ထောင်ဒဏ်တစ်နှစ်ပြစ်ဒဏ်ကို မော်ရင်ဟို လက်ခံ

cc.jpg

စပိန်နိုင်ငံမှာ ယူရို ၃.၃ သန်း တန်ဖိုးရှိတဲ့ အခွန်ရှောင်လွှဲမှု ပြုလုပ်ခဲ့လို့ ထောင်ဒဏ်တစ်နှစ် ချမှတ်မှုကို ရီးရဲလ်နည်းပြဟောင်း မော်ရင်ဟိုက လက်ခံလိုက်တယ်လို့ စပိန်တရားရုံးရဲ့ အမှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စပိန်နိုင်ငံရဲ့ ဥပဒေအရ ၂ နှစ်အောက် ထောင်ဒဏ်ချမှတ်မှုကို စောင့်ကြည့်မှုခံယူရင်း ပြီးဆုံးခွင့်ရှိပါတယ်။ ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်အစား တစ်နေ့ကို ယူရို ၂၅၀ နှုန်းနဲ့ ၂၄ လကြာ ဒဏ်ငွေပေးဆောင်သွားတဲ့ ပြစ်ဒဏ်အဖြစ် ပြောင်းလဲခံယူဖို့ စပိန်နိုင်ငံ အကောက်ခွန်ဝန်ကြီးဌာနနဲ့ မော်ရင်ဟိုရဲ့ ရှေ့နေအဖွဲ့က သဘောတူညီခဲ့ပါတယ်။ အဲဒီအတွက် မော်ရင်ဟို ပေးဆောင်ရမယ့် ဒဏ်ကြေးပမာဏက ယူရို ၁၈၂၅၀၀ ရှိမှာပါ။ ၂၀၀၄ ခုနှစ်မှာ မော်ရင်ဟိုက သူ့ရဲ့ပုံရိပ်အသုံးပြုခွင့်နဲ့ပတ်သက်ပြီး ဗြိတိသျှဗာဂျင်ကျွန်း(British Virgin Islands)နဲ့ အိုင်ယာလန်နိုင်ငံ အခြေစိုက် ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ပေးအပ်ခဲ့ပါတယ်။

ဒါပေမဲ့ ရီးရဲလ်အသင်း နည်းပြအဖြစ် ဆောင်ရွက်ခဲ့တဲ့ကာလအတွက် အခွန်ငွေပေးဆောင်ရာမှာ အဲဒီကရတဲ့ ငွေကြေးတွေကို ထည့်သွင်းပေးဆောင်ခဲ့ခြင်းမရှိဘူးလို့ တရားရုံးရဲ့ အမှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မော်ရင်ဟိုဟာ ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်အပြင် အခွန်ရှောင်တိမ်းမှုပမာဏရဲ့ ၆၀ ရာခိုင်နှုန်းဖြစ်တဲ့ ယူရို ၁.၉ သန်းကို ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပြီး အတိုးအဖြစ် ယူရို ၁၂၁၇၆၄ ပေးဆောင်ရမှာပါ။ လက်ရှိအချိန်အထိ မော်ရင်ဟိုရဲ့ ပြောရေးဆိုခွင့်ရှိသူက တစ်စုံတစ်ရာ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top