ရုပ်ရှင်အညွှန်း – The Mummy

mum.jpg

ဒီတစ်ပတ်မှာ ရိုးရာလေးရဲ့ ပရိသတ်တွေအတွက် ညွှန်းချင်တဲ့ရုပ်ရှင်ကတော့ သိပ်မကြာခင်မှာ ထွက်ရှိလာတော့မယ့် The Mummy ဆိုတဲ့ ရုပ်ရှပ်ဖြစ်ပါတယ်။

ဒီဇာတ်လမ်းမှာ အက်ရှင်အကြမ်းတွေကို အမိုက်စားသရုပ်ဆောင်ထားတဲ့သူကတော့ Tom Cruise ပါပဲ။

အီရတ်နိုင်ငံမှာ ရောက်နေတဲ့ ကြေးစားစစ်သား Nick (Tom Cruise) နဲ့ သူ့အဖွဲ့ဟာ ဓားပြအုပ်စုလက်က ထွက်ပြေးရင် မတော်တဆတွေ့ရှိသွားခဲ့တာကတော့ နှစ်ပေါင်းများစွာအကြာက မြုပ်နှံထားတဲ့ ခေါင်းတလားတစ်လုံးပါပဲ။ ဒီခေါင်းတလားကြီးကို လေယာဉ်နဲ့ သယ်နေတုန်းမှာပဲ ကောင်းကင်မှာ ရုတ်တရတ် တိမ်မဲတွေ ဖုံးလွှမ်လာပြီး ငှက်တွေဝင်တိုက်ခိုက်လို့ လေယာဉ်ပျက်ကျပြီး လေယာဉ်ပေါ်ပါလာတဲ့လူတွေအားလုံး သေဆုံးသွားပါတယ်။

ဒါပေမယ့် သေဆုံးတယ်လို့သတ်မှတ်ထားခဲ့တဲ့ Nick က အသက်ပြန်ဝင်လာခဲ့ပါတယ်။ သူသိလိုက်ရတာက သူသယ်လာမိတဲ့အခေါင်းထဲက ပါလာတဲ့ မံမီက အရင်ခေတ်ကာလက အညိုးအတေးတွေ ကျိန်စာတွေ ရင်ဝယ်ပိုက်ပြီး သေဆုံးသွားခဲ့တဲ့ အီဂျစ်မင်းသမီးတစ်ပါး ဖြစ်နေတာပါပဲ။

ဒါကို Nick သိလိုက်တဲ့ အချိန်မှာတော့ မံမီ မင်းသမီး Ahamnet ဟာ သူ့ရဲ့စွမ်းအားတွေနဲ့ ကမ္ဘာဖျက်ဆီးပစ်ဖို့ ပြန်လည်နိုးထလာနေပါပြီ။ အမှောင်လောကရဲ့ မံမီမင်းသမီးက မှော်စွမ်းအားတွေကို သုံးပြီး ဘယ်လိုဖျက်ဆီးခဲ့လဲ။ Nick ကရော ဘယ်လိုရင်ဆိုင်နိုင်မလဲ ဆိုတဲ့ ထိတ်လန့်ခြောက်ခြားစရာ ဇာတ်ဝင်ခန်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရမှာပါ။

မံမီနေရာမှာ သရုပ်ဆောင်ထားသူကတော့ မင်းသမီးချော Sofia Boutella ပါ။ ဒီဇာတ်လမ်းဟာ IMDb rating 6.4 ရရှိထားနေပါပြီ။

The Mummy ရုပ်ရှင် Trailer ကိုတော့ ဒီလင့်ခ့်မှာကြည့်နိုင်ပါတယ်> https://www.youtube.com/watch?v=IjHgzkQM2Sg

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top