လှိုင်သာယာမြို့နယ်မှာ Mask မတပ်ဆင်သူ ၅၀ ဦးကို စတင်အရေးယူ

14-5-2020-yyl-009.jpg

ရန်ကုန် မေ ၁၄

လှိုင်သာယာမြို့နယ်မှာ နှာခေါင်းစည်း(Mask)မတပ်ဆင်တဲ့သူ ကျား ၄၇ ဦး၊ မ ၃ ဦး၊ စုစုပေါင်း ၅၀ ဦးကို စတင်အရေးယူလိုက်ပြီလို့ လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ရိုးရာလေးကို ပြောပါတယ်။

လှိုင်သာယာမြို့နယ်ရဲ့ အဓိကကျတဲ့နေရာတွေဖြစ်တဲ့ ပျံကျဈေး(၁၅)ဈေး၊ မီးခွက်ဈေး၊ BOC လမ်းဆုံ၊ သမကုန်းလမ်းဆုံတွေမှာ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တွေနဲ့ လိုက်လံစစ်ဆေးပြီးတော့ Mask မတပ်ဆင်တဲ့ ၅၀ ဦးကို ပထမဆုံးအနေနဲ့ အရေးယူလိုက်တာ ဖြစ်ပါတယ်။

”ဒီနေ့မှ စလုပ်လိုက်တာ။ ဒီလိုမျိုးလုပ်လိုက်တာဟာ လှိုင်သာယာမြို့နေပြည်သူတွေကို Alarm ပေး လိုက်တဲ့သဘောပါ။ သူတို့ကို မြို့နယ်တရားရုံးကို ပို့ပေးလိုက်ပြီ။ တရားရုံးက ဒဏ်ငွေ ၅၀၀၀ ကျပ် ရိုက်ပြီးလို့ရှိရင် ပြန်လွှတ်ပေးပါလိမ့်မယ်”လို့ ဦးမြတ်မင်းသူက ပြောပါတယ်။
အခုလို အရေးမယူခင် ဈေးတွေနဲ့ ရပ်ကွက်တွေအတွင်းမှာ အသိပညာပေးတာတွေ၊ နှိုးဆော်တိုက်တွန်း တာတွေကို Campaign သဘောမျိုးလုပ်ခဲ့ပေမယ့် လိုက်နာမှုအားနည်းတာကြောင့် အခုလို ဆောင်ရွက်လိုက်ရခြင်း ဖြစ်တယ်လို့လည်း ဦးမြတ်မင်းသူက ဆိုပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းက Mask မဝယ်နိုင်တဲ့သူတွေကို လိုက်လံဖြန့်ဝေပေးနေတဲ့အပြင် ပရဟိတ အသင်းတွေကဦးဆောင်ပြီးတော့လည်း ဈေးနှုန်းသက်သက်သာသာနဲ့ လိုက်လံရောင်းချပေးနေတာတွေလည်း ဆောင်ရွက်ပေးနေတယ်လို့ ဦးမြတ်မင်းသူက ဆိုပါတယ်။

မေ ၁၃ ရက်ကနေစတင်ပြီး နေအိမ်ပြင်ပကို ထွက်ခွာသွားလာတိုင်း ပါးစပ်/နှာခေါင်းစည်း Mask တပ်ဆင် ဖို့နဲ့ လိုက်နာမှုမရှိပါက ကူးစက်ရောဂါများကာကွယ်နှိမ်နှင်းရေးဥပဒေနဲ့အညီ အရေးယူခံရမယ်လို့ မြို့နယ်အဆင့် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအသီးသီးက ထုတ်ပြန်ကြေညာထားပါတယ်။

Photo – Myat Min Thu

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top