မိုးရာသီမှာ ဘယ်လိုအဝတ်အစားကို ရွေးဝတ်ကြမလဲ

272.jpg

မိုးတွင်းမှာ အပြင်ထွက်ရင်ဝတ်ဖို့အဝတ်အစားရွေးရတာက နည်းနည်းတော့ ခေါင်းခြောက်စရာကောင်းပါတယ်။ ခုပြောပြပေးမှာကတော မိုးရာသီနဲ့လိုက်ဖက်တဲ့ အဝတ်အစားပုံစံနဲ အပြင်အဆင်တွေပဲ ဖြစ်ပါတယ်။ ကဲ… ဆက်ကြည့်ရအောင်။

(၁) လေးလံတဲ့ဘောင်းဘီရှည်တွေကို ရှောင်ပါလေးလံတဲ့ ဘောင်းဘီရှည်တွေ၊စကတ်ရှည်တွေက မိုးရာသီမှာတော့ No-No ပါ။ လမ်းမှာ ရေအိုင်တွေ၊ ရွှံဗွက်တွေတွေကြောင့် အောက်နားစတွေ ပေပွညစ်ပတ်ကုန်နိုင်တဲ့အပြင် အလွယ်တကူ မိုးစိုစေနိုင်တယ်။ ဒါ့အပြင် ပြန်ခြောက်ဖို့ဆိုရင်လည်း အချိန်အကြာကြီး စောင့်ရမယ်လေ။ ပြန်ခြောက်လွယ်မယ့် ပေါ့ပေါ့ပါးပါး ဘောင်းဘီတွေကို ရွေးပါ။

(၂) အနွေးထည်တွေ ဝတ်လို့ရပြီအရင်လတွေတုန်းက ပူလွန်းလို့ ကိုင်တောင်မကိုင်နိုင်တဲ့ ဆွယ်တာလိုမျိုးအနွေးထည်တွေ ဝတ်လို့ရပါပြီ။ မိုးအေးအေးမှာ အနွေးထည်တွေ၊ ဂျာကင်တွေနဲ့ ဝတ်ပြီး ဖက်ရှင်ထုတ်ပါ။

(၃) ဖိနပ်တွေကတ္တီပါဖိနပ် နဲ့ ကတ္တီပါလို နူးညံ့တဲ့အသားတွေနဲ့ ပြုလုပ်ထားတဲ့ ဖိနပ်တွေကိုတော့ လုံးဝမဝတ်သင့်တဲ့ အချိန်ပါ။ ဒီရာသီနဲ့ အကိုက်ဆုံးကတော့ ခြေညှပ်ဖိနပ်တွေပါပဲ။ Rain boots တွေနဲ့လည်း ဖက်ရှင်ထုတ်လို့ရပါတယ်။

(၄) အဖြူရောင်ကို ရှောင်ပါ

နွေရာသီနဲ့ဆို လိုက်ဖက်တဲ့ အဖြူရောင်က မိုးရာသီမှာတော့ ဆန့်ကျင်ဖက်ဖြစ်နေပါပြီ။ အဖြူရောင်အဝတ်အစားတွေ ပါးတဲ့အတွက် မိုးစိုရင် အဆင်မပြေနိုင်ပါဘူး။ ဒါ့အပြင် မိုးမိထားတဲ့အဝတ်အစားကို ချက်ချင်းမလျှော်ဖြစ်သေးဘူးဆိုရင် မှိုစွဲတာတွေလည်း ဖြစ်နိုင်ပါသေးတယ်။

(၅) မိတ်ကပ်ရေစိုခံတဲ့ ဖောင်ဒေးရှင်းလိုမျိုးကို ရွေးသင့်ပါတယ်။ ဒီထက်ပိုပြီးအရေးကြီးတာက ရေစိုမခံတဲ့ အိုင်းလိုင်နာ၊ မျက်တောင်ကော့ဆေးတွေကို မသုံးမိဖို့ပါဘဲ။ သုံးရင်တော့ ပန်ဒါမျက်ကွင်းဖြစ်သွားစေနိုင်ပါတယ်။

Team (ရိုးရာေလး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top