အာဆင်နယ်ကို သံယောဇဉ်ကြီးလွန်းလို့ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို အာစင်ဝင်းဂါး ပယ်ချခဲ့

yyl-9-9-024.jpg

(၂၂)နှစ်ကြာ ကိုင်တွယ်ခဲ့တဲ့ အာဆင်နယ်အသင်းကို သံယောဇဉ်ကြီးမားလို့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်လို့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက ပြောပါတယ်။ အာဆင်နယ်နဲ့အတူ အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့ပေမဲ့ နောက်ပိုင်းနှစ်တွေမှာ အောင်မြင်မှု ဝေးကွာခဲ့လို့ ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရတဲ့ အာစင်ဝင်းဂါးဟာ ၂၀၁၈ ခုနှစ် မေလမှာ အာဆင်နယ်နဲ့ လမ်းခွဲခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ နည်းပြလောကထဲ ပြန်လည်ဝင်ရောက်လာမယ်လို့ သတင်းထွက်ခဲ့ပေမဲ့ ဘယ်အသင်းကိုမျှ ကိုင်တွယ်ခဲ့ခြင်းမရှိပါဘူး။ ပြင်သစ်လူမျိုးနည်းပြ အာစင်ဝင်းဂါးကို ပရီးမီးယားလိဂ်ကလပ် တော်တော်များများက ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမဲ့ သူကတော့ တခြားလိဂ်မှာရှိတဲ့ အသင်းတွေကိုပဲ ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားသူပါ။

”အာဆင်နယ်အပေါ် သံယောဇဉ်ကြီးလို့ (ပရီးမီးယားလိဂ်မဟုတ်တဲ့)တခြားလိဂ်တွေမှာပဲ နည်းပြဖို့ ဆုံးဖြတ်ထားပါတယ်။ အင်္ဂလန်မှာ နည်းပြလုပ်ဖို့ အခွင့်အရေးတွေရခဲ့ပေမဲ့ ကျွန်တော် ပယ်ချခဲ့တယ်။ အဲဒီအသင်းတွေကို ကိုင်တွယ်နေတဲ့ နည်းပြတွေရှိလို့ ကျွန်တော့်ကိုကမ်းလှမ်းခဲ့တဲ့ အသင်းတွေကို ထုတ်ပြောမှာမဟုတ်ပါဘူး။ ထုတ်ပြောလိုက်ရင် သူတို့အပေါ် မတရားလုပ်သလို ဖြစ်ပါလိမ့်မယ်”လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ အသက် ၆၉ နှစ်ရှိတဲ့ အာစင်ဝင်းဂါးဟာ ဖီဖာမှာ ပါဝင်ဖို့ ကမ်းလှမ်းထားတာကို လက်ခံသင့်၊ လက်မခံသင့်ဆိုတာ ချင့်ချိန်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top