လေယာဉ်နဲ့သွားတဲ့ခရီးအတွက် အဝတ်အစားနဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်အချက်များ

img1-8.jpg

ခရီးသွားတဲ့အခါ လေယာဉ်နဲ့သွားမယ်ဆိုရင် မိမိဝတ်ဆင်တဲ့အဝတ်အစားကလည်း အရေးကြီးပါတယ်။ လေကြောင်းခရီးနဲ့ သင့်တော်တဲ့အဝတ်အစားကို ဝတ်ဆင်တာက ခရီးစဉ်တစ်လျှောက်လုံး သင့်ကို သက်တောင့်သက်သာဖြစ်စေမှာပါ။ လေယာဉ်စီးတဲ့အခါ ထိုင်ရတာက ကျဉ်းကျဉ်းကျုတ်ကျုတ်ဖြစ်၊ အပူချိန်ကလည်း ပြောင်းလဲ၊ အဲဒီလိုတွေကြောင့် အချိန်အကြာကြီးစီးရတဲ့ခရီးစဉ်ဆိုရင် မလွယ်ကူလှပါဘူး။ ဒါကြောင့် လေယာဉ်စီးရတာ သက်တောင့်သက်သာဖြစ်နေဖို့အတွက် ဝတ်ဆင်သင့်တဲ့၊ မဝတ်ဆင်သင့်တဲ့အဝတ်အစားကို ပြောပြပေးချင်ပါတယ်။

သက်တောင့်သက်သာဖြစ်စေတဲ့ရှုးဖိနပ်ကို ဝတ်ဆင်ပါ

ခရီးမသွားခင် သက်တောင့်သက်သာဖြစ်စေတဲ့ရှုးဖိနပ်ကို စမ်းဝတ်ကြည့်ပါ။ လမ်းလျှောက်တာ၊ မတ်တပ်ရပ်တာ၊ ထိုင်ရတာ အဆင်ပြေစေမယ့် ကွင်းထိုးရှုးဖိနပ်၊ Sneakerတို့ကို ဝတ်ဆင်လို့ရပါတယ်။

အပေါ်ထပ်အပါးဝတ်ဆင်ပါ

လေယာဉ်ပေါ်မှာ အပူချိန်ကပြောင်းလဲနေတဲ့အတွက် အပေါ်ထပ်အပါးဝတ်ဆင်က အပူချိန်အတက်အကျဖြစ်တာကို ကျင့်သားရစေဖို့ကူညီပေးပါတယ်။ အပေါ်ထပ်မဝတ်ချင်ရင် ခြုံထည်ပုဝါနဲ့ ခြုံထားလို့ရပါတယ်။ ယူရလွယ်ကူအောင် သင့်မျက်စိရှေ့မှာပဲ ထားပါ။ အရမ်းထူတဲ့ဂျာကင်တွေကို မဝတ်မိပါစေနဲ့။ ဒါက သင့်ကို သက်တောင့်သက်သာမဖြစ်စေပါဘူး။

အသက်ရှုရလွယ်တဲ့ ချည်သားအင်္ကျီ

လေယာဉ်ပေါ်မှာ သက်တောင့်သက်သာဖြစ်စေမယ့် အကောင်းဆုံးနည်းကတော့ ချည်သားအင်္ကျီဝတ်ဆင်တာပါပဲ။ လေဝင်လေထွက်ကောင်းတဲ့အတွက် လေယာဉ်စီးရတာ သက်တောင့်သက်သာဖြစ်စေမှာပါ။

အရမ်းကျပ်တဲ့အဝတ်အစားတွေကို မဝတ်ပါနဲ့

လေယာဉ်စီးတဲ့အခါ တင်းကျပ်တဲ့အဝတ်အစားတွေဝတ်ဆင်မယ်ဆိုရင် သင့်ကို သက်တောင့်သက်သာဖြစ်စေမှာ မဟုတ်ပါဘူး။ လေယာဉ်ပေါ်မှာ အချိန်ကြာကြာထိုင်ရမှာဖြစ်တာကြောင့် သွေးလည်ပတ်မှုကောင်းစေဖို့အတွက် လွတ်လပ်ပေါ့ပါးတဲ့အဝတ်အစားတွေ၊ မျှော့ကြိုးပါတဲ့အဝတ်အစား၊ ခက်ပွပွအဝတ်အစားတို့ကိုဝတ်ဆင်သင့်ပါတယ်။

တိုတဲ့ပြတ်တဲ့အဝတ်အစားတွေကို ရှောင်ပါ

သင်က ကမ်းခြေကို ခရီးထွက်တယ်ဆိုရင်တောင် လေယာဉ်ပေါ်မှာ လုံလုံခြုံခြုံဝတ်ဆင်သင့်ပါတယ်။ စကတ်အတို၊ ဘောင်းဘီအတိုတွေက လေအေးပေးစက်ရဲ့အပူချိန်ကြောင့် အေးသလို ခံစားရစေပါလိမ့်မယ်။

Ref: TOI “What to wear and not wear on an airplane”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top