နာမည်ကျော်လူသားတွေအကြောင်းနဲ့ ပတ်သက်တဲ့ အမှန် အမှားများ

nm.jpg

အခုပြောပြတဲ့အချက်အလက်တွေဟာ လူများစုသိထားတဲ့ မှန်သယောင်ယောင်အချက်အလက်တွေဖြစ်ပါတယ်။ သိပြီးသူတွေရှိနိုင်ပေမဲ့လည်း မသိသေးသူတွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ ကဲ…ဘာတွေများကွာခြားနေမလဲ ကြည့်လိုက်ရအောင်ပါ။

မစ်ကီမောက်စ်ကို ဝေါ့လ်ထ် ဒစ္စနေရေးဆွဲခဲ့တယ်

မစ်ကီမောက်စ်ဇာတ်ကောင်ကိုရေးဆွဲသူက ဝေါ့လ်ထ် ဒစ္စနေ (Walt Disney) လို့ပဲ အတော်များများကထင်ကြတာပါ။ ဒါပေမဲ့ သူရေးဆွဲခဲ့တာ မဟုတ်ပါဘူး။ သူတို့ကုမ္ပဏီရဲ့ ပုံဆွဲဆရာ အဘ် လွာခ်စ် (Ub Lewrks) က ရေးဆွဲခဲ့တာဖြစ်ပါတယ်။

နားရွက်ကိုဖြတ်ပစ်ခဲ့တဲ့ ဗင်းဆင့်ဗန်ဂိုး

ဗင်းဆင့်ဗန်ဂိုး (Vincent Van Goh) က သူ့နားရွက်ကိုဖြတ်ခဲ့တယ်ဆိုတာက အများသိထားပြီး ကိစ္စတစ်ခုပါ။ နားရွက်တစ်ခုလုံးကိုမဟုတ်ဘဲ နားရွက်အဖျားလေးကိုပဲ ဖြတ်ခဲ့တယ်ဆိုတာတော့ လူသိနည်းလှပါတယ်။

နပိုလီယန်က လူပု၊ လူဖလံလေးဖြစ်

ပြင်သစ်စစ်ဘုရင် နပိုလီယန် (Napoleon) က အရပ်ပုလွန်းတဲ့သူလို့ သင်ထင်နေတုန်းပဲလား။ တကယ်တမ်းတော့ သူ့ရဲ့ အရပ်အမောင်းက ပုံမှန်ပဲဖြစ်ပြီး ၁.၇ မီတာ (၅ ပေ ၆ လက်မ) ဝန်းကျင်ရှိပါတယ်။

နာမည်ကျော် အီဂျစ်အလှဘုရင်မ ကလီယိုပက်ထရာ

အလှဘုရင်မ ကလီယိုပက်ထရာ (Cleopatra) လို့ဆိုရင် အီဂျစ်ပြည်က အလှဘုရင်မရယ်လို့ မြင်မိကြပါလိမ့်မယ်။ ဒါပေမဲ့ သူက ဂရိမျိုးရိုးကနေ ဆင်းသက်လာသူဖြစ်ပါတယ်။

လျှပ်စစ်မီးသီးကို သောမတ်စ် အက်ဒီဆင်က တီထွင်ခဲ့

လျှပ်စစ်မီးသီးကိုတီထွင်သူက ဘယ်သူလဲလို့မေးခဲ့ရင် သောမတ်စ် အက်ဒီဆင် (Thomas Edison) လို့ မဖြေသင့်ပါဘူး။ ဘာကြောင့်လဲဆိုရင်တော့ သူက လျှပ်စစ်မီးသီး တသမတ်တည်းလင်းနေစေမယ့်နည်းလမ်းကိုသာ တီထွင်ခဲ့သူဖြစ်လို့ပါ။

ငယ်ငယ်က အတန်းထဲမှာ ထုံလွန်းတဲ့ အိုင်းစတိုင်း

ကျောင်းသားဘဝတုန်းက အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein) က စာညံ့တဲ့ကျောင်းသားလေးယောက်လို့ ဖော်ပြကြတာတွေရှိပါတယ်။ ဒါပေမဲ့ သူက ဘာသာရပ်အားလုံးမှာညံ့နေတာမဟုတ်ပါဘူး။ သိပ္ပံဘာသာရပ်မှာတော့ ထူးချွန်လွန်းတဲ့ကျောင်းသားတစ်ဦးဖြစ်ခဲ့ပါတယ်။

ခေါင်းပေါ်ကိုပန်းသီးကြွေကျလို့ မြေဆွဲအားကိုရှာဖွေတွေ့ရှိခဲ့တဲ့ နယူတန်

ဆာ အိုက်ဆက် နယူတန် (Sir Issac Newton) ဟာ သူ့ခေါင်းပေါ်ကိုကြွေကျလာတဲ့ပန်းသီးကြောင့် မြေဆွဲအားကိုရှာဖွေတွေ့ရှိခဲ့တယ်လို့ မှတ်သားထားဖူးပါသလား။ ပန်းသီးကြောင့်တွေ့ရှိခဲ့တာမှန်ပေမဲ့ ပန်းသီးက သူ့ခေါင်းပေါ်ကိုကြွေကျခဲ့တာတော့မဟုတ်ပါဘူး။ သူ့နံဘေးနားက မြေပြင်ပေါ်ကို ကြွေကျခဲ့တာသာဖြစ်ပါတယ်။

Ref: Pinterest
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top