စီးပွားရေးလုပ်ငန်းရှင်ရဲ့ စိုးရိမ်ပူပန်မှုတွေကိုလည်း ပုံထဲမှာ မြင်တွေ့ရပါတယ်။

မီရှဲယိုးရဲ့ဒဏ်ရာကို မြင်သွားကြတဲ့ “Crazy Rich Asians” ဇာတ်ကားကတွဲဖက်သရုပ်ဆောင်တွေကလည်း မြန်မြန်ပြန်ကောင်းလာဖို့ ဆုတောင်းပေးတဲ့စာတွေ ပို့ခဲ့ကြပါတယ်။

အခုတော့ ကံကောင်းထောက်မစွာနဲ့ပဲ မြန်မြန်သက်သာလာခဲ့လို့ မီရှဲယိုးတစ်ယောက် ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပြီလို့ သိရပါတယ်။

Ref: Michelle Yeoh rushed to hospital after a bad fall, gets 10 stitches
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top