ဘီယွန်စေး (Beyonce’) နဲ့ ဂျေးဇီ (Jay Z) တို့ရဲ့ မင်္ဂလာပွဲအကြောင်း လူသိနည်းတဲ့ အချက်အလက်များ

jay.jpg

၂၀၁၈ ဧပြီ ၈ ရက်နေ့တုန်းက ဘီယွန်စေး (Beyonce’) နဲ့ ဂျေးဇီ (Jay Z) တို့ဟာ သူတို့ရဲ့ ဆယ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ပွဲကို ကျင်းပခဲ့ပါတယ်။ ဘလူးအိုင်ဗီ (Blue Ivy) ၊အမွှာနှစ်ယောက်နဲ့ လီမွန်နိတ် (Lemonade) တို့ရဲ့ မိဘတွေဖြစ်ကြတဲ့ ဒီဂီတမောင်နှံဟာ ၂၀၀၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ လက်ထပ်ပွဲ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ဘီယွန်နဲ့ ဂျေးဇီက သူတို့ရဲ့ နှစ်ပတ်လည်ပွဲနဲ့ ပတ်သက်ပြီးတော့ အင်တာဗျူးတွေနဲ့ ဆိုရှယ်မီဒီယာတွေမှာ ဝေမျှထားခဲ့ပေမဲ့ ဒီပွဲအကြောင်း လူသိနည်းတဲ့ အချက် အနည်းငယ်ကို ဖော်ပြပေးချင်ပါတယ်။

၁။ အမှတ်တရတွေ

ထရီဘတ်ကာ (Tribeca) ရဲ့အိမ်နီးချင်းဖြစ်တဲ့ ဂျေးဇီရဲ့ ဇိမ်ခံအိမ်က ၁၃,၅၀၀ စတုရန်းပေအကျယ်ရှိ ခေါင်မိုးပေါ်မှာ ဒီပွဲကို ကျင်းပခဲ့ပါတယ်။

၂။ အကျဉ်းရုံးထားတဲ့ ပွဲ

မိသားစုနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေအပါအဝင် မင်္ဂလာပွဲကို စုစုပေါင်း ဧည့်သည်အယောက် ၄၀ သာ ဖိတ်ခဲ့တာ ဖြစ်ပါတယ်။

၃။ မိခင်ဖန်တီးပေးတဲ့ ဝတ်စုံ

ဘီယွန်ရဲ့အမေ တီနာလောဆွန်း (Tina Lawson)က ဒီလက်ထပ်ပွဲအတွက် ဒီဇိုင်းလုပ်ထားပေမဲ့လည်း ဘီယွန်စေးက ပုခုံးသိုင်းကြိုးမပါတဲ့ ဆင်စွယ်ရောင် မင်္ဂလာဝတ်စုံကို မကြိုက်ပါဘူး။ ၂၀၁၆ က Today show အင်တာဗျူးတစ်ခုမှာ တီနာ (Tina) ဟာ သူမရဲ့အရမ်းကောင်းမွန်တဲ့ ဒီဇိုင်းကို ဝတ်ဆင်ပေးရလို့ သမီးကို အရမ်းလှတယ် လို့တောင် ပြောခဲ့ပါသေးတယ်။ ပြီးတော့ ဘီယွန်စေးကို “ကျွန်မသမီးက လက်ထပ်တဲ့အခါ သူမရဲ့ကိုယ်ပိုင်ဂါဝန်ကို ကျွန်မဝတ်ခွင့်ပြုမှာပါ။ အဲဒီအချိန်မှာ သူမက အရမ်းစိတ်လှုပ်ရှားမနေဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူမက သဘောထားပြည့်တဲ့သူလေးပါ” လို့ ထုတ်ပြောခဲ့ပါတယ်။

၄။ ဖုန်းတွေ သုံးခွင့်မပြုထား

သူတို့ရဲ့မင်္ဂလာဆောင်မှာ “ဆိုရှယ်မီဒီယာကို သတင်းယူခွင့်မပြု” လို့ မပြောကြားခင်ကတတည်းက ဘီယွန်စေးနဲ့ ဂျေဇီတို့က ဧည့်သည်တွေကို လက်ကိုင်ဖုန်းတွေ အိမ်မှာ ထားခဲ့ဖို့ ကြိုတင် အကြောင်းကြားထားခဲ့ပါတယ်။

၅။ ကြည်နူးစရာ ဇာတ်လမ်းတစ်ပုဒ်

ဧည့်သည်တစ်ယောက်က ဒီမင်္ဂလာပွဲဟာ “အရမ်းစိတ်လှုပ်ရှားစရာ ကောင်းသလို အများကြီး ဝမ်းသာမျက်ရည်ကျရပါတယ်။ တကယ်ကို ကြည်နူးစရာကောင်းတဲ့ ပွဲလေးပါ” လို့ ပြောကြားခဲ့ပါတယ်။

၆။ ပန်းစီစဉ်မှု စရိတ် အပိုမကုန်

ဘီယွန်စေးမှာ အဖြူရောင် ဒန်ဒရိုဘီယမ် (dendrobium) သစ်ခွပန်းတွေ ၇၀,၀၀၀ ရှိပါတယ်။ ဒီသစ်ခွပန်းတွေဟာ ထိုင်းမှာ ပွင့်တာဖြစ်ပြီးတော့ သူမအရမ်းကြိုက်တဲ့ပန်းတစ်မျိုးဖြစ်ပါတယ်။

၇။ သီဆိုဖျော်ဖြေမှုတွေမလုပ်ခဲ့

သီချင်းဆိုမဲ့အစား ဘီယွန်စေးနဲ့ဂျေးဇီဟာ သူတို့ရဲ့ဧည့်သည်တွေကို ကပွဲကြမ်းပြင်ပေါ်မှာ (Jackson 5 ) ဂျက်ဆင် ၅နဲ့ ဝတ်နေးဟောစ်တွန် (Witney Houston) တို့ရဲ့ သီချင်းတွေနဲ့အတူ စည်းချက်ညီညီ စီးမျောစေခဲ့ပါတယ်။

၈။ ညလုံးပေါက် ကျင်းပခဲ့

ပွဲရဲ့ ဧည့်ကြိုသတင်းတွေအရ ပွဲကျင်းပချိန်ဟာ နောက်နေ့နံနက် ၅ နာရီအထိ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။

Ref: Popsugar.com

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top