မနက်ခင်း အိပ်ရာနိုးတာနဲ့ လုပ်မိနေတဲ့ အမှားများ

mis-e1551694933685.jpg

မနက်ခင်းတစ်ခုစလာတာနဲ့ ကျွန်တော်တို့တွေ အရင်ဆုံး ဘာတွေလုပ်ဖြစ်လဲဆိုတာကို သတိထားမိကြပါသလား။ ကျွန်တော်တို့တွေ သတိမမူဘဲ လုပ်မိတဲ့အမှားလေးတွေ ရှိပါတယ်။ ဘယ်လိုအမှားတွေ လုပ်မိလဲဆိုတာကို ကြည့်လိုက်ကြပါအုန်းနော်..။

၁။ အိပ်ရာနိုးတာနဲ့ ဖုန်းကို စကိုင်တယ်
မနက်ခင်း မျက်လုံး ဖွင့်လိုက်တာနဲ့ ခေါင်းအုံးအောက် ရောက်နေတဲ့ ဖုန်းကို လိုက်ရှာတယ်။ ပြီးတော့ မျက်နှာမသစ်ပဲ အိပ်ရာထဲမှာပဲ ဖုန်းသုံးနေပါတယ်။ ဒါဟာ တကယ်တော့ အမှားတစ်ခုပါ။

၂။ မျက်နှာ မသစ်ဘဲ ရုပ်ရှင်ကြည့်တယ်
တချို့ကြတော့ အိပ်ရာနိုးပြီ ဆိုတာနဲ့ တီဗီရှေ့ကို ချက်ချင်းရောက်နေပြီး တစ်နာ နှစ်နာရီလောက် ကြာအောင် ရုပ်ရှင် ကြည့်နေတာဟာလည်း မကောင်းပါဘူး။

၃။ အစားစားခြင်း
တချို့က အိပ်ယာနိုးတာနဲ့ မျက်နှာ မသစ်ဘဲ အစားအစာတွေကို နိုက်စားကြတာတွေလည်း ရှိပါတယ်။ တကယ်တော့ မနက်ခင်းမှာ အိပ်ရာနိုးနိုးချင်း မျက်နှာသစ်ပြီးမှသာ ကျန်တာတွေကို ဆက်လုပ်အကောင်းဆုံးပါ။

ကဲ….စာဖတ်ပရိသတ်တွေလည်း မနက်ခင်း အိပ်ရာနိုးတာနဲ့ ဒီလိုအမှားမျိုးတွေ လုပ်မိနေကြပြီလား။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top