အကျိုးရှိသောဝန်ဆောင်မှုများနှင့် ဖျော်ဖြေမှုများပါဝင်သည့် Mytel ၏ ပထမဆုံး Customer Experience Center

yyl099022.jpg

မြန်မာအော်ပရေတာ Mytel ရဲ့ ပထမဦးဆုံး Customer Experience Center ကို စက်တင်ဘာလ (၈) ရက်နေ့က မြန်မာပလာဇာဒုတိယထပ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီ Customer Experience Center မှာ သုံးစွဲသူတွေအတွက် စိတ်တိုင်းကျဝန်ဆောင်မှုတွေရစေဖို့နဲ့ စိတ်အပန်းဖြေနိုင်ဖို့အတွက် VR Experience Zone၊ သတင်းအချက်အလက်စုံစမ်းမေးမြန်းရာနေရာ၊ ဒစ်ဂျစ်တယ်ဆိုင်ရာနေရာ၊ အရောင်းကောင်တာ အစရှိတဲ့နေရာများစွာ ပါဝင်နေပါတယ်။

Mytel ရဲ့ Customer Experience Center ဖွင့်ပွဲမှ ပွဲတက်ရောက်သူတွေအတွက် ပျော်စရာဂိမ်းအစီအစဉ်တွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ထည့်သွင်းကျင်းပခဲ့ပါတယ်။ Mytel Customer Experience Center မှာ အခြား Mytel showroom တွေထက် ဝန်ဆောင်မှုတွေ ပိုများပြားစွာပါဝင်နေပြီး Mytel သုံးစွဲသူတွေအနေနဲ့ Mytel showroom တွေကိုသွားရောက်ရတာနဲ့မတူတဲ့ ခံစားမှုတွေကို ရရှိနိုင်မှာလည်းဖြစ်ပါတယ်။

Customer Experience Center (CEC) ကိုဝင်ရောက်ရာမှာ “Do Services” သို့မဟုတ် “Experience Only” ဆိုတဲ့ ရွေးချယ်မှု နှစ်မျိုးကို ပြုလုပ်နိုင်မှာဖြစ်ကာ“Do Services” ကိုရွေးချယ်ရင် SIM Card တွေ၊ Top-up Card တွေ၊ Handset တွေဝယ်ယူနိုင်တဲ့နေရာကိုရောက်ရှိနိုင်ပြီး SIM Card ပြောင်းလဲခြင်း၊ Package ဝယ်ယူခြင်းနဲ့ အခြားဝန်ဆောင်မှုတွေနဲ့ပတ်သက်တဲ့ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။ “Experience Only” ကိုရွေးချယ်ရင်တော့ Customer Experience Center အတွင်းက ဝန်ဆောင်မှုတွေကို တွေ့ကြုံခံစားနိုင်မှာပါ။ ဒါ့အပြင် Mytel service zone နဲ့ Mytel product zone တွေမှာ စမတ်ဖုန်းဟန်းဆက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ကြည့်ရှုနိုင်မှာဖြစ်ပြီး Mytel Entertainment Zone မှာလည်း VR Virtual Reality နည်းပညာကို စမ်းသပ်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ CEC ရဲ့အထူးခြားဆုံးအချက်က Mytel ကမြန်မာနိုင်ငံကို ပထမဆုံးယူဆောင်လာပေးခဲ့တဲ့ 5G ကွန်ရက်ကို လာရောက်လည်ပတ်သူတွေ စမ်းသပ်အသုံးပြုနိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top