မြင်သူတိုင်းကိုဆွဲဆောင်နိုင်တဲ့ မြန်မာ့ရိုးရာထီးများ

patheinumbrella.jpg

မြန်မာ့ရိုးရာထီးလို့ဆိုလိုက်ရင် ရောင်စုံချည်ဖျင်ရွက်ထီးလေးတွေကို ကျွန်တော်တို့ပြေးမြင်မိတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာက ရိုးရာထီးတွေကို ယဉ်ကျေးမှုဆိုင်ရာအခမ်းအနားတွေမှာသုံးတတ်ကြသလို အမှတ်တရပစ္စည်းအနေနဲ့လည်း ရောင်းချနေကြပါတယ်။

 

မြန်မာနိုင်ငံသူ/ သားတိုင်းလိုလိုသိကြတဲ့ ဒီရိုးရာထီးလေး (အများအခေါ် ပုသိမ်ထီး) တွေရဲ့ သွင်ပြင်က မြန်မာရိုးရာအငွေ့အသက်တွေထုံလွှမ်းနေသလို သိမ်မွေ့လှပပြီး ဆွဲဆောင်မှုလည်းရှိလှပါတယ်။ ထီးလက်ကိုင်တွေဖန်တီးဖို့ ဝါးကိုအသုံးပြုပြီး ထီးရွက်ကို ဝါဂွမ်းချည်ဖျင်နဲ့ပြုလုပ်ထားကာ လှပတဲ့ပန်းကနုတ်တွေကိုလည်း ရေးခြယ်ပုံဖော်ထားပါတယ်။

ဒီထီးတစ်လက်ကိုဖန်တီးတဲ့အလုပ်က တစ်ရက်တည်း၊ တစ်ယောက်တည်းနဲ့ လုပ်နိုင်တဲ့အလုပ်မျိုးတော့ မဟုတ်ပါဘူး။ လူတစ်ဦးစီတာဝန်ယူလုပ်ကိုင်ရတဲ့ မတူတဲ့လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဖြတ်သန်းပြီးမှသာ သေသပ်လှပတဲ့ မြန်မာ့ရိုးရာပုသိမ်ထီးတစ်လက်ကို ရရှိလာနိုင်တာဖြစ်ပါတယ်။

Ref: CGTN
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top