(၄၉) နှစ်ပြည့်မွေးနေ့မှာ မွန်မြတ်တဲ့အလှူဒါနတွေပြုလုပ်ခဲ့တဲ့ အကယ်ဒမီလူမင်း

lumin.png

ဒီကနေ့ မေလ (၇) ရက်နေ့ကတော့ အကယ်ဒမီလူမင်းရဲ့ (၄၉) နှစ်ပြည့်မြောက်တဲ့ မွေးနေ့ရက်စွဲပဲဖြစ်ပါတယ်။ လူမင်းက သူ့ရဲ့မွေးနေ့မှာ မိသားစုတွေနဲ့အတူဘုရားဖူးရင်း ငါးစာကျွေးတာ၊ ခိုစာကျွေးတာတွေအပါအဝင်ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် မွေးနေ့အမှတ်တရအနေနဲ့ ကိုလူချောအဖွဲ့ဝင် (၆၈) ဦးကို အဝတ်အစားတွေအပြင် ငွေသား (၃၀၀၀၀) ကျပ်စီကိုလည်း ပေးအပ်လှူဒါန်းခဲ့ပါသေးတယ်။

အခုကျရောက်တဲ့ (၄၉) နှစ်ပြည့်မွေးနေ့ကစလို့ နောက်နှစ်များစွာတိုင်အောင် မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ပြီး ကောင်းမှုကုသိုလ်တွေလည်းဆက်လက်ပြုနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပရိသတ်တွေကလည်း လူမင်းအတွက်ဆုတောင်းစကားလေးတွေ ပြောပေးလိုက်ပါဦးနော်…။

Photo – Ko Nay (Nay Min Tun)
Ref: Ayeyarwady Lu Min’s Facebook
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top