ရုပ်ရှင်အညွှန်း – Suddenly Seventeen

s.png

ဒီတစ်ပတ် စနေ့နေ့မှာ ရိုးရာလေးရဲ့ ပရိသတ်တွေကို ညွှန်းချင်တဲ့ ရုပ်ရှင်ကတော့ Suddenly Seventeen ဆိုတဲ့ တရုတ် ဟာသ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိတဲ့ Liang ဆိုတဲ့ အမျိုးသမီးမှာ Mao ဆိုတဲ့ ချစ်သူတစ်ဦးရှိပါတယ်။ Liang ဟာ ချစ်သူနဲ့ ဆယ်နှစ်ကျော်ကြာ လက်တွဲလာတာဖြစ်လို့ ချစ်သူနဲ့လက်ထပ်ချင်ပေမယ့်လည်း သူမမျှော်လင့်တဲ့ လက်ထပ်ပွဲကျင်းပဖို့က အလှမ်းဝေးနေတုန်းပါပဲ။

Maoဟာ ချစ်သူဖြစ်စဉ်က ဆယ်နှစ်အကြာမှာ လက်ထပ်မယ်လို့ Liang ကို ကတိပေးခဲ့တဲ့အတွက် Liang ဟာ ဘဝရဲ့ ရည်မှန်းချက်တွေ စွန့်လွတ်ပြီးတော့ Mao အနားမှာပဲ ရှိနေခဲ့တာပါ။ ဒီလို နေ့တိုင်း လက်ထပ်ခွင့်တောင်းခံရဖို့ကိုသာ မျှော်လင့်တဲ့ Liang ဟာ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ချောကလက်ကို စားမိပါတော့တယ်။

ချောကလက်ကို စားမိတိုင်း သူမရဲ့စိတ်ဟာ အသက် ၂၈ နှစ်အရွယ်မဟုတ်ဘဲ Mao ကိုမတွေ့ခင် အသက် ၁၇ နှစ်အရွယ် ပြန်ရောက်သွားတာပါပဲ။ သူမရဲ့ ပန်းချီဆွဲတဲ့ ဝါသနာ၊ ထက်မြက်၊ တက်ကြွလန်းဆန်းနေတဲ့ သူမရဲ့ ၁၇ နှစ် အရွယ်စိတ်က သူမကိုယ်တိုင်ကိုတောင် ပြန်အံ့ဩမိစေသွားပါတယ်။ လက်ရှိချစ်သူ Mao အပေါ်မှာ ဘယ်လိုသဘောထားလဲ။ ရည်မှန်းချက် ပျောက်ဆုံးနေတဲ့ သူမရဲ့ဘဝကို ထူးဆန်းတဲ့ချောကလက်တွေက ဘယ်လိုပြောင်းလဲပေးခဲ့သလဲဆိုတာကို ဒီရုပ်ရှင်ထဲမှာ မြင်ရမှာပါ။

ဇာတ်လမ်းထဲမှာ မင်းသမီးချော Ni Ni က Liang အဖြစ်၊ Wallace Huo က Mao အဖြစ် သရုပ်ဆောင်ထားပါတယ်။ IMdb ကလည်း 6.2 Rating ရထားတာမို့ ပိတ်ရက်မှာ အေးအေးဆေးဆေး ကြည့်သင့်တဲ့ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top