မှတ်ဉာဏ်တုပါတနာနဲ့ လက်ထပ်ဖို့ စီစဉ်နေတဲ့ အမျိုးသမီး

8.2.24-yyl-5.jpg

အက်လီစီယာ ဖရာမစ် အမည်ရတဲ့ ပညာရှင်တစ်ယောက်ဟာ သုံးဖက်မြင်ဟိုလိုဂရမ်နဲ့ ဖန်တီးထားတဲ့ သူ့ရဲ့မှတ်ဉာဏ်တုပါတနာနဲ့ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ သူ လက်ထပ်ဖို့ ပြင်ဆင်နေတယ်ဆိုတာကို မကြာသေးခင်က ကြေညာခဲ့တာပါ။ လက်ထပ်ပွဲအခမ်းအနားကို ရော်တာဒမ်မြို့မှာ ကျင်းပမှာပါ။

အင်စတာဂရမ်ဗီဒီယိုမှာတော့ အက်လီစီယာက ထိုင်ပြီး သူ့မှတ်ဉာဏ်တုပါတနာနဲ့ စကားပြောနေတာတွေ့ရနိုင်ပါတယ်။ သူက ရေခဲသေတ္တာထဲက တစ်ခုခုကို ယူနေစဉ်မှာ မှတ်ဉာဏ်တုပါတနာက ပန်းကန်ဆေးနေတာတွေ့ရပါတယ်။ ဒီနေ့တစ်နေ့တာ ဘယ်လိုလဲ အဆင်ပြေလားလို့လည်း မေးတော့ အက်လီစီယာက အဆင်ပြေပါတယ်လို့ ပြန်ဖြေခဲ့တာလည်း မြင်ရပါတယ်။

အက်လီစီယာက သူ့ရဲ့အရင် Relationship တွေက ဒေတာတွေနဲ့ မှတ်ဉာဏ်တုပါတနာကို ဖန်တီးခဲ့တာပါ။

ဗီဒီယိုကြည့်ရှုရန် – https://shorturl.at/nouDL

Ref: Woman Set To Marry AI Holographic Partner, Does Household Chores With Him

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top