ဩဂုတ်လ ၂၃ ရက်၊ ရန်ကုန် – ဩဂုတ်လ ၂၃ ရက်နေ့တွင် Samsung Myanmar မှ အဓိကမြို့ကြီး ၂ မြို့ ဖြစ်သော ရန်ကုန် နှင့် မန္တလေးတို့တွင် Samsung မှနောက်ဆုံးထွက်ရှိသော Galaxy Note 5 အား စတင်ရောင်းချခဲ့ရာ ရောင်းအား ရလဒ်ကောင်းမွန်စွာဖြင့် နာရီအနည်းငယ်အတွင်း ပစ္စည်းအားလုံးရောင်းကုန်ခဲ့ပါသည်။
“ကျွန်တော်တို့ရဲ့နောက်ဆုံးပေါ် Galaxy Note 5 အပေါ်မှာ မြန်မာပြည်က သုံးစွဲသူတွေရဲ့ ပံ့ပိုးမှုကို အခိုင်အမာ ရရှိခဲ့ပါတယ်။ Note Series ရဲ့ရောင်းအားက တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာတာကို ကြည့်ခြင်းအားဖြင့် Galaxy Note Series ကို မြန်မာသုံးစွဲသူတွေ သဘောကျနှစ်ခြိုက်မှန်း သိနိုင်ပါတယ်။ Note 5 အားလုံးကို နာရီပိုင်း အနည်းငယ်အတွင်း ရောင်းကုန်ခဲ့ပါတယ်။” ဟု Samsung Myanmar ၏ Head of IT & Mobile Channel ကိုဇာနည်ဝင်းထက်မှပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် မိတ်ဆက်ရောင်းချစဉ်အတွင်း ဝယ်ယူသူ customer များအတွက် တစ်သိန်းခွဲဖိုး တန်ကြေးရှိ လက်ဆောင်များ ပေးအပ်မည့် အထူးအစီအစဉ်ဖြစ်သော Galaxy Note 5 campaign ကို ရောင်းချသည့်နေ့ တစ်ရက်တည်း ၌ ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်၏ ပထမဦးဆုံး ဝယ်ယူသူသည် စတင်မရောင်းချမီ တစ်ရက်အလို ည ၈း၃၀ ခန့် အချိန်တွင် ရောင်းချမည့် လှည်းတန်းစင်တာ၌ စတင်တန်းစီညအိပ်တန်းစီခဲ့ပါသည်။ မန္တလေးမြို့တွင်လည်း စတင်မရောင်းချမီ တစ်ရက်အလို ည ၉း၄၅ ခန့်အချိန်တွင် ရောင်းချမည့် စီဒိုးနားဟိုတယ်၌ စတင် တန်းစီ ညအိပ်စောင့်ဆိုင်း ဝယ်ယူခဲ့ကြပါသည်။
“Samsung က social media တွေမှာရော ဂျာနယ်တွေမှာပါ ကြော်ငြာတာတွေကို တွေ့လည်းတွေ့၊ ဖတ်လည်းဖတ်ရ ပါတယ်။ ကျွန်တော် အရင်ဆုံး specification တွေကို သေချာလေ့လာပြီး ကျွန်တော့်သူငယ်တွေနဲ့လည်း ဆွေးနွေးဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော့်သူငယ်ချင်းနှစ်ယောက်နဲ့ အတူ စီးပွားရေးသမားတွေ အတွက် အလွန်သင့်တော်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့ Note 5 ကိုဝယ်ဖို့ဆုံးဖြတ်လိုက်တာပါ။ ကျွန်တော်တို့အားလုံး ရွှေရောင်ဝယ်မှာပါ” ဟု ရန်ကုန်မှ ဦးဝင်းထွဋ် ကပြောကြားခဲ့ပါသည်။
Samsung မှလည်း ရှေ့ဆက်ပြီး မြန်မာနိုင်ငံသို့ နောက်ဆုံးပေါ် flagship ပစ္စည်းသစ်များကို ထပ်မံယူဆောင်လာဦး မည် ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။