Daylight saving time – စံတော်ချိန်ထက် စောခြင်း နောက်ကျခြင်း ဆိုသည်မှာ

yyl-031-8.jpg

မိမိတို့ နေထိုင်ရာ ကမ္ဘာမြေတွင် နားလည်သဘောပေါက်ရန် အလွန်ပင် စိတ်ဝင်စားစရာ ကောင်းသော အကြောင်းတရားများ များစွာ ရှိလို့ နေသည်။ ယခုတစ်ခါ စာဖတ်သူများ ဗဟုသုတ ရရှိစေရန် Daylight Saving Time (DST) အကြောင်း အနည်းငယ် ရေးသား ဖော်ပြပေးလိုက်သည်။

DST ဖြစ်စဉ်ကို အီကွေတာ နှင့် နီးသည့် အာရှနိုင်ငံများတွင် တွေ့ကြုံရလေ့ မရှိပေ။ အကြမ်းဖျဉ်းအားဖြင့် United States, United Kingdom နှင့် European နိုင်ငံများတွင် နေ့တာရှည်သည့် နွေဦးရာသီ ကာလ၌ နာရီ စံတော်ချိန်ကို တစ်နာရီ တိုးလိုက်ခြင်း ဖြစ်ပြီး နေ့တာတိုသည့် ဆောင်းဦး ကာလတွင် နာရီ စံတော်ချိန်ကို တစ်နာရီပြန် လျော့လိုက်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် United States, United Kingdom နှင့် European နိုင်ငံများ ၌ နွေဦး နှင့် နွေ ရာသီတွင် အိပ်ချိန် တစ်နာရီ ဆုံးရှုံးပြီး၊ ဆောင်းဦး နှင့် ဆောင်းရာသီတွင် အိပ်ချိန် တစ်နာရီ ပိုကြာရှည်သည်။ ပုံမှန်အားဖြင့် နွေဦး ရာသီတွင် သက်ဆိုင်ရာ အဖွဲ့အစည်းမှ တရားဝင် ထုတ်ပြန်ထားသော နေ့တွင် တစ်နိုင်လုံးရှိ ဖုန်းများ၊ ကွန်ပျူတာများ၊ ရထားဘူတာ မှ နာရီများ၊ လေယာဉ် အချိန်များ၊ ခရီးသည်ယာဉ်များ၊ ကုန်တင် ခရီးသည်တင် သဘောၤများ အားလုံး အချိန် နှင့် အချိန်ဇယားများ ပြောင်းသွားသည်။ မိမိ ၏ လက်ပတ်နာရီ နှင့် အိမ်ရှိ မှ အချိန်ကိုလဲ ကိုယ်တိုင် တစ်နာရီ တိုးပေးရသည်။ အလားတူပင် ဆောင်းဦး ကာလတွင် တစ်နာရီ ပြန်လျော့ပေးရသည်။

ထို အလေ့အကျင့် ကို George Hudson ဆိုသူသည် ၁၈၉၅ ခုနှစ်တွင် ထောက်ပြ အဆိုပြုခဲ့သည်။ ၁၉၀၈ ခုနှစ်တွင် ကနေဒါ နိုင်ငံတွင် ပထမဆုံး စတင် ကျင့်သုံးခဲ့ပြီး ၁၉၁၆ ခုနှစ် ဧပြီလ ၃၀ရက် နေ့တွင် ဂျာမနီ နှင့် သြစတြေးလျ တွင် DST အချိန်ပြောင်းခြင်း အလေ့အကျင့် တစ်ခုအဖြစ် စတင် အသုံးပြုခဲ့သည်။ ထိုမှစ၍ အနောက်တိုင်း နိုင်ငံများတွင် DST အချိန်ပြောင်းခြင်း အလေ့အကျင့် ကို ယနေ့ထိတိုင် အသုံးပြုလျှက် ရှိသည်။

ထိုဖြစ်စဉ်ကြောင့် အနောက်တိုင်း နိုင်ငံများတွင် ရှုပ်ထွေးသည့် စံတော်ချိန် သတ်မှတ်မှုများ ရံဖန်ရံခါ ဖြစ်ပေါ်နေသည်။ DST အချိန်ပြောင်းခြင်း ကို သတိမထား မိသော ခရီးသွားများ အတွက် ခရီးအတွက် ပြင်ဆင်ရာတွင် အနှောက်အယှက် ဖြစ်ခြင်း၊ ဆေးဖက်ဆိုင်ရာ စက်ပစ္စည်းများ နှင့် စက်ရုံလုပ်ငန်းသုံး စက်ရန္တယားကြီးများ လည်ပတ်ချိန် ပြန်လည် သတ်မှတ် ပေးရခြင်း၊ ကုမ္ပဏီများတွင် ငွေးကြေးဌာန၏ စာရင်းဇယား ပိတ်ချိန်များကို ရှုပ်ထွေးစေခြင်း နှင့် လူ့ခန္ဓာကိုယ် ၏ အိပ်ချိန် ဇယားကို ကမောက်ကမ ဖြစ်စေခြင်း များဖြစ်လေ့ရှိသည်။
အနောက်တိုင်း နိုင်ငံများတွင် နှစ်စဉ် မေလ ၁ ရက်နေ့တွင် အချိန် တစ်နာရီ တိုးကာ စက်တင်ဘာလ ၃၀ တွင် အချိန် တစ်နာရီ ပြန်လျော့ သည်။ မိုဘိုင်း ဖုန်းများ နှင့် ကွန်ပျူတာများတွင် အချိန်ကို အလိုအလျောက်ပြောင်းသော လုပ်ဆောင်ချက်များ ပါရှိသည်။

DST အချိန်ပြောင်းခြင်း သည် ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေ သကဲ့သို့ ကောင်းကျိုးများလဲ ဖြစ်စေသည်။ DST ကာလတွင် အချိန် တစ်နာရီ ထပ်ပေါင်းလိုက်ခြင်းကြောင့် ညနေခင်း ပိုင်းတွင် အချိန်ပိုရရှိစေခြင်း၊ နေ့အလင်းရောင် ပိုရခြင်းကြောင့် DST ကာလတစ်လျှောက်လုံးတွင် များစွာသော လျှပ်စစ်ဓာတ်အား လျော့ချနိုင်ခြင်း၊ DST ကာလတွင်း အလင်းရောင် ရှိခြင်းကြောင့် အမှောင်ခို ပြုလုပ်သည့် ရာဇဝတ်မှုများ လျော့ကျခြင်း နှင့် ယာဉ်မတော်တဆ ဖြစ်မှုများ လျော့ကျခြင်းများ ဖြစ်စေသည်။

ကျန်းမာ ပျော်ရွှင်သော ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top