ပရီးမီးယားလိဂ်မှာ အနီကတ်ပြမှု အကြိမ် ၁၀၀ ပြည့်တော့မယ့် ကွင်းလယ်ဒိုင် မိုက်ဒိန်း

pp1.jpg

လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် မန်စီးတီးနဲ့ ချဲလ်ဆီးပွဲစဉ်ကို ကွင်းလယ်ဒိုင် မိုက်ဒိန်းက တာဝန်ယူမှာ ဖြစ်ပါတယ်။ အသက် ၅၀ အရွယ်ရှိတဲ့ မိုက်ဒိန်းဟာ ပရီးမီးယားလိဂ်မှာ ထင်ပေါ်ကျော်ကြားတဲ့ ဒိုင်တစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၁၉ နှစ်တုန်းက ပရီးမီးယားလိဂ်မှာ ဒိုင်အဖြစ် စတင်တာဝန်ယူခဲ့သူပါ။

မိုက်ဒိန်းဟာ မန်စီးတီးနဲ့ ချဲလ်ဆီးအသင်းက ကစားသမား ၉ ဦးစီကို ထုတ်ပယ်ခဲ့ဖူးပြီး တခြားအသင်းတွေနဲ့ယှဉ်ရင် အဲဒီ ၂ သင်းက ကစားသမားတွေကို ထုတ်ပယ်မှု ပိုများနေတာ တွေ့ရပါတယ်။ မိုက်ဒိန်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ ပွဲ တာဝန်ယူခဲ့ပြီး အနီကတ် ပြသမှု ၉ ကြိမ်ရှိခဲ့လို့ တခြားဒိုင်လူကြီးတွေထက် အနီကတ် ပိုပြတဲ့ ဒိုင်လူကြီးအဖြစ် မှတ်တမ်းတင်နေပါတယ်။

အခုဆိုရင်တော့ မိုက်ဒိန်းဟာ ဒိုင်လူကြီး ဘဝတစ်လျှောက် ပရီးမီးယားလိဂ်မှာ အနီကတ်ပြမှု ၉၉ ကြိမ် ရှိနေပြီး အကြိမ် ၁၀၀ ပြည့်ဖို့ တစ်ကြိမ်ပဲ လိုပါတော့တယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top