ဖလွိုက်မေဝယ်သာရဲ့ လေ့ကျင့်ရေးမှူး ရော်ဂျာမေဝယ်သာ ကွယ်လွန်

18-3-2020-yyl-020.jpg

ပွဲတိုင်းနိုင် လက်ဝှေ့သမား ဖလွိုက်မေဝယ်သာရဲ့ လေ့ကျင့်ရေးမှူးဖြစ်တဲ့ ဦးလေးဖြစ်သူ ရောဂျာမေဝယ်သာဟာ အသက် ၅၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရောဂျာမေဝယ်သာဟာ ဖလွိုက်မေဝယ်သာရဲ့ လေ့ကျင့်ရေးမှူးမဖြစ်ခင်က ကမ္ဘာ့ချန်ပီယံလက်ဝှေ့သမားတစ်ယောက်ပါ။ ၁၉၈၀ ပြည့်နှစ်တွေအတွင်း ဖယ်သာဝိတ်နဲ့ ဝယ်တာဝိတ်တန်းတွေမှာ ချန်ပီယံခါးပတ်တွေ ဆွတ်ခူးနိုင်ခဲ့သူပါ။ သူဟာ ၁၉၉၀ ပြည့်နှစ် နှောင်းပိုင်းမှာတော့ တူဖြစ်သူ ဖလွိုက်မေဝယ်သာရဲ့ လေ့ကျင့်ရေးမှူးဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ လေ့ကျင့်သင်ကြားပေးမှုအောက်မှာ ဖလွိုက်မေဝယ်သာက ပွဲစဉ်(၅၀)လုံး အနိုင်ရခဲ့ပြီး ကမ္ဘာ့လက်ဝှေ့သမိုင်းမှာ အကောင်းဆုံးလက်ဝှေ့သမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ရောဂျာမေဝယ်သာ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ရောဂျာမေဝယ်သာကို ဆုံးရှုံးရတာဟာ ဖလွိုက်မေဝယ်သာအတွက် ဒီလအတွင်း ဒုတိယမြောက် မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးရတာဖြစ်ပါတယ်။ ဖလွိုက်မေဝယ်သာရဲ့ ဇနီးဟောင်း ဂျိုဆီဟာရစ်ကလည်း မတ်လ ၁၁ ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top